မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက လီဗာပူးပွဲကြို အရေးပါတဲ့ အဖြေတွေကို ပေးရာမှာ အဓိက တိုက်စစ်သမား အဂွယ်ရို ပါနိုင်မှာ မဟုတ်တဲ့အကြောင်းကိုလည်း ထုတ်ပြောခဲ့တယ်။

မန်စီးတီးနဲ့ လီဗာပူးပွဲမှာ အဂွယ်ရို ပါဝင်နိုင်မလားဆိုတဲ့ အမေးကို ဂွာဒီယိုလာက “ မပါနိုင်ပါဘူး။ သူက အဆင်သင့်မဖြစ်သေးဘူး။ အခုထိ အဆင်သင့် မဖြစ်သေးပါဘူး ” လို့ တုန့်ပြန်ပါတယ်။

မန်စီးတီးမှာ တိုက်စစ်သမား အဂွယ်ရို ဒဏ်ရာရနေပေမယ့် ဂျီဆုကတော့ ပြန်လည် ကစားနိုင်နေပါပြီ။ ကြားရက်က အိုလံပီယာကိုစ့်ပွဲမှာ လူစားဝင်လာခဲ့ပြီး ဂိုးလည်း သွင်းယူသွားခဲ့တယ်။ ဘရာဇီးသားဟာ ဒီအပတ်ပွဲမှာ ပါဝင်ခွင့်ရမယ့် အနေအထားဖြစ်တယ်။

လီဗာပူးကော မန်စီးတီးပါ ဒီရာသီအစမှာတင် ရံှူးပွဲတွေ၊ သရေပွဲတွေ ရင်ဆိုင်ရမှုတွေ ရှိထားခဲ့တယ်။ ဒါပေမယ့် ရာသီ အစပိုင်းမှာပဲ ရှိသေးပြီး အမှတ်ပေးချန်ပီယံဖြစ်ဖို့က ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုနဲ့တင် ပြီးသွားမှာ မဟုတ်ဘဲ အဆုံးထိ ယှဉ်ပြိုင်ရမှာပါလို့ ဂွာဒီယိုလာက ပြောပါတယ်။

သူကပဲ “ ဒီပွဲက အရေးပါတဲ့ပွဲပါ ဒါပေမယ့် အမေရိကန်ရဲ့ သမ္မတ ရွေးကောက်ပွဲလိုပေါ့။ မဲအားလုံးကို ရေတွက်ရမှာပဲဖြစ်ပါတယ်။ ရမှတ်တွေအတွက် ပွဲတွေ အများကြီး ကစားရဖို့ ကျန်ပါသေးတယ်။

အတောင့်တင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ရတာက အမြဲတမ်း ကောင်းပါတယ်။ မနှစ်တုန်းက လီဗာပူးက ပိုတောင့်တင်းတဲ့အသင်း ဖြစ်ထားတာပါ။ သူတို့က သိပ်ကောင်းတဲ့ အသင်းကောင်းဖြစ်ပြီး ကာလရှည် နည်းပြနေတဲ့ မန်နေဂျာလည်းရှိတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ရတာက ကျနေ်ာတို့ရဲ့ အဆင့်အတန်းကိုလည်း တိုးတက်လာစေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက လီဗာပူးပြဲၾကိဳ အေရးပါတဲ့ အေျဖေတြကို ေပးရာမွာ အဓိက တိုက္စစ္သမား အဂြယ္ရို ပါႏုိင္မွာ မဟုတ္တဲ့အေၾကာင္းကိုလည္း ထုတ္ေျပာခဲ့တယ္။

မန္စီးတီးနဲ႔ လီဗာပူးပြဲမွာ အဂြယ္ရို ပါဝင္ႏုိင္မလားဆိုတဲ့ အေမးကို ဂြာဒီယိုလာက “ မပါႏုိင္ပါဘူး။ သူက အဆင္သင့္မျဖစ္ေသးဘူး။ အခုထိ အဆင္သင့္ မျဖစ္ေသးပါဘူး ” လို႔ တုန္႔ျပန္ပါတယ္။

မန္စီးတီးမွာ တိုက္စစ္သမား အဂြယ္ရို ဒဏ္ရာရေနေပမယ့္ ဂ်ီဆုကေတာ့ ျပန္လည္ ကစားႏုိင္ေနပါျပီ။ ၾကားရက္က အိုလံပီယာကိုစ့္ပြဲမွာ လူစားဝင္လာခဲ့ျပီး ဂိုးလည္း သြင္းယူသြားခဲ့တယ္။ ဘရာဇီးသားဟာ ဒီအပတ္ပြဲမွာ ပါဝင္ခြင့္ရမယ့္ အေနအထားျဖစ္တယ္။

လီဗာပူးေကာ မန္စီးတီးပါ ဒီရာသီအစမွာတင္ ရံွဴးပြဲေတြ၊ သေရပြဲေတြ ရင္ဆိုင္ရမႈေတြ ရွိထားခဲ့တယ္။ ဒါေပမယ့္ ရာသီ အစပိုင္းမွာပဲ ရွိေသးျပီး အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔က ဒီတစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈနဲ႔တင္ ျပီးသြားမွာ မဟုတ္ဘဲ အဆံုးထိ ယွဥ္ျပိဳင္ရမွာပါလို႔ ဂြာဒီယိုလာက ေျပာပါတယ္။

သူကပဲ “ ဒီပြဲက အေရးပါတဲ့ပြဲပါ ဒါေပမယ့္ အေမရိကန္ရဲ႕ သမၼတ ေရြးေကာက္ပြဲလိုေပါ့။ မဲအားလံုးကို ေရတြက္ရမွာပဲျဖစ္ပါတယ္။ ရမွတ္ေတြအတြက္ ပြဲေတြ အမ်ားၾကီး ကစားရဖို႔ က်န္ပါေသးတယ္။

အေတာင့္တင္းဆံုး အသင္းေတြနဲ႔ ယွဥ္ျပိဳင္ရတာက အျမဲတမ္း ေကာင္းပါတယ္။ မႏွစ္တုန္းက လီဗာပူးက ပိုေတာင့္တင္းတဲ့အသင္း ျဖစ္ထားတာပါ။ သူတို႔က သိပ္ေကာင္းတဲ့ အသင္းေကာင္းျဖစ္ျပီး ကာလရွည္ နည္းျပေနတဲ့ မန္ေနဂ်ာလည္းရွိတယ္။ သူတို႔နဲ႔ ယွဥ္ျပိဳင္ရတာက က်ေန္ာတို႔ရဲ႕ အဆင့္အတန္းကိုလည္း တိုးတက္လာေစပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။