ဒီအပတ်မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲကောင်းအဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် မေးခွန်းတွေ အများကြီး ဖြစ်နေတဲ့အထဲက ကာရေဂါက လီဗာပူးရဲ့ တိုက်စစ်ကို ဘယ်သူ ဦးဆောင်မလဲဆိုတာအတွက် သူ့ရဲ့ အမြင်ကို တယ်လီဂရပ်ကနေ ထုတ်ဖော်ပါတယ်။

ကာရေဂါက ” ဒီအပတ် မန်စီးတီးကို လီဗာပူးအသင်း သွားရောက် ရင်ဆိုင်ချိန်မှာ ဖာမင်နိုကို ပွဲထွက်လူစာရင်းမှာ မထည့်ဘူးဆိုရင် ကျနော်ကတော့ အံ့အားသင့်မိမှာပါ ” လို့ ပြောပါတယ်။

လီဗာပူးတိုက်စစ်မှာ ဂျိုတာက တိုက်ရိုက် အကျိုးဖြစ်နေပြီး ပွဲကစားခွင့်ရချိန်တိုင်း သွင်းဂိုးတွေနဲ့ အကျိုးဖြစ်နေတာပါ။ သို့သော်လည်း ဖာမင်နိုကတော့ ဒီရာသီ လီဗာပူးရဲ့ နည်းစနစ်မှာ ပုံမှန် သူလုပ်နေကျ ကိစ္စတွေကို အကောင်းဆုံး ပံ့ပိုးပေးဖို့ ရုန်းကန်နေရပြီး သွင်းဂိုးတင် မဟုတ်ဘဲ အဆုံးသတ်ပိုင်းက သူ့အလုပ်တွေမှာပါ အားနည်းချက်တွေ ရှိနေတယ်လို့ ကာရေဂါက ဆိုပါတယ်။

ဖာမင်နိုက ဘာလို့ လူစာရင်းထဲ ပါဝင်မှာလဲဆိုတဲ့ အချက်ကိုတော့ ကာရေဂါက ” ဖာမင်နိုက နည်းစနစ်ပိုင်းအရ ပြန်ပါလာမှာပါ ဒါက ငြင်းစရာ မဟုတ်ပါဘူး။ မန်စီးတီးလို အသင်းကို ရင်ဆိုင်ကစားရာမှာ ဖာမင်နိုရဲ့ သက်ရောက်မှုက အမြဲတမ်း အရေးကြီးပါတယ်။ ဒီရာသီ လီဗာပူးအတွက် ဖာမင်နိုရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေက ချယ်ဆီး၊ အာဆင်နယ်နဲ့ အဲဗာတန်ပွဲတွေမှာ မြင်ခဲ့ရပါတယ် ” လို့ ပြောပါတယ်။

ဖာမင်နိုဟာ လီဗာပူးရဲ့ ကျောနံပါတ် ၉ ဝတ်တဲ့ ဖိအားပေးသူဖြစ်ပါတယ်။ ပုံမှန် နံပါတ် ၉ တိုက်စစ်သမားတွေရဲ့ တာဝန်က ဂိုးသွင်းယူဖို့ ဖြစ်တတ်ပြီး ဖာမင်နိုရဲ့ တာဝန်ကတော့ ဘောလုံးပိုင်ဆိုင်မှုကို ပြန်ရစေတဲ့ ပြိုင်ဘက် ဧရိယာအတွင်း ဖိအားပေးသူဖြစ်တယ်။ သူ့ရဲ့ တာဝန်က တိုက်စစ်အသင်းဖော်တွေဖြစ်တဲ့ မာနေးနဲ့ ဆာလက်ကိုယ်စား ခံစစ်ပိုင်းကို တာဝန်ယူပေးဖို့ ဖြစ်ပါတယ်။

ကာရေဂါကပဲ ” မန်စီးတီးကို ရင်ဆိုင်ရာမှာ ဖာမင်နိုက ခံစစ်သမားနဲ့ ကွင်းလယ်အတွင်းလူတွေရဲ့ ကြားက နေရာလွတ်တွေကို ပိတ်ပင်နိုင်ဖို့ ကြိုးစားမှာပါ။ စီးတီးကို ရင်ဆိုင်ကစားတိုင်း လီဗာပူးအတွက် ဖာမင်နိုရဲ့ အရည်အချင်းက အဓိကကျပါတယ်။ တနင်္ဂနွေနေ့ပွဲက လီဗာပူးရဲ့ ဘောလုံးပိုင်ဆိုင်မှု နည်းပါးတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။

ပြိုင်ဘက်ရဲ့ ပိုင်ဆိုင်မှုကို ဖိအားပေးဖို့အတွက် တိုက်စစ်သုံးယောက်တန်းမှာ ဖာမင်နိုကို ထည့်ဖို့ကို ကလော့ပ်က ၂ ခါ စဉ်းစားမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဒီရာသီမှာ ဖာမင်နိုရဲ့ ဘောလုံးပိုင်ဆိုင်မှု ပြန်ရယူခြင်း ကိန်းဂဏန်းတွေက သိပ်နည်းပါတယ်။ အဆုံးသတ်ပိုင်းမှာ ဘောလုံးပြန်ယူမှု ၂ ကြိမ်ပဲ လုပ်နိုင်ပြီး မာနေးက ၉ ကြိမ်နဲ့ ဆာလက်က ၇ ကြိမ်တို့ လုပ်ထားနိုင်တယ်။ ဖာမင်နိုဟာ အခွင့်အရေး ဖန်တီးမှုပိုင်းမှာလည်း သူ့ရဲ့ လီဗာပူးကစားသမားဘဝ အနိမ့်ဆုံးကို ရောက်နေပါတယ်။

အဲ့တာနဲ့ပဲ မန်စီးတီးပွဲမှာ သူ့ကို ချန်ထားခဲ့မှာ မဟုတ်ပါဘူး။ ဖာမင်နိုရဲ့ ပံ့ပိုးမှုက ဘယ်လောက် ကြီးမားသလဲဆိုတာကို လီဗာပူးပရိသတ်တွေ ကောင်းကောင်းသိကြပါတယ်။ ကလေ့ာပ်ရဲ့ အောင်မြင်မှုက ဖာမင်နိုအပေါ် ဘယ်လောက်ထိ အခြေခံသလဲဆိုတာလည်း ပရိသတ်တွေ သိကြပါတယ်။ ဒါ့အပြင် လီဗာပူးအတွက် ဖာမင်နိုရဲ့တာဝန်က ဂိုးသွင်းပေးဖို့ အဓိက မဟုတ်ဘူးဆိုတာလည်း သိကြပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲေကာင္းအျဖစ္ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ဒီပြဲအတြက္ ေမးခြန္းေတြ အမ်ားၾကီး ျဖစ္ေနတဲ့အထဲက ကာေရဂါက လီဗာပူးရဲ႕ တိုက္စစ္ကို ဘယ္သူ ဦးေဆာင္မလဲဆိုတာအတြက္ သူ႔ရဲ႕ အျမင္ကို တယ္လီဂရပ္ကေန ထုတ္ေဖာ္ပါတယ္။

ကာေရဂါက ” ဒီအပတ္ မန္စီးတီးကို လီဗာပူးအသင္း သြားေရာက္ ရင္ဆိုင္ခ်ိန္မွာ ဖာမင္ႏိုကို ပြဲထြက္လူစာရင္းမွာ မထည့္ဘူးဆိုရင္ က်ေနာ္ကေတာ့ အံ့အားသင့္မိမွာပါ ” လို႔ ေျပာပါတယ္။

လီဗာပူးတိုက္စစ္မွာ ဂ်ိဳတာက တိုက္ရိုက္ အက်ိဳးျဖစ္ေနျပီး ပြဲကစားခြင့္ရခ်ိန္တိုင္း သြင္းဂိုးေတြနဲ႔ အက်ိဳးျဖစ္ေနတာပါ။ သို႔ေသာ္လည္း ဖာမင္ႏိုကေတာ့ ဒီရာသီ လီဗာပူးရဲ႕ နည္းစနစ္မွာ ပံုမွန္ သူလုပ္ေနက် ကိစၥေတြကို အေကာင္းဆံုး ပံ့ပိုးေပးဖို႔ ရုန္းကန္ေနရျပီး သြင္းဂိုးတင္ မဟုတ္ဘဲ အဆံုးသတ္ပိုင္းက သူ႔အလုပ္ေတြမွာပါ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ကာေရဂါက ဆိုပါတယ္။

ဖာမင္ႏိုက ဘာလို႔ လူစာရင္းထဲ ပါဝင္မွာလဲဆိုတဲ့ အခ်က္ကိုေတာ့ ကာေရဂါက ” ဖာမင္ႏိုက နည္းစနစ္ပိုင္းအရ ျပန္ပါလာမွာပါ ဒါက ျငင္းစရာ မဟုတ္ပါဘူး။ မန္စီးတီးလို အသင္းကို ရင္ဆိုင္ကစားရာမွာ ဖာမင္ႏိုရဲ႕ သက္ေရာက္မႈက အျမဲတမ္း အေရးၾကီးပါတယ္။ ဒီရာသီ လီဗာပူးအတြက္ ဖာမင္ႏိုရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြက ခ်ယ္ဆီး၊ အာဆင္နယ္နဲ႔ အဲဗာတန္ပြဲေတြမွာ ျမင္ခဲ့ရပါတယ္ ” လို႔ ေျပာပါတယ္။

ဖာမင္ႏိုဟာ လီဗာပူးရဲ႕ ေက်ာနံပါတ္ ၉ ဝတ္တဲ့ ဖိအားေပးသူျဖစ္ပါတယ္။ ပံုမွန္ နံပါတ္ ၉ တိုက္စစ္သမားေတြရဲ႕ တာဝန္က ဂိုးသြင္းယူဖို႔ ျဖစ္တတ္ျပီး ဖာမင္ႏိုရဲ႕ တာဝန္ကေတာ့ ေဘာလံုးပိုင္ဆိုင္မႈကို ျပန္ရေစတဲ့ ျပိဳင္ဘက္ ဧရိယာအတြင္း ဖိအားေပးသူျဖစ္တယ္။ သူ႔ရဲ႕ တာဝန္က တိုက္စစ္အသင္းေဖာ္ေတြျဖစ္တဲ့ မာေနးနဲ႔ ဆာလက္ကိုယ္စား ခံစစ္ပိုင္းကို တာဝန္ယူေပးဖို႔ ျဖစ္ပါတယ္။

ကာေရဂါကပဲ ” မန္စီးတီးကို ရင္ဆိုင္ရာမွာ ဖာမင္ႏိုက ခံစစ္သမားနဲ႔ ကြင္းလယ္အတြင္းလူေတြရဲ႕ ၾကားက ေနရာလြတ္ေတြကို ပိတ္ပင္ႏုိင္ဖို႔ ၾကိဳးစားမွာပါ။ စီးတီးကို ရင္ဆိုင္ကစားတိုင္း လီဗာပူးအတြက္ ဖာမင္ႏိုရဲ႕ အရည္အခ်င္းက အဓိကက်ပါတယ္။ တနဂၤေႏြေန႔ပြဲက လီဗာပူးရဲ႕ ေဘာလံုးပိုင္ဆုိင္မႈ နည္းပါးတဲ့ ပြဲတစ္ပြဲျဖစ္လာမွာပါ။

ျပိဳင္ဘက္ရဲ႕ ပိုင္ဆိုင္မႈကို ဖိအားေပးဖို႔အတြက္ တိုက္စစ္သံုးေယာက္တန္းမွာ ဖာမင္ႏိုကို ထည့္ဖို႔ကို ကေလာ့ပ္က ၂ ခါ စဥ္းစားမွာ မဟုတ္ပါဘူး။

ဒါေပမယ့္လည္း ဒီရာသီမွာ ဖာမင္ႏိုရဲ႕ ေဘာလံုးပိုင္ဆုိင္မႈ ျပန္ရယူျခင္း ကိန္းဂဏန္းေတြက သိပ္နည္းပါတယ္။ အဆံုးသတ္ပိုင္းမွာ ေဘာလံုးျပန္ယူမႈ ၂ ၾကိမ္ပဲ လုပ္ႏုိင္ျပီး မာေနးက ၉ ၾကိမ္နဲ႔ ဆာလက္က ၇ ၾကိမ္တို႔ လုပ္ထားႏုိင္တယ္။ ဖာမင္ႏိုဟာ အခြင့္အေရး ဖန္တီးမႈပိုင္းမွာလည္း သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ အနိမ့္ဆံုးကို ေရာက္ေနပါတယ္။

အဲ့တာနဲ႔ပဲ မန္စီးတီးပြဲမွာ သူ႔ကို ခ်န္ထားခဲ့မွာ မဟုတ္ပါဘူး။ ဖာမင္ႏိုရဲ႕ ပံ့ပိုးမႈက ဘယ္ေလာက္ ၾကီးမားသလဲဆိုတာကို လီဗာပူးပရိသတ္ေတြ ေကာင္းေကာင္းသိၾကပါတယ္။ ကေလ့ာပ္ရဲ႕ ေအာင္ျမင္မႈက ဖာမင္ႏိုအေပၚ ဘယ္ေလာက္ထိ အေျခခံသလဲဆိုတာလည္း ပရိသတ္ေတြ သိၾကပါတယ္။ ဒါ့အျပင္ လီဗာပူးအတြက္ ဖာမင္ႏိုရဲ႕တာဝန္က ဂိုးသြင္းေပးဖို႔ အဓိက မဟုတ္ဘူးဆိုတာလည္း သိၾကပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။