မန်နေဂျာယာဂင်ကလော့ပ်က မန်စီးတီးပွဲမတိုင်ခင်မှာ တိုက်စစ်သမားတွေဖြစ်တဲ့ ဂျိုတာနဲ့ ဖာမင်နိုအကြောင်း မှတ်ချက်စကားတွေ ပေးခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ တိုက်စစ်ပိုင်းအတွက် တစ်ဦးတည်းကိုပဲ ထားမလား၊ နှစ်ဦးလုံးကို တွဲသုံးမလားဆိုတာ မသေချာသေးပါဘူး။ ကာရေဂါကတော့ မန်နေဂျာကလော့ပ်က ဖာမင်နိုကို သေချာပေါက် ထုတ်သုံးလိမ့်မယ်လို့ ထုတ်ပြောထားပြီး တချိူ့ကလည်း ဂျိုတာကို ထုတ်သုံးမယ်လို့ မြင်နေကြတယ်။

မန်နေဂျာကလော့ပ်က မန်စီးတီးပွဲကြိုမှာ တိုက်စစ်ပိုင်း ရွေးချယ်စရာ များလာတာအတွက် ကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဖာမင်နို ဂျိုတာတို့နဲ့ ပက်သက်လို့တော့ အခုလို ပြောပါတယ်။

ဂျိုတာက ” ဂျိုတာနဲ့ ပက်သက်ပြီး မအံ့သြပါဘူး ဒါပေမယ့် အဲ့လောက်လည်း မမျှော်လင့်ထားပါဘူး။ ကောင်လေးတိုင်းကို အမြဲတမ်း အချိန်ပေးခဲ့တယ်။ ဗန်ဒိုက် တစ်ဦးတည်းက အသင်းနဲ့ လက်မှတ်ထိုးပြီး တစ်ပတ်အကြာမှာ စတင်ပွဲထွက်ခွင့်ရခဲ့တယ်။ ကစားသမားတိုင်းအတွက် အဲ့နည်းလမ်းအတိုင်း ကစားခွင့်ရခဲ့တာ မဟုတ်ပါဘူး။

ဂျိုတာက ကျနေ်ာတို့ လိုတဲ့ ကစားသမားပါ။ သူ့ကို နောက်ထပ် တစ်ဆင့်ကို ရောက်နိုင်အောင် ကျနေ်ာတို့ ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ အသက် ၂၃ ပဲ ရှိသေးတယ် ငယ်ပါသေးတယ် ပြင်းပြင်းထန်ထန် ကြိုးစားနေတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က ” ဘော်ဘီ ဘယ်လောက်ထိ ကောင်းလဲဆိုတာ ပြောဖို့ အချိန်တွေ ထပ်ဖြုန်းမနေတော့ပါဘူး။ ပွဲတွေအများကြီးမှာ သူက ဂိုးမသွင်းဘဲလည်း ခြားနားမှုတွေ လုပ်ပေးထားသူပါ ဒါ့အပြင် ဂိုးတွေသွင်းပြီးလည်း အသင်းအတွက် အကျိုးဖြစ်ထားပါတယ်။ သူ့ရဲ့ အရည်အချင်းတွေကို ဒီလို ပြောနေရတာကိုပဲ ကျနော် ရှက်နေမိပါတယ်။ ဒါကို မမြင်တဲ့ သူတွေကိုတော့ ပြောစရာစကား မရှိပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က မန္စီးတီးပြဲမတိုင္ခင္မွာ တိုက္စစ္သမားေတြျဖစ္တဲ့ ဂ်ိဳတာနဲ႔ ဖာမင္ႏိုအေၾကာင္း မွတ္ခ်က္စကားေတြ ေပးခဲ့ပါတယ္။

မန္စီးတီးနဲ႔ပြဲမွာ တိုက္စစ္ပိုင္းအတြက္ တစ္ဦးတည္းကိုပဲ ထားမလား၊ ႏွစ္ဦးလံုးကို တြဲသံုးမလားဆိုတာ မေသခ်ာေသးပါဘူး။ ကာေရဂါကေတာ့ မန္ေနဂ်ာကေလာ့ပ္က ဖာမင္ႏိုကို ေသခ်ာေပါက္ ထုတ္သံုးလိမ့္မယ္လို႔ ထုတ္ေျပာထားျပီး တခ်ိဴ႕ကလည္း ဂ်ိဳတာကို ထုတ္သံုးမယ္လို႔ ျမင္ေနၾကတယ္။

မန္ေနဂ်ာကေလာ့ပ္က မန္စီးတီးပြဲၾကိဳမွာ တိုက္စစ္ပိုင္း ေရြးခ်ယ္စရာ မ်ားလာတာအတြက္ ေက်နပ္ေၾကာင္း ေျပာဆိုခဲ့ျပီး ဖာမင္ႏို ဂ်ိဳတာတို႔နဲ႔ ပက္သက္လို႔ေတာ့ အခုလို ေျပာပါတယ္။

ဂ်ိဳတာက ” ဂ်ိဳတာနဲ႔ ပက္သက္ျပီး မအံ့ၾသပါဘူး ဒါေပမယ့္ အဲ့ေလာက္လည္း မေမွ်ာ္လင့္ထားပါဘူး။ ေကာင္ေလးတိုင္းကို အျမဲတမ္း အခ်ိန္ေပးခဲ့တယ္။ ဗန္ဒိုက္ တစ္ဦးတည္းက အသင္းနဲ႔ လက္မွတ္ထိုးျပီး တစ္ပတ္အၾကာမွာ စတင္ပြဲထြက္ခြင့္ရခဲ့တယ္။ ကစားသမားတိုင္းအတြက္ အဲ့နည္းလမ္းအတိုင္း ကစားခြင့္ရခဲ့တာ မဟုတ္ပါဘူး။

ဂ်ိဳတာက က်ေန္ာတို႔ လိုတဲ့ ကစားသမားပါ။ သူ႔ကို ေနာက္ထပ္ တစ္ဆင့္ကို ေရာက္ႏုိင္ေအာင္ က်ေန္ာတို႔ ကူညီေပးႏုိင္မယ္လို႔ ထင္ပါတယ္။ အသက္ ၂၃ ပဲ ရွိေသးတယ္ ငယ္ပါေသးတယ္ ျပင္းျပင္းထန္ထန္ ၾကိဳးစားေနတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” ေဘာ္ဘီ ဘယ္ေလာက္ထိ ေကာင္းလဲဆိုတာ ေျပာဖို႔ အခ်ိန္ေတြ ထပ္ျဖဳန္းမေနေတာ့ပါဘူး။ ပြဲေတြအမ်ားၾကီးမွာ သူက ဂိုးမသြင္းဘဲလည္း ျခားနားမႈေတြ လုပ္ေပးထားသူပါ ဒါ့အျပင္ ဂိုးေတြသြင္းျပီးလည္း အသင္းအတြက္ အက်ိဳးျဖစ္ထားပါတယ္။ သူ႔ရဲ႕ အရည္အခ်င္းေတြကို ဒီလို ေျပာေနရတာကိုပဲ က်ေနာ္ ရွက္ေနမိပါတယ္။ ဒါကို မျမင္တဲ့ သူေတြကိုေတာ့ ေျပာစရာစကား မရွိပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။