သီယေဂိုဟာ ဒီလရဲ့ နိုင်ငံတကာ သီတင်းပတ်အတွက် စပိန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူဟာ မာဆေးဆိုဒ်ဒါဘီအတွင်း ရစ်ချာလီဆန်ရဲ့ ဖြတ်ထုတ်မှုကြောင့် ခြေသလုံးမှာ ဒဏ်ရာရခဲ့ခြင်းဖြစ်တယ်။ ဒဏ်ရာက ခွဲစိတ်မှု မခံယူရပေမယ့် ပြန်သက်သာလာဖို့ အချိန်ယူနေခဲ့ရကာ အောက်တိုဘာလ ၁၇ ရက်နေ့ပိုင်း လီဗာပူးအတွက် မကစားပေးနိုင်တာ ၅ ပွဲခန့် ရှိသွားပြီဖြစ်ပါတယ်။

သီယေဂိုဟာ ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ မပါခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲ ပါနိုင်မလားဆိုတာကို သိရဖို့က သောကြာနေ့ လေ့ကျင့်ရေးကိုပဲ စောင့်ရမှာဖြစ်တယ်။ သို့သော် စပိန်အသင်းက လူစာရင်းမှာ ချန်ခဲ့တာကြောင့် မန်စီးတီးထံသွားမယ့် ခရီးမှာ သူပါနိုင်ဖို့က သံသယရှိစရာ အနေအထား ဖြစ်ပါတယ်။

သီယာဂိုက ဒဏ်ရာကြောင့် ရုန်းကန်နေရခြင်းကြောင့် စပိန်မန်နေဂျာက နယ်သာလန်၊ ဆွစ်ဇလန်နဲ့ ဂျာမနီတို့နဲ့ ယှဉ်ပြိုင်မယ့် လက်ရွေးစင်ပွဲတွေမှာ သူ့ကို ချန်ထားခဲ့တယ်။ သို့ပေမယ့် လီဗာပူးအသင်းဘက်က သီယာဂိုကို လူစာရင်းကနေ ထုတ်ပေးဖို့ အကူအညီတောင်းခဲ့သလားဆိုတာက မရှင်းပါဘူး။

စပိန်သားဟာ မဲဝုဒ်မှာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြန်ဝင်နေတာ ကာလတစ်ခု ရှိလာခဲ့ပေမယ့် စီနီယာလေ့ကျင့်ရေးတွေမှာတော့ ပါဝင်လာခဲ့ခြင်း မရှိဘူး။ အခြေအနေ အားလုံးက ဒီညနေခင်း မန်စီးတီးပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ် ထုတ်ပြောမှ သိရမှာဖြစ်လို့ အားလုံးကလည်း စောင့်နားထောင်နေကြပါတယ်။

ZAWGYI

သီေယဂိုဟာ ဒီလရဲ႕ ႏုိင္ငံတကာ သီတင္းပတ္အတြက္ စပိန္အသင္း လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရျပီ ျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူဟာ မာေဆးဆိုဒ္ဒါဘီအတြင္း ရစ္ခ်ာလီဆန္ရဲ႕ ျဖတ္ထုတ္မႈေၾကာင့္ ေျခသလံုးမွာ ဒဏ္ရာရခဲ့ျခင္းျဖစ္တယ္။ ဒဏ္ရာက ခြဲစိတ္မႈ မခံယူရေပမယ့္ ျပန္သက္သာလာဖို႔ အခ်ိန္ယူေနခဲ့ရကာ ေအာက္တိုဘာလ ၁၇ ရက္ေန႔ပိုင္း လီဗာပူးအတြက္ မကစားေပးႏုိင္တာ ၅ ပြဲခန္႔ ရွိသြားျပီျဖစ္ပါတယ္။

သီေယဂိုဟာ ၾကာသပေတးေန႔ ေလ့က်င့္ေရးမွာ မပါခဲ့တာေၾကာင့္ မန္စီးတီးနဲ႔ပြဲ ပါႏိုင္မလားဆိုတာကို သိရဖို႔က ေသာၾကာေန႔ ေလ့က်င့္ေရးကိုပဲ ေစာင့္ရမွာျဖစ္တယ္။ သို႔ေသာ္ စပိန္အသင္းက လူစာရင္းမွာ ခ်န္ခဲ့တာေၾကာင့္ မန္စီးတီးထံသြားမယ့္ ခရီးမွာ သူပါႏုိင္ဖို႔က သံသယရွိစရာ အေနအထား ျဖစ္ပါတယ္။

သီယာဂိုက ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရျခင္းေၾကာင့္ စပိန္မန္ေနဂ်ာက နယ္သာလန္၊ ဆြစ္ဇလန္နဲ႔ ဂ်ာမနီတို႔နဲ႔ ယွဥ္ျပိဳင္မယ့္ လက္ေရြးစင္ပြဲေတြမွာ သူ႔ကို ခ်န္ထားခဲ့တယ္။ သို႔ေပမယ့္ လီဗာပူးအသင္းဘက္က သီယာဂိုကို လူစာရင္းကေန ထုတ္ေပးဖို႔ အကူအညီေတာင္းခဲ့သလားဆိုတာက မရွင္းပါဘူး။

စပိန္သားဟာ မဲဝုဒ္မွာ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို ျပန္ဝင္ေနတာ ကာလတစ္ခု ရွိလာခဲ့ေပမယ့္ စီနီယာေလ့က်င့္ေရးေတြမွာေတာ့ ပါဝင္လာခဲ့ျခင္း မရွိဘူး။ အေျခအေန အားလံုးက ဒီညေနခင္း မန္စီးတီးပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာ ကေလာ့ပ္ ထုတ္ေျပာမွ သိရမွာျဖစ္လို႔ အားလံုးကလည္း ေစာင့္နားေထာင္ေနၾကပါတယ္။