ယာဂင်ကလော့ပ်က လာမယ့်ပွဲတိုင်းကို ကလပ်ရဲ့ အရေးပါဆုံးပွဲလို့ အမြဲတမ်း ထုတ်ဖော် ပြောဆိုလေ့ ရှိသူပါ။ လီဗာပူးရဲ့ လာမယ့်ပွဲကတော့ အားလုံး စောင့်မျှော်နေတဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်လာပါမယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ ချန်ပီယံဟောင်း မန်စီးတီး နှစ်သင်းထဲက တစ်သင်းကပဲ အနိုင်ရမယ်လို့ ခန့်မှန်းထားကြတယ်။ ဒီပွဲရဲ့ အနိုင်အရံှူးက ဘောလုံးရာသီ တစ်ခုလုံးကို အဆုံးအဖြတ်ပေးမှာ မဟုတ်ပေမယ့် အနိုင်ရမယ့် အသင်းက ချန်ပီယံပြေးလမ်းအတွက် စိတ်ဓါတ်ပိုင်း မြင့်တက်သွားဖို့ ရှိနေပါတယ်။

ဒီပွဲမှာတော့ ကလော့ပ်ဟာ ပွဲထွက် လူစာရင်းနဲ့ ပက်သက်လို့ ခေါင်းခဲစရာ ကိစ္စ အနည်းငယ် ရှိလာနိုင်တယ်။

ဘယ်သူတွေကို ပွဲထုတ်စေမှာလဲ?

များပြားတဲ့ ဒဏ်ရာက လီဗာပူးရဲ့ ပွဲထွက်လူစာရင်းကို မတည်ငြိမ်စေခဲ့ပါဘူး။ ရလဒ်တွေကို ရယူနေပေမယ့် ခံစစ်နဲ့ ကွင်းလယ်မှာ အဓိက ကစားသမားတွေ မပါဝင်ထားတဲ့ အခြေအနေတွေဖြစ်တယ်။ ခံစစ်မှာတော့ အယ်လီဆန်၊ ရော်ဘတ်ဆန်၊ ဂိုးမက်စ်နဲ့ ထရန့်တို့က နေရာရဖို့ သေချာပါတယ်။

ကွင်းလယ်မှာ တောက်လျှောက် ခြေစွမ်းပြနေတဲ့ ဟန်ဒါဆန်နဲ့ တိုက်စစ်မှာတော့ မာနေး၊ ဆာလက်တို့ဟာ မန်စီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားတွေအဖြစ် ပါဝင်ခွင့်ရနိုင်သူတွေ ဖြစ်ကြတယ်။

ဘယ်သူတွေက ပါဖို့ မသေချာသေးသလဲ?

ဒီပွဲမှာ တိုက်စစ်သမား ဂျိုတာ ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရဖို့ မသေချာပါဘူး။ ပေါ်တူဂီသားဟာ တိုက်စစ်မှာ ခြေစွမ်းပြနေကာ ရှက်ဖီးနဲ့ပွဲမှာတော့ အတ္တလန်တာနဲ့ပွဲမှာပါ သွင်းဂိုးတွေ ရယူထားသူဖြစ်တယ်။

ဒါပေမယ့်လို့ နည်းစနစ်ပိုင်း အားပြိုင်မှုများမယ့် မန်စီးတီးပွဲမှာ မန်နေဂျာကလော့ပ်က ၄-၃-၃ လူစာရင်းကို ထုတ်သုံးဖွယ်ရှိပြီး တိုက်စစ်ပိုင်းမှာ နည်းစနစ်ပိုင်း ပိုကျေညက်တဲ့ ဖာမင်နိုကို ထုတ်သုံးဖို့ကို ဦးစားပေးနိုင်ပါသေးတယ်။ ဘရာဇီးတိုက်စစ်သမားက ပုံစံကောင်းမှာတော့ ရှိမနေဘူး ဒါပေမယ့်လို့ ကလော့ပ်က အရေးပါတဲ့ ပွဲတိုင်းအတွက် ဖာမင်နိုကို အားကိုးလေ့ရှိပါတယ်။

ကွင်းလယ်လူတွေဖြစ်တဲ့ ကာတစ်ဂျုံး၊ ဝိုက်နယ်ဒမ်တို့ ဒီပွဲမှာ သေချာပေါက် ပါဝင်မယ် မပြောနိုင်သလို ခံစစ်မှာလည်း ရိုင်းစ် ဝီလီယမ် ပါဝင်ဖို့ မသေချာပါဘူး။

ဘယ်သူတွေ အစားဝင်လာနိုင်သလဲ?

အားလုံးက ပွဲထွက်လူစာရင်းမှာ ဂျိုတာနဲ့ ဖာမင်နို တစ်ဦးကို ရွေးချယ်ထည့်မလားဆိုတာကို သိလိုနေကြမှာပါ။ ထိုနည်းတူ ခံစစ်မှာလည်း ဒဏ်ရာက ပြန်သက်သာလာကာ သမ္ဘာရှိတဲ့ မာတစ်ကို ထည့်သွင်းမလားကလည်း စောင့်ကြည့်စရာဖြစ်တယ်။ မာတစ်ဟာ နက်ဖီးလစ်၊ ရိုင်းစ်တို့ထက် အတွေ့အကြုံပိုင်းမှာ သာလွန်ပါတယ်။

ကွင်းလယ်မှာတော့ ကိတ်တာ ဒဏ်ရာက ပြန်သက်သာလာသလို မီလ်နာကိုလည်း ရွေးချယ်စရာရှိတယ်။ ဒါ့အပြင် ဒီပွဲမှာ သီယာဂို ပြန်ကစားနိုင်ဖွယ်လည်း ရှိပါတယ်။ သီယာဂိုဟာ မာဆေးဆိုဒ်ဒါဘီမှာ ဖြတ်ထုတ်မှုခံရခြင်းကြောင့် သီတင်းပတ် အတန်ကြာ အနားယူအပြီး ကြံ့ခိုင်မှု ပြန်ကောင်းလာနေသူဖြစ်တယ်။ သူဟာ မဲဝုဒ်က တစ်ဦးချင်း လေ့ကျင့်ရေးတွေမှာ ပါဝင်ထားပါတယ်။

မာတစ်နဲ့ သီယာဂိုတို့ ပြန်သက်သာလာတာက ဂွာဒီယိုလာရဲ့ မန်စီးတီးကို ရင်ဆိုင်ဖို့ရာ လီဗာပူးအတွက် သတင်းကောင်းဖြစ်ပါတယ်။ နှစ်သင်းလုံးက ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရပြီး မန်စီးတီးက ခံစစ်ကို ပိုအားပြု ကစားလာချိန်မှာ လီဗာပူးက တိုက်စစ်ကို အနည်းငယ် ပိုအားပြု ကစားလာနေတာက ဒီရာသီရဲ့ ထူးခြားမှုလည်း ဖြစ်ပါလိမ့်မယ်။

ZAWGYI

ယာဂင္ကေလာ့ပ္က လာမယ့္ပြဲတိုင္းကို ကလပ္ရဲ႕ အေရးပါဆံုးပြဲလို႔ အျမဲတမ္း ထုတ္ေဖာ္ ေျပာဆိုေလ့ ရွိသူပါ။ လီဗာပူးရဲ႕ လာမယ့္ပြဲကေတာ့ အားလံုး ေစာင့္ေမွ်ာ္ေနတဲ့ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲ ျဖစ္လာပါမယ္။

ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို လက္ရွိ ခ်န္ပီယံ လီဗာပူးနဲ႔ ခ်န္ပီယံေဟာင္း မန္စီးတီး ႏွစ္သင္းထဲက တစ္သင္းကပဲ အႏုိင္ရမယ္လုိ႔ ခန္႔မွန္းထားၾကတယ္။ ဒီပြဲရဲ႕ အႏိုင္အရံွဴးက ေဘာလံုးရာသီ တစ္ခုလံုးကို အဆံုးအျဖတ္ေပးမွာ မဟုတ္ေပမယ့္ အႏုိင္ရမယ့္ အသင္းက ခ်န္ပီယံေျပးလမ္းအတြက္ စိတ္ဓါတ္ပိုင္း ျမင့္တက္သြားဖို႔ ရွိေနပါတယ္။

ဒီပြဲမွာေတာ့ ကေလာ့ပ္ဟာ ပြဲထြက္ လူစာရင္းနဲ႔ ပက္သက္လို႔ ေခါင္းခဲစရာ ကိစၥ အနည္းငယ္ ရွိလာႏုိင္တယ္။

ဘယ္သူေတြကို ပြဲထုတ္ေစမွာလဲ?

မ်ားျပားတဲ့ ဒဏ္ရာက လီဗာပူးရဲ႕ ပြဲထြက္လူစာရင္းကို မတည္ျငိမ္ေစခဲ့ပါဘူး။ ရလဒ္ေတြကို ရယူေနေပမယ့္ ခံစစ္နဲ႔ ကြင္းလယ္မွာ အဓိက ကစားသမားေတြ မပါဝင္ထားတဲ့ အေျခအေနေတြျဖစ္တယ္။ ခံစစ္မွာေတာ့ အယ္လီဆန္၊ ေရာ္ဘတ္ဆန္၊ ဂိုးမက္စ္နဲ႔ ထရန္႔တို႔က ေနရာရဖို႔ ေသခ်ာပါတယ္။

ကြင္းလယ္မွာ ေတာက္ေလွ်ာက္ ေျခစြမ္းျပေနတဲ့ ဟန္ဒါဆန္နဲ႔ တိုက္စစ္မွာေတာ့ မာေနး၊ ဆာလက္တို႔ဟာ မန္စီးတီးနဲ႔ပြဲမွာ ပြဲထြက္ကစားသမားေတြအျဖစ္ ပါဝင္ခြင့္ရႏုိင္သူေတြ ျဖစ္ၾကတယ္။

ဘယ္သူေတြက ပါဖို႔ မေသခ်ာေသးသလဲ?

ဒီပြဲမွာ တိုက္စစ္သမား ဂ်ိဳတာ ပြဲထြက္လူစာရင္းက ပါဝင္ခြင့္ရဖို႔ မေသခ်ာပါဘူး။ ေပၚတူဂီသားဟာ တိုက္စစ္မွာ ေျခစြမ္းျပေနကာ ရွက္ဖီးနဲ႔ပြဲမွာေတာ့ အတၱလန္တာနဲ႔ပြဲမွာပါ သြင္းဂိုးေတြ ရယူထားသူျဖစ္တယ္။

ဒါေပမယ့္လို႔ နည္းစနစ္ပိုင္း အားျပိဳင္မႈမ်ားမယ့္ မန္စီးတီးပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ၄-၃-၃ လူစာရင္းကို ထုတ္သံုးဖြယ္ရွိျပီး တိုက္စစ္ပိုင္းမွာ နည္းစနစ္ပိုင္း ပိုေက်ညက္တဲ့ ဖာမင္ႏိုကို ထုတ္သံုးဖို႔ကို ဦးစားေပးႏုိင္ပါေသးတယ္။ ဘရာဇီးတိုက္စစ္သမားက ပံုစံေကာင္းမွာေတာ့ ရွိမေနဘူး ဒါေပမယ့္လို႔ ကေလာ့ပ္က အေရးပါတဲ့ ပြဲတိုင္းအတြက္ ဖာမင္ႏိုကို အားကိုးေလ့ရွိပါတယ္။

ကြင္းလယ္လူေတြျဖစ္တဲ့ ကာတစ္ဂ်ံဳး၊ ဝိုက္နယ္ဒမ္တို႔ ဒီပြဲမွာ ေသခ်ာေပါက္ ပါဝင္မယ္ မေျပာႏုိင္သလို ခံစစ္မွာလည္း ရိုင္းစ္ ဝီလီယမ္ ပါဝင္ဖို႔ မေသခ်ာပါဘူး။

ဘယ္သူေတြ အစားဝင္လာႏုိင္သလဲ?

အားလံုးက ပြဲထြက္လူစာရင္းမွာ ဂ်ိဳတာနဲ႔ ဖာမင္ႏို တစ္ဦးကို ေရြးခ်ယ္ထည့္မလားဆိုတာကို သိလိုေနၾကမွာပါ။ ထိုနည္းတူ ခံစစ္မွာလည္း ဒဏ္ရာက ျပန္သက္သာလာကာ သမၻာရွိတဲ့ မာတစ္ကို ထည့္သြင္းမလားကလည္း ေစာင့္ၾကည့္စရာျဖစ္တယ္။ မာတစ္ဟာ နက္ဖီးလစ္၊ ရိုင္းစ္တို႔ထက္ အေတြ႔အၾကံဳပိုင္းမွာ သာလြန္ပါတယ္။

ကြင္းလယ္မွာေတာ့ ကိတ္တာ ဒဏ္ရာက ျပန္သက္သာလာသလို မီလ္နာကိုလည္း ေရြးခ်ယ္စရာရွိတယ္။ ဒါ့အျပင္ ဒီပြဲမွာ သီယာဂို ျပန္ကစားႏုိင္ဖြယ္လည္း ရွိပါတယ္။ သီယာဂိုဟာ မာေဆးဆိုဒ္ဒါဘီမွာ ျဖတ္ထုတ္မႈခံရျခင္းေၾကာင့္ သီတင္းပတ္ အတန္ၾကာ အနားယူအျပီး ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနသူျဖစ္တယ္။ သူဟာ မဲဝုဒ္က တစ္ဦးခ်င္း ေလ့က်င့္ေရးေတြမွာ ပါဝင္ထားပါတယ္။

မာတစ္နဲ႔ သီယာဂိုတို႔ ျပန္သက္သာလာတာက ဂြာဒီယိုလာရဲ႕ မန္စီးတီးကို ရင္ဆိုင္ဖို႔ရာ လီဗာပူးအတြက္ သတင္းေကာင္းျဖစ္ပါတယ္။ ႏွစ္သင္းလံုးက ဒီရာသီမွာ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ေနရျပီး မန္စီးတီးက ခံစစ္ကို ပိုအားျပဳ ကစားလာခ်ိန္မွာ လီဗာပူးက တိုက္စစ္ကို အနည္းငယ္ ပိုအားျပဳ ကစားလာေနတာက ဒီရာသီရဲ႕ ထူးျခားမႈလည္း ျဖစ္ပါလိမ့္မယ္။