၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ ချန်ပီယံအောင်မြင်မှု သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ documentary အပိုင်းရှည်ကို ဒီလအကုန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

‘Altitude, The End of the Storm’ လို့ အမည်ပေးထားတဲ့ အဆိုပါ ဗီဒီယိုဟာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ကလပ်ဖြစ်တဲ့ လီဗာပူးအသင်း နှစ်ပေါင်း ၃၀ ကြာ စောင့်ခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုကို တစ်ကျော့ပြန် အနိုင်ယူခဲ့မှုတွေကို တကမ္ဘာလုံးမှာရှိတဲ့ အသင်းရဲ့ ပရိသတ်တွေအတွက် မှတ်တမ်းတစ်ခုအဖြစ် ရိုက်ကူးဖော်ပြခြင်းဖြစ်တယ်။

ဂန္တဝင်မန်နေဂျာကြီးတွေအပြင် ဆာကင်နီ ဒဲလ်ဂလစ်နဲ့ လက်ရှိ မန်နေဂျာယာဂင်ကလော့ပ်အထိ လက်ဆင့်ကမ်းလာမှုတွေ၊ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်၊ ဆာဒီယိုမာနေး၊ ရော်ဘတ်တို ဖာမင်နို၊ ဗာဂျယ် ဗန်ဒိုက်၊ အယ်လီဆန် ဘက်ကာတို့ရဲ့ ပရိသတ်တွေနဲ့အတူ လျှောက်လမ်းခဲ့တဲ့ ခရီးကြမ်းအတွက် အင်တာဗျူးတွေလည်း ပါဝင်ပါမယ်။

ဒီမှတ်တမ်း ရုပ်ရှင်ကိုတော့ Emmy ဆု ဆန်ကာတင်စာရင်းဝင် James Erskine က ရိုက်ကူးခြင်းဖြစ်ကာ အသင်းလိုက် စိတ်ဓါတ်၊ နည်းစနစ်ပိုင်း ပါဝင်မှုတွေအပြင် အဓိကအားဖြင့် ယုံကြည်ချက်တွေရဲ့ အောင်ပွဲအတွက် အောင်ပွဲခံ အထိမ်းအမှတ်လည်း ဖြစ်လာပါမယ်။

ရုပ်ရှင်ရဲ့ ဒါရိုက်တာက“ Altitude, The End of the Storm ဟာ နှစ်ပေါင်း ၃၀ တိုင်အောင် ကြိုးစားခဲ့တဲ့ ရည်ရွယ်ကြီးမှု ဇာတ်လမ်းကို မှတ်တမ်းရုပ်ရှင်အဖြစ် မြင်ရမှာဖြစ်တယ်။

ဒီရုပ်ရှင်ဟာ အားကစားပိုင်းမှာ ထူးချွန်တဲ့ အောင်မြင်မှုအကြောင်းကို ရိုးရှင်းစွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်း မဟုတ်ပါဘူး။ စိတ်ခံစားမှုတွေ၊ အဖွဲ့အစည်းတွေ၊ ယုံကြည်မှုတွေရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီကနေ့ အချိန်အခါမှာ အားလုံး မြင်တွေ့ဖို့ လိုကိုလိုအပ်တဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ” လို့ ပြောခဲ့တယ်။

မော်ဒန်ခေတ် လီဗာပူးအသင်းရဲ့ အအောင်မြင်ဆုံး ဘောလုံးရာသီတွေထဲက တစ်ခုကို မြင်ရမယ့် အဆိုပါ ဗီဒီယိုကိုတော့ အွန်လိုင်း ဒစ်ဂျစ်တယ်ဖြင့်တင် မကဘဲ၊ DVD, Blu-ray ခွေတွေနဲ့ပါ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ လီဗာပူးရဲ့ ကမ္ဘာကျော် တေးသွားဖြစ်တဲ့ You’ll Never Walk Alone သီချင်းကို လီဗာပူးအမာခံ ပရိသတ်ဖြစ်တဲ့ နာမည်ကျော် ဗြိတိန်အဆိုတော် Lana Del Rey က ပါဝင်သီဆိုပေးထားပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံေအာင္ျမင္မႈ သမိုင္းေၾကာင္းကို ရိုက္ကူးထားတဲ့ documentary အပိုင္းရွည္ကို ဒီလအကုန္မွာ ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

‘Altitude, The End of the Storm’ လို႔ အမည္ေပးထားတဲ့ အဆိုပါ ဗီဒီယိုဟာ အဂၤလန္ရဲ႕ အေအာင္ျမင္ဆံုး ကလပ္ျဖစ္တဲ့ လီဗာပူးအသင္း ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ခဲ့ရတဲ့ အမွတ္ေပးခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ အႏုိင္ယူခဲ့မႈေတြကို တကမၻာလံုးမွာရွိတဲ့ အသင္းရဲ႕ ပရိသတ္ေတြအတြက္ မွတ္တမ္းတစ္ခုအျဖစ္ ရိုက္ကူးေဖာ္ျပျခင္းျဖစ္တယ္။

ဂႏၱဝင္မန္ေနဂ်ာၾကီးေတြအျပင္ ဆာကင္နီ ဒဲလ္ဂလစ္နဲ႔ လက္ရွိ မန္ေနဂ်ာယာဂင္ကေလာ့ပ္အထိ လက္ဆင့္ကမ္းလာမႈေတြ၊ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆန္၊ ဆာဒီယိုမာေနး၊ ေရာ္ဘတ္တို ဖာမင္ႏို၊ ဗာဂ်ယ္ ဗန္ဒိုက္၊ အယ္လီဆန္ ဘက္ကာတို႔ရဲ႕ ပရိသတ္ေတြနဲ႔အတူ ေလွ်ာက္လမ္းခဲ့တဲ့ ခရီးၾကမ္းအတြက္ အင္တာဗ်ဴးေတြလည္း ပါဝင္ပါမယ္။

ဒီမွတ္တမ္း ရုပ္ရွင္ကိုေတာ့ Emmy ဆု ဆန္ကာတင္စာရင္းဝင္ James Erskine က ရိုက္ကူးျခင္းျဖစ္ကာ အသင္းလိုက္ စိတ္ဓါတ္၊ နည္းစနစ္ပိုင္း ပါဝင္မႈေတြအျပင္ အဓိကအားျဖင့္ ယံုၾကည္ခ်က္ေတြရဲ႕ ေအာင္ပြဲအတြက္ ေအာင္ပြဲခံ အထိမ္းအမွတ္လည္း ျဖစ္လာပါမယ္။

ရုပ္ရွင္ရဲ႕ ဒါရိုက္တာက“ Altitude, The End of the Storm ဟာ ႏွစ္ေပါင္း ၃၀ တိုင္ေအာင္ ၾကိဳးစားခဲ့တဲ့ ရည္ရြယ္ၾကီးမႈ ဇာတ္လမ္းကို မွတ္တမ္းရုပ္ရွင္အျဖစ္ ျမင္ရမွာျဖစ္တယ္။

ဒီရုပ္ရွင္ဟာ အားကစားပိုင္းမွာ ထူးခၽြန္တဲ့ ေအာင္ျမင္မႈအေၾကာင္းကို ရိုးရွင္းစြာ ရိုက္ကူးထားတဲ့ ဇာတ္လမ္း မဟုတ္ပါဘူး။ စိတ္ခံစားမႈေတြ၊ အဖြဲ႔အစည္းေတြ၊ ယံုၾကည္မႈေတြရဲ႕ ဇာတ္လမ္းျဖစ္ပါတယ္။ ဒီကေန႔ အခ်ိန္အခါမွာ အားလံုး ျမင္ေတြ႔ဖို႔ လိုကိုလိုအပ္တဲ့ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။ ” လို႔ ေျပာခဲ့တယ္။

ေမာ္ဒန္ေခတ္ လီဗာပူးအသင္းရဲ႕ အေအာင္ျမင္ဆံုး ေဘာလံုးရာသီေတြထဲက တစ္ခုကို ျမင္ရမယ့္ အဆိုပါ ဗီဒီယိုကိုေတာ့ အြန္လိုင္း ဒစ္ဂ်စ္တယ္ျဖင့္တင္ မကဘဲ၊ DVD, Blu-ray ေခြေတြနဲ႔ပါ ႏိုဝင္ဘာလ ၃၀ ရက္ေန႔မွာ ျဖန္႔ခ်ီမွာ ျဖစ္ပါတယ္။

ဒီရုပ္ရွင္ထဲမွာေတာ့ လီဗာပူးရဲ႕ ကမၻာေက်ာ္ ေတးသြားျဖစ္တဲ့ You’ll Never Walk Alone သီခ်င္းကို လီဗာပူးအမာခံ ပရိသတ္ျဖစ္တဲ့ နာမည္ေက်ာ္ ျဗိတိန္အဆိုေတာ္ Lana Del Rey က ပါဝင္သီဆိုေပးထားပါတယ္။