လီဗာပူးအသင်းဟာ ရှော်ကေးအသင်းမှ ခံစစ်သမား အိုဇန် ဂါဘက်ကို စောင့်ကြည့်နေတယ်ဆိုတာက သတင်းထူးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးက စောင့်ကြည့်နေတဲ့ ရှော်ကေး ခံစစ်သမားက ဂါဘက် တစ်ဦးတည်း မဟုတ်ဘဲ အသင်းဖော် မာလစ် သီအော်လည်း ပါနေပါတယ်။

ဂါဘက်ဟာ ဝါဒါဘရီမင် ဘယ်အစွန်လူကို အားကစားမဆန်တဲ့ အပြုအမှုအဖြစ် တံတွေးထွေးခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ ဘွန်ဒက်လီဂါမှာ ၅ ပွဲပယ်ခံထားရတာပါ။ လက်ရှိ အချိန်ထိ ၄ ပွဲ ပွဲပယ်ထားပြီဖြစ်ကာ ပြန်ကစားနိုင်ဖို့ ၁ ပွဲပဲ ကျန်တော့တာဖြစ်တယ်။ ဒီအချက်က သူ့ကို လီဗာပူးအသင်း ခေါ်ယူဖို့ အဓိက သံသယရှိစရာ ကိစ္စ ဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ စည်းကမ်းပိုင်း တင်းကြပ်သူဖြစ်ပြီး သူခေါ်ယူတဲ့ ကစားသမားတိုင်းဟာ အပြုအမှုပိုင်းမှာ အမဲစက်ကင်းသူတွေ ဖြစ်ကြပါတယ်။ ဂါဘက်ဖြစ်ရပ်မှာ တီဗီကင်မရာ ရှုထောင့်ကြောင့် ပြိုင်ဘက် အသင်းသားကို တံတွေးထွေးသလို ဖြစ်ခဲ့ခြင်းလို့ ကစားသမားက တုန့်ပြန်ထားပါတယ်။

ဂါဘက်ရဲ့ စာချုပ်ပါ တန်ကြေးက ယူရို ၄၅ သန်း ဖြစ်ပေမယ့် ဇန်နဝါရီမှာ တကယ် ကြိုးစားမယ်ဆိုရင် ယူရို သန်း ၂၀ ဝန်းကျင်နဲ့ ရနိုင်မယ်လို့ ဂျာမနီဘက်က သတင်းတွေက ဖော်ပြထားကြတယ်။ သို့ပေမယ့် အချို့သော သတင်းတွေမှာတော့ နွေတုန်းကပဲ အေစီမီလန်က ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့သေးပြီး ရှော်ကေးက ပယ်ချခံတယ်လို့လည်း ဆိုထားပါတယ်။

ဂါဘက်အပြင် သူ့ရဲ့ အသင်းဖော် ၁၉ နှစ်သား ခံစစ်သမား မာလစ် သီအော်ကိုလည်း လီဗာပူးက စောင့်ကြည့်မှု လုပ်ထားပါတယ်။ သီအော်ကို မနှစ်ကနေ စတင်ပြီး လူစားဝင် ကစားသမားအဖြစ် မိတ်ဆက်ခဲ့ကာ ဒီရာသီမှာ ပွဲကစားချိန်တွေ ပိုပေးနေခဲ့ပေမယ့် အဓိက ခံစစ်သမားအဖြစ် ဆက်သုံးမလားက စောင့်ကြည့်ရဦးမှာပါ။

လီဗာပူးအသင်းဟာ ခံစစ်ပိုင်း အင်အားဖြည့်ဖို့ အလောတကြီး လုပ်မှာ မဟုတ်ဘဲ မှန်ကန်တဲ့ ကစားသမားကို အချိန်ပေးရှာဖွေဖို့ စီစဉ်ထားခဲ့တယ်။ သို့ပေမယ့် ဗန်ဒိုက် ဒဏ်ရာရခဲ့တာကြောင့် ဇန်နဝါရီမှာ အနည်းဆုံး ခံစစ်သမား တစ်ဦးကိုတော့ ခေါ်ယူမယ် မျှော်လင့်ရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေရွာ္ေကးအသင္းမွ ခံစစ္သမား အိုဇန္ ဂါဘက္ကို ေစာင့္ၾကည့္ေနတယ္ဆိုတာက သတင္းထူးေတာ့ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လို႔ လီဗာပူးက ေစာင့္ၾကည့္ေနတဲ့ ေရွာ္ေကး ခံစစ္သမားက ဂါဘက္ တစ္ဦးတည္း မဟုတ္ဘဲ အသင္းေဖာ္ မာလစ္ သီေအာ္လည္း ပါေနပါတယ္။

ဂါဘက္ဟာ ဝါဒါဘရီမင္ ဘယ္အစြန္လူကို အားကစားမဆန္တဲ့ အျပဳအမႈအျဖစ္ တံေတြးေထြးခဲ့တယ္ဆိုတဲ့ ျပစ္မႈနဲ႔ ဘြန္ဒက္လီဂါမွာ ၅ ပြဲပယ္ခံထားရတာပါ။ လက္ရွိ အခ်ိန္ထိ ၄ ပြဲ ပြဲပယ္ထားျပီျဖစ္ကာ ျပန္ကစားႏုိင္ဖို႔ ၁ ပြဲပဲ က်န္ေတာ့တာျဖစ္တယ္။ ဒီအခ်က္က သူ႔ကို လီဗာပူးအသင္း ေခၚယူဖို႔ အဓိက သံသယရွိစရာ ကိစၥ ျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ စည္းကမ္းပိုင္း တင္းၾကပ္သူျဖစ္ျပီး သူေခၚယူတဲ့ ကစားသမားတိုင္းဟာ အျပဳအမႈပိုင္းမွာ အမဲစက္ကင္းသူေတြ ျဖစ္ၾကပါတယ္။ ဂါဘက္ျဖစ္ရပ္မွာ တီဗီကင္မရာ ရႈေထာင့္ေၾကာင့္ ျပိဳင္ဘက္ အသင္းသားကို တံေတြးေထြးသလို ျဖစ္ခဲ့ျခင္းလို႔ ကစားသမားက တုန္႔ျပန္ထားပါတယ္။

ဂါဘက္ရဲ႕ စာခ်ဳပ္ပါ တန္ေၾကးက ယူရို ၄၅ သန္း ျဖစ္ေပမယ့္ ဇန္နဝါရီမွာ တကယ္ ၾကိဳးစားမယ္ဆိုရင္ ယူရို သန္း ၂၀ ဝန္းက်င္နဲ႔ ရႏုိင္မယ္လို႔ ဂ်ာမနီဘက္က သတင္းေတြက ေဖာ္ျပထားၾကတယ္။ သို႔ေပမယ့္ အခ်ိဳ႔ေသာ သတင္းေတြမွာေတာ့ ေႏြတုန္းကပဲ ေအစီမီလန္က ယူရို သန္း ၂၀ နဲ႔ ကမ္းလွမ္းခဲ့ေသးျပီး ေရွာ္ေကးက ပယ္ခ်ခံတယ္လို႔လည္း ဆိုထားပါတယ္။

ဂါဘက္အျပင္ သူ႔ရဲ႕ အသင္းေဖာ္ ၁၉ ႏွစ္သား ခံစစ္သမား မာလစ္ သီေအာ္ကိုလည္း လီဗာပူးက ေစာင့္ၾကည့္မႈ လုပ္ထားပါတယ္။ သီေအာ္ကို မႏွစ္ကေန စတင္ျပီး လူစားဝင္ ကစားသမားအျဖစ္ မိတ္ဆက္ခဲ့ကာ ဒီရာသီမွာ ပြဲကစားခ်ိန္ေတြ ပိုေပးေနခဲ့ေပမယ့္ အဓိက ခံစစ္သမားအျဖစ္ ဆက္သံုးမလားက ေစာင့္ၾကည့္ရဦးမွာပါ။

လီဗာပူးအသင္းဟာ ခံစစ္ပိုင္း အင္အားျဖည့္ဖို႔ အေလာတၾကီး လုပ္မွာ မဟုတ္ဘဲ မွန္ကန္တဲ့ ကစားသမားကို အခ်ိန္ေပးရွာေဖြဖို႔ စီစဥ္ထားခဲ့တယ္။ သို႔ေပမယ့္ ဗန္ဒိုက္ ဒဏ္ရာရခဲ့တာေၾကာင့္ ဇန္နဝါရီမွာ အနည္းဆံုး ခံစစ္သမား တစ္ဦးကိုေတာ့ ေခၚယူမယ္ ေမွ်ာ္လင့္ရပါတယ္။