ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးဟာ အမှတ်ပေးချန်ပီယံဆုအတွက် အဓိက ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မှုဟာ ဘောလုံးရာသီရဲ့ အကောင်းဆုံး အတွဲ ဖြစ်လာခဲ့တာဟာ ၃ ရာသီလောက် ရှိလာခဲ့ပါပြီ။ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့ထိ သက်ရောက်မှု ရှိလာခဲ့တာက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ လီဗာပူးအသင်း ရမှတ် ၁ မှတ်တည်းနဲ့ ဒုတိယနေရာ ရောက်သွားခဲ့တာက သက်သေဖြစ်တယ်။

မျှော်လင့်မှုကြီးတွေ ပါဝင်နေမယ့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာတော့ လီဗာပူးခံစစ်က ဗန်ဒိုက် မပါဝင်မှုနဲ့အတူ အိမ်ရှင်အသင်းက အသာရမယ့် အခြေအနေလို့ လော်ရိုးက ခန့်မှန်း သုံးသပ်ပါတယ်။

လော်ရိုးက ” လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က တိုက်စစ်နဲ့ ခံစစ်ပိုင်းတွေအတွက် ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ပေးရမှာပါ။ တိုက်စစ်ပိုင်းမှာ အသင်းအတွက် လုပ်ဆောင်ပေးနိုင်မှုတွေကြောင့် ငါက ဖာမင်နိုရဲ့ ပရိသတ်ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိုတာကလည်း သွင်းဂိုးတွေ ရယူမှုနဲ့အတူ သူ့အလုပ်ကို အကောင်းဆုံး လုပ်နေပြီး ဒီအခြေအနေမှာတော့ ခြေစွမ်းသိပ်ကောင်းနေတယ်။

ခံစစ်မှာတော့ မာတစ် ဒဏ်ရာက သက်သာပြီး ကြံ့ခိုင်နေရင် သူက ဂိုးမက်စ်နဲ့ တွဲဘက်ရမှာပါ။ နက်ဖီးလစ်နဲ့ ရိုင်းစ် ဝီလီယမ်တို့ကလည်း ဝက်ဟမ်းနဲ့ အတ္တလန်တာပွဲတွေမှာ အကောင်းဆုံး လုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ ခြားနားတဲ့ပွဲပါ။ ပိုကောင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရချိန်မှာ ပိုများတဲ့ ဖိအားတွေထဲကို ပါဝင်ရမှာ ဖြစ်ပါတယ်။

ကလော့ပ် အနေနဲ့ ဘယ်သူ့ကိုပဲ ရွေးပါစေ အီသီဟတ်ကို သွားဖို့ကတော့ အခုနေက အချိန်ကောင်းမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ခံစစ်အတွဲဘက်သစ်တွေကို ပြန်လည် စမ်းသပ်နေတုန်းဖြစ်ပြီး အမှားတစ်ခု လုပ်လိုက်တာနဲ့ ဒီမှာ ခံစားသွားရမှာပါ။

ဒါကြောင့်ပဲ မန်စီးတီးက အနိုင်ရမယ်လို့ ငါပြောတာပါ။ လီဗာပူးက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေတာဆိုတော့ သူတို့ ရုန်းကန်နေရပါတယ်ဆိုတာအတွက် ဆွေးနွေးမှုတွေ မရှိဘူး။ သူတို့က ဒီအခြေအနေမှာ အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး။

လီဗာပူးအသင်း ရံှူးပွဲတွေ တွေ့ဆုံတဲ့ အချိန်မှာ အမှတ်ပေးဇယား ပြိုင်ဆိုင်မှုက မနှစ်ကထက် ပိုပြီး ခက်ခဲလာမှာပါ။ အဲ့တာကိုတော့ သံသယမရှိဘူး။ လီဗာပူးက မန်စီးတီးကို ဒုက္ခပေးနိုင်စွမ်းကတော့ ရှိနေဆဲဖြစ်တယ်။ လာပေါ်တေးနဲ့ ဒိုင်ယက်စ်တို့က အခုချိန်ထိ ကောင်းနေပေမယ့် သူတို့က စစ်မှန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရခြင်း မရှိသေးပါဘူး။

အီသီဟတ်မှာတော့ ဒါကို မြင်ရပါမယ်။ ဗဟိုအထိုင် နှစ်ဦးတင် မဟုတ်ပါဘူး။ လီဗာပူးကို ရင်ဆိုင်ကစားချိန်မှာ ခံစစ်သမား လေးယောက်လုံးက အလုပ်လုပ်ဖို့ လိုပါတယ်။ လီဗာပူးက ရှုထောင့်ပေါင်းစုံကနေ တိုက်ခိုက်မှာဖြစ်ပြီး မန်စီးတီးက အားနည်းချက်ရှိရင် ခံစားသွားရပါမယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အီသီဟတ်မှာ ကစားရမယ့် မန်စီးတီးနဲ့ လီဗာပူးပွဲက မန်စီးတီး ၂-၀ လီဗာပူး ရလဒ်ထွက်မယ်လို့ လော်ရိုးက ခန့်မှန်းခဲ့ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ မွာေတာ့ ပြဲၾကီးပြဲေကာင္းအျဖစ္ လီဗာပူးဟာ အမွတ္ေပးခ်န္ပီယံဆုအတြက္ အဓိက ျပိဳင္ဘက္အသင္းျဖစ္တဲ့ မန္စီးတီးကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရပါမယ္။

လီဗာပူးနဲ႔ မန္စီးတီးတို႔ ထိပ္တိုက္ေတြ႔မႈဟာ ေဘာလံုးရာသီရဲ႕ အေကာင္းဆံုး အတြဲ ျဖစ္လာခဲ့တာဟာ ၃ ရာသီေလာက္ ရွိလာခဲ့ပါျပီ။ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔မႈကေန ထြက္ေပၚလာတဲ့ ရလဒ္ေတြဟာ အမွတ္ေပးဖလား ခ်န္ပီယံျဖစ္ဖို႔ထိ သက္ေရာက္မႈ ရွိလာခ့ဲတာက ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီ လီဗာပူးအသင္း ရမွတ္ ၁ မွတ္တည္းနဲ႔ ဒုတိယေနရာ ေရာက္သြားခဲ့တာက သက္ေသျဖစ္တယ္။

ေမွ်ာ္လင့္မႈၾကီးေတြ ပါဝင္ေနမယ့္ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈမွာေတာ့ လီဗာပူးခံစစ္က ဗန္ဒိုက္ မပါဝင္မႈနဲ႔အတူ အိမ္ရွင္အသင္းက အသာရမယ့္ အေျခအေနလို႔ ေလာ္ရိုးက ခန္႔မွန္း သံုးသပ္ပါတယ္။

ေလာ္ရိုးက ” လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က တိုက္စစ္နဲ႔ ခံစစ္ပိုင္းေတြအတြက္ ဆံုးျဖတ္ခ်က္ေတြ လုပ္ေဆာင္ေပးရမွာပါ။ တိုက္စစ္ပိုင္းမွာ အသင္းအတြက္ လုပ္ေဆာင္ေပးႏုိင္မႈေတြေၾကာင့္ ငါက ဖာမင္ႏိုရဲ႕ ပရိသတ္ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ိဳတာကလည္း သြင္းဂိုးေတြ ရယူမႈနဲ႔အတူ သူ႔အလုပ္ကို အေကာင္းဆံုး လုပ္ေနျပီး ဒီအေျခအေနမွာေတာ့ ေျခစြမ္းသိပ္ေကာင္းေနတယ္။

ခံစစ္မွာေတာ့ မာတစ္ ဒဏ္ရာက သက္သာျပီး ၾကံ႕ခိုင္ေနရင္ သူက ဂိုးမက္စ္နဲ႔ တြဲဘက္ရမွာပါ။ နက္ဖီးလစ္နဲ႔ ရိုင္းစ္ ဝီလီယမ္တို႔ကလည္း ဝက္ဟမ္းနဲ႔ အတၱလန္တာပြဲေတြမွာ အေကာင္းဆံုး လုပ္ေဆာင္ထားပါတယ္။ ဒါေပမယ့္ ဒီပြဲကေတာ့ ျခားနားတဲ့ပြဲပါ။ ပိုေကာင္းတဲ့ အသင္းတစ္သင္းနဲ႔ ရင္ဆိုင္ရခ်ိန္မွာ ပိုမ်ားတဲ့ ဖိအားေတြထဲကို ပါဝင္ရမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ အေနနဲ႔ ဘယ္သူ႔ကိုပဲ ေရြးပါေစ အီသီဟတ္ကို သြားဖို႔ကေတာ့ အခုေနက အခ်ိန္ေကာင္းမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က ခံစစ္အတြဲဘက္သစ္ေတြကို ျပန္လည္ စမ္းသပ္ေနတုန္းျဖစ္ျပီး အမွားတစ္ခု လုပ္လိုက္တာနဲ႔ ဒီမွာ ခံစားသြားရမွာပါ။

ဒါေၾကာင့္ပဲ မန္စီးတီးက အႏုိင္ရမယ္လို႔ ငါေျပာတာပါ။ လီဗာပူးက အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရွိေနတာဆိုေတာ့ သူတို႔ ရုန္းကန္ေနရပါတယ္ဆိုတာအတြက္ ေဆြးေႏြးမႈေတြ မရွိဘူး။ သူတို႔က ဒီအေျခအေနမွာ အေကာင္းဆံုး ပံုစံမွာ ရွိမေနပါဘူး။

လီဗာပူးအသင္း ရံွဴးပြဲေတြ ေတြ႔ဆံုတဲ့ အခ်ိန္မွာ အမွတ္ေပးဇယား ျပိဳင္ဆိုင္မႈက မႏွစ္ကထက္ ပိုျပီး ခက္ခဲလာမွာပါ။ အဲ့တာကိုေတာ့ သံသယမရွိဘူး။ လီဗာပူးက မန္စီးတီးကို ဒုကၡေပးႏုိင္စြမ္းကေတာ့ ရွိေနဆဲျဖစ္တယ္။ လာေပၚေတးနဲ႔ ဒိုင္ယက္စ္တို႔က အခုခ်ိန္ထိ ေကာင္းေနေပမယ့္ သူတို႔က စစ္မွန္တဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ရျခင္း မရွိေသးပါဘူး။

အီသီဟတ္မွာေတာ့ ဒါကို ျမင္ရပါမယ္။ ဗဟိုအထိုင္ ႏွစ္ဦးတင္ မဟုတ္ပါဘူး။ လီဗာပူးကို ရင္ဆုိုင္ကစားခ်ိန္မွာ ခံစစ္သမား ေလးေယာက္လံုးက အလုပ္လုပ္ဖို႔ လိုပါတယ္။ လီဗာပူးက ရႈေထာင့္ေပါင္းစံုကေန တိုက္ခိုက္မွာျဖစ္ျပီး မန္စီးတီးက အားနည္းခ်က္ရွိရင္ ခံစားသြားရပါမယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အီသီဟတ္မွာ ကစားရမယ့္ မန္စီးတီးနဲ႔ လီဗာပူးပြဲက မန္စီးတီး ၂-၀ လီဗာပူး ရလဒ္ထြက္မယ္လို႔ ေလာ္ရိုးက ခန္႔မွန္းခဲ့ပါတယ္။