ဒီအပတ် အီသီဟတ်မှာ တွေ့ဆုံကြမယ့် မန်စီးတီးနဲ့ လီဗာပူးပွဲဟာ စိတ်လှုပ်ရှားစရာ ပွဲကောင်းဖြစ်လာမယ်လို့ မိုင်ကယ်အိုဝင်က ယုံကြည်နေပါတယ်။

လီဗာပူးမှာ ဗန်ဒိုက်၊ သီယာဂိုနဲ့ ဖာဘင်ညိုတို့ ပါဝင်လာဖို့ မရှိသလို မန်စီးတီးဘက်မှာလည်း တိုက်စစ်မှူး အဂွယ်ရို ပါဝင်လာမှာ မဟုတ်ပါဘူး။ နှစ်သင်းလုံးဟာ ဒီရာသီမှာ ပြန်လည် တည်ဆောက်မှုတွေ လုပ်နေပြီး မန်စီးတီးက ခံစစ်တန်း မာကျောလာသလို လီဗာပူးရဲ့ တိုက်စစ်ကလည်း ဒီရာသီမှာ ပိုကောင်းလာနေပါတယ်။

ပွဲနဲ့ ပက်သက်လို့ အိုဝင်က သူ့အမြင်ကို ပြောရာမှာ ” ဒီပွဲကို ကြည့်ရဖို့ မစောင့်နိုင်တော့ပါဘူး။ မနှစ်ကရာသီ ထိပ်ဆုံးနှစ်သင်းရဲ့ အီသီဟတ်ကွင်းက ထိပ်တိုက်တွေ့ဆုံမှုဟာ စိတ်လှုပ်ရှားစရာ ရင်ဆိုင်ပွဲဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ထားတယ်။

မန်စီးတီးက အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေပေမယ့် သူတို့ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အိမ်ကွင်းပွဲ ၉ ပွဲမှာ ၈ ပွဲထိကို အနိုင်ရထားတာ ဖြစ်ပါတယ်။ လီဗာပူးက ဗန်ဒိုက်ကို ဒဏ်ရာကြောင့် ဆုံးရံှူးထားသလို မန်စီးတီးကလည်း ခံစစ်အတွက် ပြဿနာတွေ ရှိနေဆဲဖြစ်တယ်။

ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုမှာ သွင်းဂိုးတွေ မြင်ရမယ်လို့ ထင်ပါတယ်။ လီဗာပူးရဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲက သွင်းဂိုး ၂.၅ ဂိုး အထက်တွေ ဖြစ်ထားတယ်။ ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုကလည်း သွင်းဂိုး အများနဲ့အတူ သရေပွဲတစ်ပွဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ အီသီဟတ္မွာ ေတြ႔ဆံုၾကမယ့္ မန္စီးတီးနဲ႔ လီဗာပူးပြဲဟာ စိတ္လႈပ္ရွားစရာ ပြဲေကာင္းျဖစ္လာမယ္လို႔ မိုင္ကယ္အိုဝင္က ယံုၾကည္ေနပါတယ္။

လီဗာပူးမွာ ဗန္ဒိုက္၊ သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ ပါဝင္လာဖို႔ မရွိသလို မန္စီးတီးဘက္မွာလည္း တိုက္စစ္မွဴး အဂြယ္ရို ပါဝင္လာမွာ မဟုတ္ပါဘူး။ ႏွစ္သင္းလံုးဟာ ဒီရာသီမွာ ျပန္လည္ တည္ေဆာက္မႈေတြ လုပ္ေနျပီး မန္စီးတီးက ခံစစ္တန္း မာေက်ာလာသလို လီဗာပူးရဲ႕ တိုက္စစ္ကလည္း ဒီရာသီမွာ ပိုေကာင္းလာေနပါတယ္။

ပြဲနဲ႔ ပက္သက္လို႔ အိုဝင္က သူ႔အျမင္ကို ေျပာရာမွာ ” ဒီပြဲကို ၾကည့္ရဖို႔ မေစာင့္ႏုိင္ေတာ့ပါဘူး။ မႏွစ္ကရာသီ ထိပ္ဆံုးႏွစ္သင္းရဲ႕ အီသီဟတ္ကြင္းက ထိပ္တိုက္ေတြ႔ဆံုမႈဟာ စိတ္လႈပ္ရွားစရာ ရင္ဆိုင္ပြဲျဖစ္လာမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။

မန္စီးတီးက အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရွိေနေပမယ့္ သူတို႔ဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ အိမ္ကြင္းပြဲ ၉ ပြဲမွာ ၈ ပြဲထိကို အႏုိင္ရထားတာ ျဖစ္ပါတယ္။ လီဗာပူးက ဗန္ဒိုက္ကို ဒဏ္ရာေၾကာင့္ ဆံုးရံွဴးထားသလို မန္စီးတီးကလည္း ခံစစ္အတြက္ ျပႆနာေတြ ရွိေနဆဲျဖစ္တယ္။

ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈမွာ သြင္းဂိုးေတြ ျမင္ရမယ္လို႔ ထင္ပါတယ္။ လီဗာပူးရဲ႕ ေနာက္ဆံုး ၁၀ ပြဲမွာ ၉ ပြဲက သြင္းဂိုး ၂.၅ ဂိုး အထက္ေတြ ျဖစ္ထားတယ္။ ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈကလည္း သြင္းဂိုး အမ်ားနဲ႔အတူ သေရပြဲတစ္ပြဲ ျဖစ္သြားမယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။