လီဗာပူးအသင်းခေါင်းဆောင်ဟောင်းနဲ့ ရိန်းဂျားအသင်းမန်နေဂျာ စတီဗင်ဂျရတ်က သူ့ရဲ့ လီဗာပူးစံချိန်ကောင်းကို ဆာလက် လိုက်မှီသွားတာအတွက် ဂုဏ်ယူ ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

စတီဗင်ဂျရတ်က ” ဆာလက်က လီဗာပူးနဲ့အတူ ငါ့ရဲ့ ဥရောပ သွင်းဂိုးစံချိန်ကို လိုက်မှီခဲ့တာအတွက် အရမ်း ဂုဏ်ယူပါတယ်။ ဒီလို လုပ်နိုင်ဖို့လည်း အချိန်တစ်ခုပဲ လိုခဲ့တယ်။

အရိုးသားဆုံး ပြောရမယ်ဆိုရင် ဆာလက်က ရှေ့ဆက်ပြီးလည်း ဒီမှတ်တမ်းကောင်းကို ကျေျာ်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တိုက်စစ်သမားတွေအတွက် ဒီလို ဂိုးတွေ သွင်းနေဖို့ကလည်း အတော်လေး အရေးပါပါတယ်။

ဆာလက်က သူ့ရဲ့ အလုပ်ဖြစ်တဲ့ ဂိုးတွေ သွင်းဖို့အတွက်ကိုပဲ အမြဲတမ်း ဆာလောင်နေတာပါ။ ငါ့တုန်းက လီဗာပူးအတွက် လုပ်ရတဲ့ ကိစ္စက သူတို့နဲ့ နည်းနည်းတော့ ကွဲပြားတာပေါ့။ တစ်ယောက်ယောက်က စံချိန်မှတ်တမ်းတွေကို စိုက်ထူပြီး ချိုးဖျက်မှုတွေလုပ်တာ မြင်ရတာထက် ပိုကောင်းတာလည်း မရှိတော့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာကို အနိုင်ရတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူခဲ့တာကြောင့် ဆာလက်ဟာ ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် သွင်းဂိုး ၂၁ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၃၆ ပွဲကနေ သွင်းဂိုး ၂၁ ဂိုးထိ ရခဲ့သူပါ။ စတီဗင်ဂျရတ်ကတော့ ပွဲပေါင်း ၇၃ ပွဲမှာ သွင်းဂိုး ၂၁ ဂိုး ရခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးအသင်းအတွက် သွင်းဂိုး တစ်ခုတည်းကို တာဝန်ယူပြီး စတီဗင်ဂျရတ်ကတော့ လီဗာပူးအတွက် ကွင်းလယ်နဲ့ ခေါင်းဆောင်ပိုင်း တာဝန်တွေကို အဓိက ယူခဲ့ရသူဖြစ်တယ်။ သူတို့နှစ်ဦးလုံးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အချက်မှာတော့ တူညီကြပါတယ်။

ဆာလက်ကိုယ်တိုင်ကလည်း “ အမြင့်ဆုံးကို ရောက်လာတာအတွက် ကျနော် ပျော်ပါတယ်။ စတီဗင်ဂျရတ်ဆိုတာ လီဗာပူးအသင်းရဲ့ ဂန္တဝင်တစ်ဦးပါ။ ဒီစံချိန်က ကျနော် ဂုဏ်ယူရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အသင်းပဲဖြစ်ပါတယ်။ ဒီတော့ အရေးကြီးဆုံးကိစ္စဖြစ်တဲ့ ဂိုးတွေသွင်းပြီး ပွဲတွေကို အနိုင်ရအောင် ကူညီပေးရတာကို ပျော်ပါတယ် ” လို့ ဆိုခဲ့တယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းနဲ႔ ရိန္းဂ်ားအသင္းမန္ေနဂ်ာ စတီဗင္ဂ်ရတ္က သူ႔ရဲ႕ လီဗာပူးစံခ်ိန္ေကာင္းကို ဆာလက္ လိုက္မွီသြားတာအတြက္ ဂုဏ္ယူ ခ်ီးက်ဴးစကား ေျပာဆိုခဲ့ပါတယ္။

စတီဗင္ဂ်ရတ္က ” ဆာလက္က လီဗာပူးနဲ႔အတူ ငါ့ရဲ႕ ဥေရာပ သြင္းဂိုးစံခ်ိန္ကို လိုက္မွီခဲ့တာအတြက္ အရမ္း ဂုဏ္ယူပါတယ္။ ဒီလို လုပ္ႏုိင္ဖို႔လည္း အခ်ိန္တစ္ခုပဲ လိုခဲ့တယ္။

အရိုးသားဆံုး ေျပာရမယ္ဆိုရင္ ဆာလက္က ေရွ႔ဆက္ျပီးလည္း ဒီမွတ္တမ္းေကာင္းကို ေက််ာ္ျဖတ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တိုက္စစ္သမားေတြအတြက္ ဒီလို ဂိုးေတြ သြင္းေနဖို႔ကလည္း အေတာ္ေလး အေရးပါပါတယ္။

ဆာလက္က သူ႔ရဲ႕ အလုပ္ျဖစ္တဲ့ ဂိုးေတြ သြင္းဖို႔အတြက္ကိုပဲ အျမဲတမ္း ဆာေလာင္ေနတာပါ။ ငါ့တုန္းက လီဗာပူးအတြက္ လုပ္ရတဲ့ ကိစၥက သူတို႔နဲ႔ နည္းနည္းေတာ့ ကြဲျပားတာေပါ့။ တစ္ေယာက္ေယာက္က စံခ်ိန္မွတ္တမ္းေတြကို စိုက္ထူျပီး ခ်ိဳးဖ်က္မႈေတြလုပ္တာ ျမင္ရတာထက္ ပိုေကာင္းတာလည္း မရွိေတာ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အတၱလန္တာကို အႏုိင္ရတဲ့ပြဲမွာ သြင္းဂိုးတစ္ဂိုး ရယူခဲ့တာေၾကာင့္ ဆာလက္ဟာ ခ်န္ပီယံလိဂ္မွာ လီဗာပူးအတြက္ သြင္းဂိုး ၂၁ ဂိုးထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။ သူဟာ ခ်န္ပီယံလိဂ္ပြဲေပါင္း ၃၆ ပြဲကေန သြင္းဂိုး ၂၁ ဂိုးထိ ရခဲ့သူပါ။ စတီဗင္ဂ်ရတ္ကေတာ့ ပြဲေပါင္း ၇၃ ပြဲမွာ သြင္းဂိုး ၂၁ ဂိုး ရခဲ့ပါတယ္။

ဆာလက္ဟာ လီဗာပူးအသင္းအတြက္ သြင္းဂိုး တစ္ခုတည္းကို တာဝန္ယူျပီး စတီဗင္ဂ်ရတ္ကေတာ့ လီဗာပူးအတြက္ ကြင္းလယ္နဲ႔ ေခါင္းေဆာင္ပိုင္း တာဝန္ေတြကို အဓိက ယူခဲ့ရသူျဖစ္တယ္။ သူတို႔ႏွစ္ဦးလံုးဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ဂိုးသြင္းႏုိင္ခဲ့တဲ့ အခ်က္မွာေတာ့ တူညီၾကပါတယ္။

ဆာလက္ကိုယ္တိုင္ကလည္း “ အျမင့္ဆံုးကို ေရာက္လာတာအတြက္ က်ေနာ္ ေပ်ာ္ပါတယ္။ စတီဗင္ဂ်ရတ္ဆိုတာ လီဗာပူးအသင္းရဲ႕ ဂႏၱဝင္တစ္ဦးပါ။ ဒီစံခ်ိန္က က်ေနာ္ ဂုဏ္ယူရမယ့္ ကိစၥပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အေရးအၾကီးဆံုးက အသင္းပဲျဖစ္ပါတယ္။ ဒီေတာ့ အေရးၾကီးဆံုးကိစၥျဖစ္တဲ့ ဂိုးေတြသြင္းျပီး ပြဲေတြကို အႏုိင္ရေအာင္ ကူညီေပးရတာကို ေပ်ာ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။