မန်စီးတီးနဲ့ပွဲမှာ ကလော့ပ်ဟာ ကွင်းလယ်လူ သီယာဂို၊ ခံစစ်မှူး မာတစ်တို့ကို ထည့်သုံးမလားဆိုတဲ့ ကိစ္စအပြင် တိုက်စစ်ပိုင်းအတွက်ပါ စဉ်းစားမှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အဆိုပါ ကိစ္စတွေအတွက် ဆေးအဖွဲ့ရဲ့ မှတ်ချက်ကိုလည်း နားထောင်ပေးသွားဦးမှာပါ။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ ချန်ပီယံအောင်မြင်မှု သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ documentary အပိုင်းရှည်ကို ဒီလအကုန်မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက မာဆေးဆိုဒ် ဒါဘီမှာတော့ လက်မောင်း စပွန်ဆာသစ် Expedia ကို စတင် မိတ်ဆက်ခဲ့ပြီး စာချုပ်ကတော့ ၃ နှစ်ဖြစ်ကာ ပေါင် ၉-၁၀ သန်း ဝန်းကျင် တန်ကြေးရှိမှာဖြစ်ပါတယ်။

အီတလီသတင်းတွေမှာတော့ လီဗာပူး တိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ ဂျိုတာတို့ကို ကမ္ဘာဂြိုလ်မဟုတ်တဲ့ အခြားသော ဂြိုလ်တွေကလာသူတွေလို့ ချီးကျူးခဲ့ကြပါတယ်။

ကမ္ဘာမူးယစ်ဆန့်ကျင်ရေး အေဂျင်စီ WADA က မနေ့ကပဲ ၂၀၁၆ တုန်းက ဆာခိုကို ဆေးကျတယ်ဆိုပြီး ပေးပို့ခဲ့ခြင်းက မှားယွင်းခဲ့တဲ့ ဖြစ်ရပ်ဖြစ်ကြောင်း တရားဝင် တောင်းပန်မှု ပြုလုပ်သွားပါတယ်။

ဘက်ရှီးယား ခံစစ်သမား စကာတယ်က ချန်ပီယံလိဂ်မှာ ယူနိုက်တက်ကို အနိုင်ယူရတာက အသင်းဟောင်း လီဗာပူးအတွက်ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်က အသင်းရဲ့ လူစာရင်းကို ပါဝင်အားဖြည့်နေပြီး အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ လူငယ်နှစ်ဦးဖြစ်တဲ့ ရိုင်းစ်၊ နက်ဖီးလစ်တို့ကို ချီးကျူးမှု လုပ်သွားပါတယ်။

ချန်ပီယံလိဂ်ပွဲမှာတုန်းက အတ္တလန်တာ ပရိသတ်တွေက “ ကြိုဆိုပါတယ် အနီရောင်တို့၊ မင်းတို့ကို ဒီနေရာကနေ ဧည့်ခံရတာက ဂုဏ်ယူစရာပါ ” ဆိုတဲ့ စာတန်းကို ကွင်းပြင်ပမှာ လာချိန်သွားပြီး လီဗာပူးကို ကြိုဆိုခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ ရှော်ကေးအသင်းမှ ခံစစ်သမား အိုဇန် ဂါဘက်ကို စောင့်ကြည့်နေတယ်ဆိုတာက သတင်းထူးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးက စောင့်ကြည့်နေတဲ့ ရှော်ကေး ခံစစ်သမားက ဂါဘက် တစ်ဦးတည်း မဟုတ်ဘဲ အသင်းဖော် မာလစ် သီအော်လည်း ပါနေပါတယ်။

ZAWGYI

မန္စီးတီးနဲ႔ပြဲမွာ ကေလာ့ပ္ဟာ ကြင္းလယ္လူ သီယာဂို၊ ခံစစ္မွဴး မာတစ္တို႔ကို ထည့္သံုးမလားဆိုတဲ့ ကိစၥအျပင္ တိုက္စစ္ပိုင္းအတြက္ပါ စဥ္းစားမႈေတြ ျပဳလုပ္သြားရမွာျဖစ္ပါတယ္။ အဆိုပါ ကိစၥေတြအတြက္ ေဆးအဖြဲ႔ရဲ႕ မွတ္ခ်က္ကိုလည္း နားေထာင္ေပးသြားဦးမွာပါ။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံေအာင္ျမင္မႈ သမိုင္းေၾကာင္းကို ရိုက္ကူးထားတဲ့ documentary အပိုင္းရွည္ကို ဒီလအကုန္မွာ ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းက မာေဆးဆိုဒ္ ဒါဘီမွာေတာ့ လက္ေမာင္း စပြန္ဆာသစ္ Expedia ကို စတင္ မိတ္ဆက္ခဲ့ျပီး စာခ်ဳပ္ကေတာ့ ၃ ႏွစ္ျဖစ္ကာ ေပါင္ ၉-၁၀ သန္း ဝန္းက်င္ တန္ေၾကးရွိမွာျဖစ္ပါတယ္။

အီတလီသတင္းေတြမွာေတာ့ လီဗာပူး တိုက္စစ္သမားေတြျဖစ္တဲ့ မာေနး၊ ဆာလက္၊ ဂ်ိဳတာတို႔ကို ကမၻာျဂိဳလ္မဟုတ္တဲ့ အျခားေသာ ျဂိဳလ္ေတြကလာသူေတြလို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ကမၻာမူးယစ္ဆန္႔က်င္ေရး ေအဂ်င္စီ WADA က မေန႔ကပဲ ၂၀၁၆ တုန္းက ဆာခိုကို ေဆးက်တယ္ဆိုျပီး ေပးပို႔ခဲ့ျခင္းက မွားယြင္းခဲ့တဲ့ ျဖစ္ရပ္ျဖစ္ေၾကာင္း တရားဝင္ ေတာင္းပန္မႈ ျပဳလုပ္သြားပါတယ္။

ဘက္ရွီးယား ခံစစ္သမား စကာတယ္က ခ်န္ပီယံလိဂ္မွာ ယူႏုိက္တက္ကို အႏုိင္ယူရတာက အသင္းေဟာင္း လီဗာပူးအတြက္ျဖစ္ေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္က အသင္းရဲ႕ လူစာရင္းကို ပါဝင္အားျဖည့္ေနျပီး အေကာင္းဆံုး စြမ္းေဆာင္ေပးေနတဲ့ လူငယ္ႏွစ္ဦးျဖစ္တဲ့ ရိုင္းစ္၊ နက္ဖီးလစ္တို႔ကို ခ်ီးက်ဴးမႈ လုပ္သြားပါတယ္။

ခ်န္ပီယံလိဂ္ပြဲမွာတုန္းက အတၱလန္တာ ပရိသတ္ေတြက “ ၾကိဳဆိုပါတယ္ အနီေရာင္တို႔၊ မင္းတို႔ကို ဒီေနရာကေန ဧည့္ခံရတာက ဂုဏ္ယူစရာပါ ” ဆိုတဲ့ စာတန္းကို ကြင္းျပင္ပမွာ လာခ်ိန္သြားျပီး လီဗာပူးကို ၾကိဳဆိုခဲ့ၾကပါတယ္။

လီဗာပူးအသင္းဟာ ေရွာ္ေကးအသင္းမွ ခံစစ္သမား အိုဇန္ ဂါဘက္ကို ေစာင့္ၾကည့္ေနတယ္ဆိုတာက သတင္းထူးေတာ့ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လို႔ လီဗာပူးက ေစာင့္ၾကည့္ေနတဲ့ ေရွာ္ေကး ခံစစ္သမားက ဂါဘက္ တစ္ဦးတည္း မဟုတ္ဘဲ အသင္းေဖာ္ မာလစ္ သီေအာ္လည္း ပါေနပါတယ္။