မန်စီးတီးပွဲကြို မီဒီယာတွေ့ဆုံမှုမှ ကလော့ပ်ရဲ့ ပြောဆိုမှုများ

မန်စီးတီးပွဲနဲ့ ပက်သက်ပြီး

ငါတို့ ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမားတွေကိုပဲ လူစာရင်းမှာ ထုတ်သုံးပြီး ဒီခက်ခဲတဲ့ ပွဲကြပ်ကာလကို တတ်နိုင်သလောက် အကောင်းဆုံး ကျော်ဖြတ်မှာပါ။ ပွဲတွေနဲ့တကွ ဒီပြင်ဆင်မှုတွေကို ငါပျော်ပါတယ်။ ဒါပေမယ့်လို့ ဘာတစ်ခုမှ လွယ်ကူမှာ မဟုတ်ဘူး။

မန်စီးတီးပွဲက ဒီရာသီကို အဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူး။ လုပ်လိုက်ရအောင်ကွာ။ နှစ်သင်းလုံးအတွက် အရမ်း အရမ်း ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်။ ရာသီစမှာပဲ ကိစ္စတွေအများကြီးက ပြီးခဲ့တဲ့ ရာသီတွေကနဲ့ ခြားနားကုန်ပါပြီ။ အရင်နှစ်တွေ အဲ့မတိုင်ခင်နှစ်တွေကနဲ့ တူညီမှာ မဟုတ်ပါဘူး။

အိမ်ကွင်း၊ အဝေးကွင်း

ငါတို့အတွက်ကတော့ အန်ဖီးမှာ ကစားရတာကို ပိုကြိုက်ပါတယ်။ သိပ်ကောင်းတဲ့ နေရာပါ။ အစစ အရာရာ သိပ်ကောင်းတယ်။ ငါတို့ရဲ့ အိမ်လည်းဖြစ်တယ်။ အဝေးကွင်းက ခြားနားပါတယ်။ အိမ်ကွင်းဖြစ်စေ အဝေးကွင်းဖြစ်စေ ငါတို့ရဲ့ ပွဲကို ချဉ်းကပ်မှုကတော့ ခြားနားမှု မရှိပါဘူး။

တိုက်စစ် ရွေးချယ်မှု

ငါတို့မှာ တိုက်စစ်ပိုင်းအတွက် သုံးယောက်ထက် ပိုရွေးလို့ရလာတာအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ အိုရီဂီ၊ ရှာကွီရီ၊ မီနာမီနို အားလုံးကောင်းတယ်။ သူတို့တင် မဟုတ်ဘဲ ဂျိုတာကလည်း ခပ်မြန်မြန် အထိုင်ကျသွားပြီး အားလုံးကို လွယ်လွယ်ကူကူ လုပ်ဆောင်နေတယ်။ သူ့ရဲ့ ပါဝင်ပက်သက်မှုနဲ့ ကစားမှုတွေကိုလည်း ငါနှစ်သက်ပါတယ်။ ကံမကောင်းတာက ငါတို့မှာ တိုက်စစ်တစ်ခုတည်းကပဲ အတောင့်တင်းဆုံးဆိုတဲ့ နေရာဖြစ်နေပါတယ်။

သီယာဂို ပါမည်မဟုတ်

မန်စီးတီးနဲ့ပွဲမှာ သီယာဂို ပါမှာ မဟုတ်ဘူး။ သူ ပြန်ကစားနိုင်ဖို့ အဆင်သင့် မဖြစ်လောက်သေးဘူး။ ဒဏ်ရာက ခွဲစိတ်မှု လုပ်ဖို့ မလိုပေမယ့် ဒဏ်ရာဖြစ်နေဆဲပါပဲ။ သီယာဂို ရလိုက်တဲ့ ဒဏ်ရာက နေ့တိုင်း စောင့်ကြည့်ပေးဖို့ လိုပါတယ်။

မာတစ် အခြေအနေ

ဂျိုယေးက ပြန်သက်သာနေပါပြီ။ အသင်းနဲ့ လေ့ကျင့်ရေးဆင်းနေတာ ၈ ရက်၊ ၉ ရက်လောက် ရှိနေပြီ။ မန်စီးတီးပွဲပြီးရင် နောက်ထပ် ၁၄ ရက် လေ့ကျင့်ရေးဆင်းခွင့် ရပါမယ်။ ငါတို့ ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။

ဂိုးမက်စ်နဲ့ ပက်သက်လို့

သူက ငါ လီဗာပူးကို မရောက်တည်းက အသင်းကို ရောက်နေသူပါ။ ဘယ်အစွန်၊ ညာအစွန်နဲ့ ခံစစ် သုံးယောက်တန်းလုံးမှာ ကစားခဲ့တယ်။ သူက တိုရေး၊ ဆာခို၊ စကာတယ်၊ လိုဗရန်၊ ဗန်ဒိုက်၊ မာတစ်တို့နဲ့ တွဲကစားခဲ့ပါတယ်။ အဲ့ ပါတနာတွေနဲ့ တွဲကစားတုန်းက သူက ကလေးပါ။ အခုတော့ ပြောင်းလဲသွားပြီ သူက အရွယ်ရောက်လာပါပြီ။ သူ အကောင်းဆုံး လုပ်နေပါတယ်။

ZAWGYI

မန္စီးတီးပြဲႀကိဳ မီဒီယာေတြ႕ဆုံမႈမွ ကေလာ့ပ္ရဲ႕ ေျပာဆိုမႈမ်ား

မန္စီးတီးပြဲနဲ႔ ပက္သက္ျပီး

ငါတို႔ ၾကံ႕ခိုင္မႈ အေကာင္းဆံုး ကစားသမားေတြကိုပဲ လူစာရင္းမွာ ထုတ္သံုးျပီး ဒီခက္ခဲတဲ့ ပြဲၾကပ္ကာလကို တတ္ႏုိင္သေလာက္ အေကာင္းဆံုး ေက်ာ္ျဖတ္မွာပါ။ ပြဲေတြနဲ႔တကြ ဒီျပင္ဆင္မႈေတြကို ငါေပ်ာ္ပါတယ္။ ဒါေပမယ့္လို႔ ဘာတစ္ခုမွ လြယ္ကူမွာ မဟုတ္ဘူး။

မန္စီးတီးပြဲက ဒီရာသီကို အဆံုးအျဖတ္ေပးမွာ မဟုတ္ပါဘူး။ လုပ္လိုက္ရေအာင္ကြာ။ ႏွစ္သင္းလံုးအတြက္ အရမ္း အရမ္း ခက္ခဲတဲ့ပြဲ ျဖစ္လာမယ္။ ရာသီစမွာပဲ ကိစၥေတြအမ်ားၾကီးက ျပီးခဲ့တဲ့ ရာသီေတြကနဲ႔ ျခားနားကုန္ပါျပီ။ အရင္ႏွစ္ေတြ အဲ့မတိုင္ခင္ႏွစ္ေတြကနဲ႔ တူညီမွာ မဟုတ္ပါဘူး။

အိမ္ကြင္း၊ အေဝးကြင္း

ငါတို႔အတြက္ကေတာ့ အန္ဖီးမွာ ကစားရတာကို ပိုၾကိဳက္ပါတယ္။ သိပ္ေကာင္းတဲ့ ေနရာပါ။ အစစ အရာရာ သိပ္ေကာင္းတယ္။ ငါတို႔ရဲ႕ အိမ္လည္းျဖစ္တယ္။ အေဝးကြင္းက ျခားနားပါတယ္။ အိမ္ကြင္းျဖစ္ေစ အေဝးကြင္းျဖစ္ေစ ငါတို႔ရဲ႕ ပြဲကို ခ်ဥ္းကပ္မႈကေတာ့ ျခားနားမႈ မရွိပါဘူး။

တိုက္စစ္ ေရြးခ်ယ္မႈ

ငါတို႔မွာ တိုက္စစ္ပိုင္းအတြက္ သံုးေယာက္ထက္ ပိုေရြးလို႔ရလာတာအတြက္ ဘုရားသခင္ကို ေက်းဇူးတင္တယ္။ အိုရီဂီ၊ ရွာကီြရီ၊ မီနာမီႏို အားလံုးေကာင္းတယ္။ သူတို႔တင္ မဟုတ္ဘဲ ဂ်ိဳတာကလည္း ခပ္ျမန္ျမန္ အထိုင္က်သြားျပီး အားလံုးကို လြယ္လြယ္ကူကူ လုပ္ေဆာင္ေနတယ္။ သူ႔ရဲ႕ ပါဝင္ပက္သက္မႈနဲ႔ ကစားမႈေတြကိုလည္း ငါႏွစ္သက္ပါတယ္။ ကံမေကာင္းတာက ငါတို႔မွာ တိုက္စစ္တစ္ခုတည္းကပဲ အေတာင့္တင္းဆံုးဆိုတဲ့ ေနရာျဖစ္ေနပါတယ္။

သီယာဂို ပါမည္မဟုတ္

မန္စီးတီးနဲ႔ပြဲမွာ သီယာဂို ပါမွာ မဟုတ္ဘူး။ သူ ျပန္ကစားႏုိင္ဖို႔ အဆင္သင့္ မျဖစ္ေလာက္ေသးဘူး။ ဒဏ္ရာက ခြဲစိတ္မႈ လုပ္ဖို႔ မလိုေပမယ့္ ဒဏ္ရာျဖစ္ေနဆဲပါပဲ။ သီယာဂို ရလိုက္တဲ့ ဒဏ္ရာက ေန႔တိုင္း ေစာင့္ၾကည့္ေပးဖို႔ လိုပါတယ္။

မာတစ္ အေျခအေန

ဂ်ိဳေယးက ျပန္သက္သာေနပါျပီ။ အသင္းနဲ႔ ေလ့က်င့္ေရးဆင္းေနတာ ၈ ရက္၊ ၉ ရက္ေလာက္ ရွိေနျပီ။ မန္စီးတီးပြဲျပီးရင္ ေနာက္ထပ္ ၁၄ ရက္ ေလ့က်င့္ေရးဆင္းခြင့္ ရပါမယ္။ ငါတို႔ ဘာလုပ္ႏုိင္မလဲ ၾကည့္ၾကတာေပါ့။

ဂိုးမက္စ္နဲ႔ ပက္သက္လို႔

သူက ငါ လီဗာပူးကို မေရာက္တည္းက အသင္းကို ေရာက္ေနသူပါ။ ဘယ္အစြန္၊ ညာအစြန္နဲ႔ ခံစစ္ သံုးေယာက္တန္းလံုးမွာ ကစားခဲ့တယ္။ သူက တိုေရး၊ ဆာခို၊ စကာတယ္၊ လိုဗရန္၊ ဗန္ဒိုက္၊ မာတစ္တို႔နဲ႔ တြဲကစားခဲ့ပါတယ္။ အဲ့ ပါတနာေတြနဲ႔ တြဲကစားတုန္းက သူက ကေလးပါ။ အခုေတာ့ ေျပာင္းလဲသြားျပီ သူက အရြယ္ေရာက္လာပါျပီ။ သူ အေကာင္းဆံုး လုပ္ေနပါတယ္။