ကြာသပတေးနေ့ လေ့ကျင့်ရေး အစီအစဉ်တွေက ပြီးဆုံးခဲ့ပြီဖြစ်ကာ သီယာဂို ပြန်လည် ပါဝင်လာနိုင်ခြင်း မရှိပါဘူး။

ဒဏ်ရာက ပြန်သက်သာလာတဲ့ မာတစ်နဲ့ ကိတ်တာကတော့ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနိုင်ခဲ့တယ်။ ထိုနည်းတူ ရှာကွီရီနဲ့ ဂျိုတာတို့ကလည်း လေ့ကျင့်ရေးမှာ အခြေအနေ ကောင်းနေပြီး ရာနှုန်းပြည့် ကြံ့ခိုင်နေတဲ့ အနေအထားကို မြင်ခဲ့ရတယ်။

တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲမှာ ရွေးချယ်ခံဖို့က ကြာသပတေးနဲ့ သောကြာနေ့ ပွဲကြို လေ့ကျင့်ရေးတွေက အရေးပါပြီး အဆိုပါ နေ့ လေ့ကျျင့်ရေးတွေမှာ မပါခဲ့သူတွေကတော့ ပွဲကစားခွင့်တွေ ရဖို့ အလားအလာ မကောင်းပါဘူး။ မန်စီးတီးနဲ့ပွဲအတွက် လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က မဲဝုဒ်ကနေ သူရထားတဲ့ သတင်းတွေကို အခြေခံပြီး အခုလို ပြောပါတယ်။

ဂျိမ်းပီရက်စ်က ” မန်စီးတီးနဲ့ပွဲမှာ ကလော့ပ်က ၄-၃-၃ ကစားကွက်ကို အသုံးပြုမယ်လို့ မျှော်လင့်ထားပါတယ်။ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်ကို ကိတ်တာ (သို့) မီလ်နာ တစ်ဦးဦးနဲ့ တွဲဘက်ပေးမယ် မြင်ပါတယ်။ အကယ်လို့ သီယာဂို ပွဲထွက် လူစာရင်းမှာ ပါဝင်လာရင် အံ့သြသင့်မိမှာပါ။ သူက ဒီအပတ်မှာလည်း လေ့ကျင့်ရေး ပြန်မဆင်းနိုင်ခဲ့သလို အသင်းနဲ့ လေ့ကျင့်ရေး မဝင်နိုင်တာ ၃ ပတ်ထိ ရှိနေပါပြီ။

သောကြာနေ့ လေ့ကျင့်ရေး အစီအစဉ်မှာ သီယာဂိုက လေ့ကျင့်ရေးအပြည့် ပါဝင်နိုင်စွမ်းကို ပြသဖို့လိုပါတယ်။ အဲ့တာကပဲ တနင်္ဂနွေနေ့ပွဲမှာ သူပါဝင်ခွင့်ရဖို့ အခွင့်အရေး ဖြစ်ပါတယ်။

ကျနော်ကတော့ မာတစ်နဲ့ ဂျိုတာတို့ ပွဲထွက်လူစာရင်းမှာ ပါရမယ်လို့ ထင်ပါတယ်။ မာတစ်ရဲ့ အတွေ့အကြုံနဲ့ ဂျိုတာရဲ့ ပေါက်ကွဲ ကစားနိုင်မှုကလည်း အခရာကျပါတယ်။ ဂျိုတာ ပွဲထွက်လူစာရင်းမှာ ပါမယ်လို့ ခံစားမိနေတယ်ဗျာ။ ဒါပေမယ့်လို့ ကလော့ပ်က ဖာမင်နိုကိုလည်း သဘောတွေ့သူဖြစ်ပြီး ကစားသမားအပေါ် သစ္စာရှိသူပါ။ ဒီတော့ အခြေအနေက ၅၀-၅၀ ပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ၾကာသပေတးေန႔ ေလ့က်င့္ေရး အစီအစဥ္ေတြက ျပီးဆံုးခဲ့ျပီျဖစ္ကာ သီယာဂို ျပန္လည္ ပါဝင္လာႏုိင္ျခင္း မရွိပါဘူး။

ဒဏ္ရာက ျပန္သက္သာလာတဲ့ မာတစ္နဲ႔ ကိတ္တာကေတာ့ ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းႏုိင္ခဲ့တယ္။ ထိုနည္းတူ ရွာကီြရီနဲ႔ ဂ်ိဳတာတို႔ကလည္း ေလ့က်င့္ေရးမွာ အေျခအေန ေကာင္းေနျပီး ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနတဲ့ အေနအထားကို ျမင္ခဲ့ရတယ္။

တနဂၤေႏြေန႔ မန္စီးတီးနဲ႔ပြဲမွာ ေရြးခ်ယ္ခံဖို႔က ၾကာသပေတးနဲ႔ ေသာၾကာေန႔ ပြဲၾကိဳ ေလ့က်င့္ေရးေတြက အေရးပါျပီး အဆိုပါ ေန႔ ေလ့က််င့္ေရးေတြမွာ မပါခဲ့သူေတြကေတာ့ ပြဲကစားခြင့္ေတြ ရဖို႔ အလားအလာ မေကာင္းပါဘူး။ မန္စီးတီးနဲ႔ပြဲအတြက္ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က မဲဝုဒ္ကေန သူရထားတဲ့ သတင္းေတြကို အေျခခံျပီး အခုလို ေျပာပါတယ္။

ဂ်ိမ္းပီရက္စ္က ” မန္စီးတီးနဲ႔ပြဲမွာ ကေလာ့ပ္က ၄-၃-၃ ကစားကြက္ကို အသံုးျပဳမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္ကို ကိတ္တာ (သို႔) မီလ္နာ တစ္ဦးဦးနဲ႔ တြဲဘက္ေပးမယ္ ျမင္ပါတယ္။ အကယ္လို႔ သီယာဂို ပြဲထြက္ လူစာရင္းမွာ ပါဝင္လာရင္ အံ့ၾသသင့္မိမွာပါ။ သူက ဒီအပတ္မွာလည္း ေလ့က်င့္ေရး ျပန္မဆင္းႏုိင္ခဲ့သလို အသင္းနဲ႔ ေလ့က်င့္ေရး မဝင္ႏုိင္တာ ၃ ပတ္ထိ ရွိေနပါျပီ။

ေသာၾကာေန႔ ေလ့က်င့္ေရး အစီအစဥ္မွာ သီယာဂိုက ေလ့က်င့္ေရးအျပည့္ ပါဝင္ႏုိင္စြမ္းကို ျပသဖို႔လိုပါတယ္။ အဲ့တာကပဲ တနဂၤေႏြေန႔ပြဲမွာ သူပါဝင္ခြင့္ရဖို႔ အခြင့္အေရး ျဖစ္ပါတယ္။

က်ေနာ္ကေတာ့ မာတစ္နဲ႔ ဂ်ိဳတာတို႔ ပြဲထြက္လူစာရင္းမွာ ပါရမယ္လို႔ ထင္ပါတယ္။ မာတစ္ရဲ႕ အေတြ႔အၾကံဳနဲ႔ ဂ်ိဳတာရဲ႕ ေပါက္ကြဲ ကစားႏုိင္မႈကလည္း အခရာက်ပါတယ္။ ဂ်ိဳတာ ပြဲထြက္လူစာရင္းမွာ ပါမယ္လို႔ ခံစားမိေနတယ္ဗ်ာ။ ဒါေပမယ့္လို႔ ကေလာ့ပ္က ဖာမင္ႏိုကိုလည္း သေဘာေတြ႔သူျဖစ္ျပီး ကစားသမားအေပၚ သစၥာရွိသူပါ။ ဒီေတာ့ အေျခအေနက ၅၀-၅၀ ပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။