အပြောင်းအရွှေ့နဲ့ ကစားသမားတွေရဲ့ အတွင်းရေးတွေကို နှံ့စပ်တဲ့ သတင်းထောက် Fabrizio Romano က လီဗာပူးအသင်းနဲ့ ဖာဘင်ညိုတို့ရဲ့ စာချုပ်ကိစ္စက စတင်တော့မယ်လို့ ထုတ်ပြောလာပါတယ်။

ဖာဘင်ညိုဟာ ဒီရာသီပြီးရင် လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်မှာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားက အသင်းမှာ ဆက်နေလိုပါတယ်။ သူ့ကို စပိန်ကလပ်က ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် လီဗာပူးဘက်က ရောင်းမထုတ်ခဲ့ဘဲ ဒီရာသီမှာ အသင်းရဲ့ ခေါင်းဆောင်ပိုင်း တစ်နေရာကိုပါ တာဝန်ပေးအပ်လာခြင်းဖြစ်တယ်။

Fabrizio Romano က ပြောရာမှာ ” ဖာဘင်ညိုက သူ့ရဲ့ လီဗာပူးစာချုပ် သက်တမ်းတိုးဖို့အတွက် စကားပြောမှု စတင်လိုနေပါပြီ။ အဲ့တာက တူညီတဲ့ စာချုပ်သက်တမ်း ၂ နှစ်ပဲ ကျန်တော့တဲ့ ဗန်ဒိုက်နဲ့ အခြေအနေ အတူတူပါပဲ။

ဖာဘင်ညိုက လီဗာပူးမှာပဲ ဆက်ရှိနေလိုပြီး လာမယ့်ရာသီမှာ သူ့ရဲ့ စာချုပ်သစ်ကို ၄ နှစ် (သို့) ၅ နှစ် ဆက်တိုးဖို့အတွက် လုပ်ဆောင်လိုတယ်။ နောက်ရာသီမှာ စာချုပ်သစ်ကိစ္စ ပြောဖို့လည်း လီဗာပူးထံက ခေါ်ယူမှုကို သူ့ရဲ့ အေးဂျင့်က စောင့်နေတယ်။

အခြေအနေ တည်ငြိမ်နေတာက ပြီးခဲ့တဲ့ နွေမှာ စပိန်ထိပ်သီးကလပ် တစ်သင်းက ဖာဘင်ညိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး သူကတော့ လီဗာပူးမှာ ဆက်ရှိနေဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဖာဘသ်ညိုက လီဗာပူးမှာ ဆက်ရှိနေရတာကိုလည်း ပျော်ရွှင်နေတယ်။

ဖာဘင်ညိုနဲ့ မန်နေဂျာ ယာဂင်ကလော့ပ်ကြားမှာ စကားပြောမှုတွေလည်းရှိပြီး အနာဂတ်မှာ အသင်းရဲ့ အခြေအနေ ဘယ်လိုဖြစ်မယ်ဆိုတာတွေကိုပါ ဆွေးနွေးမှုတွေ ရှိထားပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဖာဘင်ညို ကိုယ်တိုင်ကလည်း အသင်းမှာ ဆက်နေလိုတဲ့ သဘောတွေ ပြောထားတာကြောင့် နွေတုန်းက ကလပ်အပေါ် သူ့ရဲ့ သစ္စာရှိခဲ့မှုကို အသင်းဘက်က စာချုပ်သစ်ဖြင့် ပြန်လည် တုန့်ပြန်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ZAWGYI

အေျပာင္းအေရႊ႔နဲ႔ ကစားသမားေတြရဲ႕ အတြင္းေရးေတြကို ႏွံ႔စပ္တဲ့ သတင္းေထာက္ Fabrizio Romano က လီဗာပူးအသင္းနဲ႔ ဖာဘင္ညိဳတို႔ရဲ႕ စာခ်ဳပ္ကိစၥက စတင္ေတာ့မယ္လို႔ ထုတ္ေျပာလာပါတယ္။

ဖာဘင္ညိဳဟာ ဒီရာသီျပီးရင္ လီဗာပူးနဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္မွာျဖစ္ျပီး အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားက အသင္းမွာ ဆက္ေနလိုပါတယ္။ သူ႔ကို စပိန္ကလပ္က ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ လီဗာပူးဘက္က ေရာင္းမထုတ္ခဲ့ဘဲ ဒီရာသီမွာ အသင္းရဲ႕ ေခါင္းေဆာင္ပိုင္း တစ္ေနရာကိုပါ တာဝန္ေပးအပ္လာျခင္းျဖစ္တယ္။

Fabrizio Romano က ေျပာရာမွာ ” ဖာဘင္ညိဳက သူ႔ရဲ႕ လီဗာပူးစာခ်ဳပ္ သက္တမ္းတိုးဖို႔အတြက္ စကားေျပာမႈ စတင္လိုေနပါျပီ။ အဲ့တာက တူညီတဲ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ပဲ က်န္ေတာ့တဲ့ ဗန္ဒိုက္နဲ႔ အေျခအေန အတူတူပါပဲ။

ဖာဘင္ညိဳက လီဗာပူးမွာပဲ ဆက္ရွိေနလိုျပီး လာမယ့္ရာသီမွာ သူ႔ရဲ႕ စာခ်ဳပ္သစ္ကို ၄ ႏွစ္ (သို႔) ၅ ႏွစ္ ဆက္တိုးဖို႔အတြက္ လုပ္ေဆာင္လိုတယ္။ ေနာက္ရာသီမွာ စာခ်ဳပ္သစ္ကိစၥ ေျပာဖို႔လည္း လီဗာပူးထံက ေခၚယူမႈကို သူ႔ရဲ႕ ေအးဂ်င့္က ေစာင့္ေနတယ္။

အေျခအေန တည္ျငိမ္ေနတာက ျပီးခဲ့တဲ့ ေႏြမွာ စပိန္ထိပ္သီးကလပ္ တစ္သင္းက ဖာဘင္ညိဳကို ေခၚယူဖို႔ ၾကိဳးစားခဲ့ျပီး သူကေတာ့ လီဗာပူးမွာ ဆက္ရွိေနဖို႔ကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္။ ဖာဘသ္ညိဳက လီဗာပူးမွာ ဆက္ရွိေနရတာကိုလည္း ေပ်ာ္ရႊင္ေနတယ္။

ဖာဘင္ညိဳနဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ၾကားမွာ စကားေျပာမႈေတြလည္းရွိျပီး အနာဂတ္မွာ အသင္းရဲ႕ အေျခအေန ဘယ္လိုျဖစ္မယ္ဆိုတာေတြကိုပါ ေဆြးေႏြးမႈေတြ ရွိထားပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

ဖာဘင္ညိဳ ကိုယ္တိုင္ကလည္း အသင္းမွာ ဆက္ေနလိုတဲ့ သေဘာေတြ ေျပာထားတာေၾကာင့္ ေႏြတုန္းက ကလပ္အေပၚ သူ႔ရဲ႕ သစၥာရွိခဲ့မႈကို အသင္းဘက္က စာခ်ဳပ္သစ္ျဖင့္ ျပန္လည္ တုန္႔ျပန္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။