အီတလီသတင်းတွေမှာတော့ လီဗာပူး တိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ ဂျိုတာတို့ကို ကမ္ဘာဂြိုလ်မဟုတ်တဲ့ အခြားသော ဂြိုလ်တွေကလာသူတွေလို့ ချီးကျူးခဲ့ကြပါတယ်။

ချန်ပီယံလိဂ်မှာ စီးရီးအေရပ်ဝန်းအတွင်း ခြေစွာလွန်းလှတဲ့ အတ္တလန်တာကို လီဗာပူးအသင်းက ၅-၀ နဲ့ အနိုင်ယူပြခဲ့တာပါ။ အီတလီသတင်းစာတွေကတော့ ယာဂင်ကလော့ပ်ဟာ ဂတ်စပီရီနီကို အရှက်ရစေခဲ့သလို လီဗာပူးအသင်းက အတ္တလန်တာအသင်းကို ဘောလုံးဆိုင်ရာ သင်ခန်းစာတွေ ပို့ချခဲ့တာပါလို့ ဖော်ကျူးခဲ့ကြတယ်။

ဒါ့အပြင် လီဗာပူးအသင်းရဲ့ ကစားဟန်နဲ့ ပက်သက်လို့လည်း ဖန်တီးမှုပိုင်း ထူးချွန်လှတဲ့ တိုက်စစ်ပိုင်း၊ ဖိအားပေးကစားမှုပိုင်းနဲ့ ကွင်းအတွင်း စွမ်းဆောင်ပြမှုပိုင်းနဲ့ ဘောလုံးနဲ့အတူ လုပ်ပြနိုင်စွမ်းတွေမှာလည်း အံ့မခန်းအောင်ကို သာလွန်ကောင်းမွန်ပါတယ်လို့ ညွှန်းဆိုခဲ့ကြတယ်။

အုပ်စုတွင်း ဒုတိယနေရာက အသင်းကို ၅ မှတ်ထိ ဖြတ်ထားနိုင်ခဲ့လို့ လီဗာပူးအသင်းဟာ အုပ်စုပွဲ ၃ ပွဲ ကစားအပြီးမှာပဲ ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပွဲမစခင်တည်းက အတ္တလန်တာ ပရိသတ်တွေရဲ့ နွေးထွေးစွာ ကြိုဆိုခြင်းကိုလည်း ခံခဲ့ရတာပါ။ ကိုဗစ်ကြောင့် အားကစားကွင်းတွေမှာကော လေ့ကျင့်ရေးမှာပါ ဘောလုံးပရိသတ်တွေ လာရောက်ခွင့် မရှိပေမယ့် အတ္တလန်တာ ပရိသတ်တွေက “ ကြိုဆိုပါတယ် အနီရောင်တို့၊ မင်းတို့ကို ဒီနေရာကနေ ဧည့်ခံရတာက ဂုဏ်ယူစရာပါ ” ဆိုတဲ့ စာတန်းကို ကွင်းပြင်ပမှာ လာချိန်သွားပြီး လီဗာပူးကို ကြိုဆိုခဲ့တာဖြစ်တယ်။

လီဗာပူးပရိသတ်တွေ အနေနဲ့လည်း နောက်လ အန်ဖီးကို အတ္တလန်တာအသင်း ရောက်လာခဲ့ရင်တော့ ကြိုဆိုမှုကောင်းတွေ ပြန်လုပ်ပေးဖို့ အကြွေးတင်နေတော့မှာ ဖြစ်ပါတယ်။

ZAWGYI

အီတလီသတင္းေတြမွာေတာ့ လီဗာပူး တိုက္စစ္သမားေတြျဖစ္တဲ့ မာေနး၊ ဆာလက္၊ ဂ်ိဳတာတို႔ကို ကမၻာျဂိဳလ္မဟုတ္တဲ့ အျခားေသာ ျဂိဳလ္ေတြကလာသူေတြလို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ခ်န္ပီယံလိဂ္မွာ စီးရီးေအရပ္ဝန္းအတြင္း ေျခစြာလြန္းလွတဲ့ အတၱလန္တာကို လီဗာပူးအသင္းက ၅-၀ နဲ႔ အႏုိင္ယူျပခဲ့တာပါ။ အီတလီသတင္းစာေတြကေတာ့ ယာဂင္ကေလာ့ပ္ဟာ ဂတ္စပီရီနီကို အရွက္ရေစခဲ့သလို လီဗာပူးအသင္းက အတၱလန္တာအသင္းကို ေဘာလံုးဆိုင္ရာ သင္ခန္းစာေတြ ပို႔ခ်ခဲ့တာပါလို႔ ေဖာ္က်ဴးခဲ့ၾကတယ္။

ဒါ့အျပင္ လီဗာပူးအသင္းရဲ႕ ကစားဟန္နဲ႔ ပက္သက္လို႔လည္း ဖန္တီးမႈပိုင္း ထူးခၽြန္လွတဲ့ တိုက္စစ္ပိုင္း၊ ဖိအားေပးကစားမႈပိုင္းနဲ႔ ကြင္းအတြင္း စြမ္းေဆာင္ျပမႈပိုင္းနဲ႔ ေဘာလံုးနဲ႔အတူ လုပ္ျပႏုိင္စြမ္းေတြမွာလည္း အံ့မခန္းေအာင္ကို သာလြန္ေကာင္းမြန္ပါတယ္လို႔ ညႊန္းဆိုခဲ့ၾကတယ္။

အုပ္စုတြင္း ဒုတိယေနရာက အသင္းကို ၅ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့လို႔ လီဗာပူးအသင္းဟာ အုပ္စုပြဲ ၃ ပြဲ ကစားအျပီးမွာပဲ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ အေျခအေန ေကာင္းသြားခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ပြဲမစခင္တည္းက အတၱလန္တာ ပရိသတ္ေတြရဲ႕ ေႏြးေထြးစြာ ၾကိဳဆိုျခင္းကိုလည္း ခံခဲ့ရတာပါ။ ကိုဗစ္ေၾကာင့္ အားကစားကြင္းေတြမွာေကာ ေလ့က်င့္ေရးမွာပါ ေဘာလံုးပရိသတ္ေတြ လာေရာက္ခြင့္ မရွိေပမယ့္ အတၱလန္တာ ပရိသတ္ေတြက “ ၾကိဳဆိုပါတယ္ အနီေရာင္တို႔၊ မင္းတို႔ကို ဒီေနရာကေန ဧည့္ခံရတာက ဂုဏ္ယူစရာပါ ” ဆိုတဲ့ စာတန္းကို ကြင္းျပင္ပမွာ လာခ်ိန္သြားျပီး လီဗာပူးကို ၾကိဳဆိုခဲ့တာျဖစ္တယ္။

လီဗာပူးပရိသတ္ေတြ အေနနဲ႔လည္း ေနာက္လ အန္ဖီးကို အတၱလန္တာအသင္း ေရာက္လာခဲ့ရင္ေတာ့ ၾကိဳဆိုမႈေကာင္းေတြ ျပန္လုပ္ေပးဖို႔ အေၾကြးတင္ေနေတာ့မွာ ျဖစ္ပါတယ္။