ကမ္ဘာဘောလုံး ဂန္တဝင်ကြီး ကာဖူးက လီဗာပူးအသင်းရဲ့ ညာအစွန်လူ ထရန့်ကို အတော်လေး မျှော်လင့်နေဟန်ရှိပြီး ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဆိုတဲ့ ထိုင်ခုံကို ရနိုင်ဖို့ ကြိုးစားရမှာတွေကို သတိပေးမှုတစ်ခု လုပ်သွားပါတယ်။

လီဗာပူးအကယ်ဒမီထွက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်သလို သူဟာ ဥရောပဘောလုံးလောကမှာလည်း နာမည်ရှိသူဖြစ်တယ်။ အထူးသဖြင့် ဘာစီလိုနာကို အနိုင်ရမှုမှာ သူ့ရဲ့ ပါးနပ်ထူးချွန်မှုက သူ့နာမည်တစ်လုံးကို လူတိုင်းသိအောင် လုပ်ပြနိုင်စွမ်း ရှိခဲ့ပါတယ်။

ကာဖူးက ” ထရန့်က တမူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူက တိုက်ခိုက်မှုတွေ လုပ်ဖို့ကိုလည်း ကြောက်ရွံ့သူ မဟုတ်ဘူး။ ဖိအားပေးတာ၊ လိမ်ခေါက်ကျော်ဖြတ်တာ၊ ကစားတာ ဂိုးသွင်းတာ ဒီကိုယ်ရည်ကိုယ်သွေးတွေ အားလုံးမှာ သူက တိုးတက်လာပါတယ်။ ဒီတိုးတက်မှုတွေကပဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားထဲမှာ သူ့ကို ပါဝင်နေစေတာပါ။

ဒီကောင်းမွန်မှုတွေ အားလုံးကို သူဆက်ထိန်းနိုင်ဖို့ လိုပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ သူ့ရဲ့ ဘောလုံးပေးမှုနဲ့ ဖြတ်တင်ဘာတွေကို ဒိထက် ပိုပြီး တိကျ ပြည့်စုံလာအောင် လုပ်တဲ့ အပိုင်းတွေမှာပေါ့။

ကမ္ဘာဖလားချန်ပီယံကတော့ သူ့ကို အကောင်းဆုံးတွေထဲက တစ်ဦးဆိုတဲ့ ထိုင်ခုံကို ရစေမှာပါ။ ငါက ကမ္ဘာဖလားကို ၂ ကြိမ် အနိုင်ရခဲ့တယ်။ ဗိုလ်လုပွဲကို ၃ ကြိမ်ဆက် တက်ရောက်ခဲ့တယ်။ ဒါပေမယ့် ထရန့်က ငယ်ရွယ်သေးပြီး မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေပါတယ်။ အနာဂတ်မှာတော့ သူဟာ အင်္ဂလန်တင်မဟုတ်ဘဲ ကမ္ဘာအကောင်းဆုံး ညာအစွန်လူတစ်ဦး ဖြစ်လာမှာပါ။

ပရော်ဖက်ရှင်နယ် အားကစားသမားတွေနဲ့ ဘောလုံးသမားတွေကြားမှာ ကြီးမားတဲ့ ခြားနားမှု ရှိပါတယ်။ ပရော်ဖက်ရှင်နယ် အားကစားသမားကောင်း ဖြစ်လာဖို့အတွက် ငါ အကြံပေးချင်တယ်။ အာရုံစူးစိုက်ပါ၊ အပြည့်အဝ နစ်မြုပ်စူးစိုက်ပါ၊ လုံးလုံးလျာလျာ အာရုံစိုက်ပါ။ ကိုယ်ဘာလုပ်နေလဲဆိုတာကို အာရုံစိုက်ထားတဲ့ စိတ်ဓါတ်မျိုး ရှိဖို့ပါပဲ ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးဂန္တဝင်ကြီးက ထရန့်ကို ကမ္ဘာဖလား ကိုင်မြောက်နိုင်အောင် ကြိုးစားဖို့ အကြံပေးခဲ့တာဖြစ်ပြီး သူဟာ မကြာသေးခင်ကလည်း ဆက်ပြီး ကြိုးစားမှုနဲ့အတူ ဘလွန်းဒီအော့ဆုကို စိန်ခေါ်ဖို့လည်း ထရန့်ကို တိုက်တွန်းခဲ့သေးသူ ဖြစ်ပါတယ်။

ZAWGYI

ကမၻာေဘာလံုး ဂႏၱဝင္ၾကီး ကာဖူးက လီဗာပူးအသင္းရဲ႕ ညာအစြန္လူ ထရန္႔ကို အေတာ္ေလး ေမွ်ာ္လင့္ေနဟန္ရွိျပီး ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးဆိုတဲ့ ထိုင္ခံုကို ရႏုိင္ဖို႔ ၾကိဳးစားရမွာေတြကို သတိေပးမႈတစ္ခု လုပ္သြားပါတယ္။

လီဗာပူးအကယ္ဒမီထြက္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္သလို သူဟာ ဥေရာပေဘာလံုးေလာကမွာလည္း နာမည္ရွိသူျဖစ္တယ္။ အထူးသျဖင့္ ဘာစီလိုနာကို အႏုိင္ရမႈမွာ သူ႔ရဲ႕ ပါးနပ္ထူးခၽြန္မႈက သူ႔နာမည္တစ္လံုးကို လူတိုင္းသိေအာင္ လုပ္ျပႏုိင္စြမ္း ရွိခဲ့ပါတယ္။

ကာဖူးက ” ထရန္႔က တမူထူးျခားတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ သူက တိုက္ခိုက္မႈေတြ လုပ္ဖို႔ကိုလည္း ေၾကာက္ရြံ႔သူ မဟုတ္ဘူး။ ဖိအားေပးတာ၊ လိမ္ေခါက္ေက်ာ္ျဖတ္တာ၊ ကစားတာ ဂိုးသြင္းတာ ဒီကိုယ္ရည္ကိုယ္ေသြးေတြ အားလံုးမွာ သူက တိုးတက္လာပါတယ္။ ဒီတိုးတက္မႈေတြကပဲ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားထဲမွာ သူ႔ကို ပါဝင္ေနေစတာပါ။

ဒီေကာင္းမြန္မႈေတြ အားလံုးကို သူဆက္ထိန္းႏုိင္ဖို႔ လိုပါတယ္။ သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ အေျခအေန၊ သူ႔ရဲ႕ ေဘာလံုးေပးမႈနဲ႔ ျဖတ္တင္ဘာေတြကို ဒိထက္ ပိုျပီး တိက် ျပည့္စံုလာေအာင္ လုပ္တဲ့ အပိုင္းေတြမွာေပါ့။

ကမၻာဖလားခ်န္ပီယံကေတာ့ သူ႔ကို အေကာင္းဆံုးေတြထဲက တစ္ဦးဆိုတဲ့ ထိုင္ခံုကို ရေစမွာပါ။ ငါက ကမၻာဖလားကို ၂ ၾကိမ္ အႏုိင္ရခဲ့တယ္။ ဗိုလ္လုပြဲကို ၃ ၾကိမ္ဆက္ တက္ေရာက္ခဲ့တယ္။ ဒါေပမယ့္ ထရန္႔က ငယ္ရြယ္ေသးျပီး မွန္ကန္တဲ့ လမ္းေၾကာင္းမွာ ရွိေနပါတယ္။ အနာဂတ္မွာေတာ့ သူဟာ အဂၤလန္တင္မဟုတ္ဘဲ ကမၻာအေကာင္းဆံုး ညာအစြန္လူတစ္ဦး ျဖစ္လာမွာပါ။

ပေရာ္ဖက္ရွင္နယ္ အားကစားသမားေတြနဲ႔ ေဘာလံုးသမားေတြၾကားမွာ ၾကီးမားတဲ့ ျခားနားမႈ ရွိပါတယ္။ ပေရာ္ဖက္ရွင္နယ္ အားကစားသမားေကာင္း ျဖစ္လာဖို႔အတြက္ ငါ အၾကံေပးခ်င္တယ္။ အာရံုစူးစိုက္ပါ၊ အျပည့္အဝ နစ္ျမဳပ္စူးစိုက္ပါ၊ လံုးလံုးလ်ာလ်ာ အာရံုစိုက္ပါ။ ကိုယ္ဘာလုပ္ေနလဲဆိုတာကို အာရံုစိုက္ထားတဲ့ စိတ္ဓါတ္မ်ိဳး ရွိဖို႔ပါပဲ ” လို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးဂႏၱဝင္ၾကီးက ထရန္႔ကို ကမၻာဖလား ကိုင္ေျမာက္ႏုိင္ေအာင္ ၾကိဳးစားဖို႔ အၾကံေပးခဲ့တာျဖစ္ျပီး သူဟာ မၾကာေသးခင္ကလည္း ဆက္ျပီး ၾကိဳးစားမႈနဲ႔အတူ ဘလြန္းဒီေအာ့ဆုကို စိန္ေခၚဖို႔လည္း ထရန္႔ကို တိုက္တြန္းခဲ့ေသးသူ ျဖစ္ပါတယ္။