ဒီရာသီမှာ လက်မောင်းစပွန်ဆာ Western Union နဲ့ လက်တွဲဖြုတ်ထားတဲ့ လီဗာပူးဟာ ရာသီကြိုမှာနဲ့ ရာသီစမှာတော့ လက်မောင်းစပွန်ဆာ မပါဘဲ ဘောလုံးရာသီသစ်ကို စတင်လာခဲ့တာဖြစ်တယ်။

သို့သော် မာဆေးဆိုဒ် ဒါဘီမှာတော့ Expedia ကို စပွန်ဆာသစ်ကို စတင် မိတ်ဆက်ခဲ့ပြီး အဆိုပါ ကုမ္ပဏီက ကမ္ဘာအကြီးဆုံး ခရီးသွားပလက်ဖောင်း ကုမ္ပဏီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ လီဗာပူးရဲ့ ဂျာစီတွေမှာ Expedia ကို တပ်ဆင် အသုံးပြုနေခဲ့ပြီဖြစ်တယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ Western Union နဲ့ စာချုပ်မှာတော့ တစ်နှစ်ကို ပေါင် ၅.၅ သန်းကနေ ပေါင် ၈ သန်းထိ အကျိုးအမြတ် ရရှိခဲ့တယ်။ ဒါပေမယ့် အဆိုပါ တန်ကြေးဟာ ကြီး ၆ ကြီးထဲမှာ အနိမ့်ဆုံး စပွန်ဆာတန်ကြေးဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကုန်အပြီးမှာ လီဗာပူးက အဆင်ပြေမယ့် စပွန်ဆာသစ်ကို စိတ်ရှည်စွာ ရှာဖွေနေခဲ့တာပါ။

ဒီရာသီမှာ အသစ်ရလာတဲ့ Expedia က ပေါင် ၉-၁၀ သန်း ဝန်းကျင် တန်ကြေးရှိမှာဖြစ်တယ်။ စာချုပ်ကတော့ ၃ နှစ်ဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အကုန်မှာ စာချုပ်ကုန်မှာဖြစ်ပါတယ်။ ဒီလက်တွဲမှုဟာ အခြားသော ထိပ်သီးအသင်းတွေရဲ့ လက်မောင်း စပွန်ဆာ တန်ကြေးနီးပါး လီဗာပူးကို အကျိုးအမြတ် ရစေခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင့် ဒီရာသီမှာ လီဗာပူးဟာ စပွန်ဆာ အတော်များများနဲ့ လက်တွဲဖြုတ်ခဲ့ရပါတယ်။ သို့ပေမယ့် လက်မောင်းစပွန်ဆာ အသစ်ကို ရခဲ့တာကြောင့် လီဗာပူးရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းမှုက ဆက်လုပ်နိုင်နေဆဲ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လက္ေမာင္းစပြန္ဆာ Western Union နဲ႔ လက္တြဲျဖဳတ္ထားတဲ့ လီဗာပူးဟာ ရာသီၾကိဳမွာနဲ႔ ရာသီစမွာေတာ့ လက္ေမာင္းစပြန္ဆာ မပါဘဲ ေဘာလံုးရာသီသစ္ကို စတင္လာခဲ့တာျဖစ္တယ္။

သို႔ေသာ္ မာေဆးဆိုဒ္ ဒါဘီမွာေတာ့ Expedia ကို စပြန္ဆာသစ္ကို စတင္ မိတ္ဆက္ခဲ့ျပီး အဆိုပါ ကုမၸဏီက ကမၻာအၾကီးဆံုး ခရီးသြားပလက္ေဖာင္း ကုမၸဏီေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။ ဒီေနာက္ပိုင္း ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာေတာ့ လီဗာပူးရဲ႕ ဂ်ာစီေတြမွာ Expedia ကို တပ္ဆင္ အသံုးျပဳေနခဲ့ျပီျဖစ္တယ္။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ Western Union နဲ႔ စာခ်ဳပ္မွာေတာ့ တစ္ႏွစ္ကို ေပါင္ ၅.၅ သန္းကေန ေပါင္ ၈ သန္းထိ အက်ိဳးအျမတ္ ရရွိခဲ့တယ္။ ဒါေပမယ့္ အဆိုပါ တန္ေၾကးဟာ ၾကီး ၆ ၾကီးထဲမွာ အနိမ့္ဆံုး စပြန္ဆာတန္ေၾကးျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္း ကုန္အျပီးမွာ လီဗာပူးက အဆင္ေျပမယ့္ စပြန္ဆာသစ္ကို စိတ္ရွည္စြာ ရွာေဖြေနခဲ့တာပါ။

ဒီရာသီမွာ အသစ္ရလာတဲ့ Expedia က ေပါင္ ၉-၁၀ သန္း ဝန္းက်င္ တန္ေၾကးရွိမွာျဖစ္တယ္။ စာခ်ဳပ္ကေတာ့ ၃ ႏွစ္ျဖစ္ကာ ၂၀၂၂-၂၀၂၃ ေဘာလံုးရာသီ အကုန္မွာ စာခ်ဳပ္ကုန္မွာျဖစ္ပါတယ္။ ဒီလက္တြဲမႈဟာ အျခားေသာ ထိပ္သီးအသင္းေတြရဲ႕ လက္ေမာင္း စပြန္ဆာ တန္ေၾကးနီးပါး လီဗာပူးကို အက်ိဳးအျမတ္ ရေစခဲ့ပါတယ္။

ကမၻာလံုးဆိုင္ရာ ကပ္ေဘးေၾကာင့္ ဒီရာသီမွာ လီဗာပူးဟာ စပြန္ဆာ အေတာ္မ်ားမ်ားနဲ႔ လက္တြဲျဖဳတ္ခဲ့ရပါတယ္။ သို႔ေပမယ့္ လက္ေမာင္းစပြန္ဆာ အသစ္ကို ရခဲ့တာေၾကာင့္ လီဗာပူးရဲ႕ စီးပြားေရးဆိုင္ရာ ပူးေပါင္းမႈက ဆက္လုပ္ႏုိင္ေနဆဲ အေျခအေနလို႔ ဆိုရမွာျဖစ္ပါတယ္။