လီဗာပူးအသင်းဟာ မန်စီးတီးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အပြီးမှာ မဲဝုဒ်ကို စွန့်ခွာကာ နိုင်ငံတကာ သီတင်းပတ် အကုန်မှာတော့ ကီရာဘီ လေ့ကျင့်ရေးကွင်းသစ်ထံ အပြီးသတ် ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

ဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေ အစပြုခဲ့တဲ့ နှစ်ပေါင်း ၆၀ ကြာ ပထမအသင်း လေ့ကျင့်ရေးအခြေစိုက်ဌာနေဟာ မကြာခင်မှာ အပြီးသတ် နိဂုံးချုပ်တော့မှာ ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က စီနီယာနဲ့ လူငယ်အသင်းတွေကို တစ်နေရာတည်းကနေ စီမံဖို့အတွက် အသင်းရဲ့ လေ့ကျင့်ရေးနေရာကို ကီရာဘီကို ရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးကွင်းသစ်ကိုတော့ အက်ဆာ လေ့ကျင့်ရေးစင်တာ လို့ သုံးစွဲသွားမှာဖြစ်တယ်။ လီဗာပူးပထမအသင်းအတွက် မော်ဒန်ခေတ် အသုံးအဆောင်တွေ အားလုံးပါဝင်မယ့် လေ့ကျင့်ရေးစင်တာသစ်လည်း ဖြစ်လာပါမယ်။

မဲဝုဒ်ကို ခွဲခွာရမှာနဲ့ ပက်သက်လို့ ကလော့ပ်က “ ခံစားချက်တွေ ရောထွေးနေတယ်ဗျာ။ တကယ်ကို ခံစားချက်တွေ ရောထွေးနေပါတယ်ဗျာ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကီရာဘီကို ပြောင်းရွှေ့ရမှာအတွက်လည်း ပျော်ပါတယ်။ မဲဝုဒ်ကို စွန့်ခွာရမှာအတွက်လည်း ဝမ်းနည်းပါတယ်။

ဒီတော့ ထူးဆန်းတဲ့ ခံစားချက်ပေါ့ဗျာ။ အခုချိန်ထိတော့ သေချာကြီး မပြောနိုင်သေးပါဘူး။ ကျနော်ရဲ့ ကိုယ်ရေးအရာရှိက ကျနော် ရုံးထဲက လိုအပ်တာတွေ အားလုံးကို ပြောင်းရွှေ့ထားပြီး ဖြစ်ပါတယ်။ ဒီတော့ ပြောင်းလဲတာတွေကို တစ်ဆင့်ချင်းပဲ စတင်လုပ်ဆောင်နေပါပြီ။

မဲဝုဒ်ကို လွမ်းနေတော့မှာပါ။ မဲဝုဒ်က အရမ်းကောင်းပြီး အရမ်းကို အရေးပါခဲ့တယ်။ ကျနော် ဘဝအတွက် အရေးပါတဲ့နေရာဖြစ်ပြီး တကယ်ကို သတိရနေပါမယ်။ ဒါပေမယ့်လို့ ကီရာဘီကလည်း သိပ်ကောင်းတဲ့နေရာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ မန္စီးတီးပြဲအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ အျပီးမွာ မဲဝုဒ္ကို စြန္႔ခြာကာ ႏုိင္ငံတကာ သီတင္းပတ္ အကုန္မွာေတာ့ ကီရာဘီ ေလ့က်င့္ေရးကြင္းသစ္ထံ အျပီးသတ္ ေျပာင္းေရႊ႔ေတာ့မွာျဖစ္ပါတယ္။

ဂႏၱဝင္မန္ေနဂ်ာၾကီး ဘီရွန္ကေလ အစျပဳခဲ့တဲ့ ႏွစ္ေပါင္း ၆၀ ၾကာ ပထမအသင္း ေလ့က်င့္ေရးအေျခစိုက္ဌာေနဟာ မၾကာခင္မွာ အျပီးသတ္ နိဂံုးခ်ဳပ္ေတာ့မွာ ျဖစ္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္က စီနီယာနဲ႔ လူငယ္အသင္းေတြကို တစ္ေနရာတည္းကေန စီမံဖို႔အတြက္ အသင္းရဲ႕ ေလ့က်င့္ေရးေနရာကို ကီရာဘီကို ေရြ႔ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းသစ္ကိုေတာ့ အက္ဆာ ေလ့က်င့္ေရးစင္တာ လို႔ သံုးစြဲသြားမွာျဖစ္တယ္။ လီဗာပူးပထမအသင္းအတြက္ ေမာ္ဒန္ေခတ္ အသံုးအေဆာင္ေတြ အားလံုးပါဝင္မယ့္ ေလ့က်င့္ေရးစင္တာသစ္လည္း ျဖစ္လာပါမယ္။

မဲဝုဒ္ကို ခြဲခြာရမွာနဲ႔ ပက္သက္လို႔ ကေလာ့ပ္က “ ခံစားခ်က္ေတြ ေရာေထြးေနတယ္ဗ်ာ။ တကယ္ကို ခံစားခ်က္ေတြ ေရာေထြးေနပါတယ္ဗ်ာ။ ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ကီရာဘီကို ေျပာင္းေရႊ႔ရမွာအတြက္လည္း ေပ်ာ္ပါတယ္။ မဲဝုဒ္ကို စြန္႔ခြာရမွာအတြက္လည္း ဝမ္းနည္းပါတယ္။

ဒီေတာ့ ထူးဆန္းတဲ့ ခံစားခ်က္ေပါ့ဗ်ာ။ အခုခ်ိန္ထိေတာ့ ေသခ်ာၾကီး မေျပာႏုိင္ေသးပါဘူး။ က်ေနာ္ရဲ႕ ကိုယ္ေရးအရာရွိက က်ေနာ္ ရံုးထဲက လိုအပ္တာေတြ အားလံုးကို ေျပာင္းေရႊ႔ထားျပီး ျဖစ္ပါတယ္။ ဒီေတာ့ ေျပာင္းလဲတာေတြကို တစ္ဆင့္ခ်င္းပဲ စတင္လုပ္ေဆာင္ေနပါျပီ။

မဲဝုဒ္ကို လြမ္းေနေတာ့မွာပါ။ မဲဝုဒ္က အရမ္းေကာင္းျပီး အရမ္းကို အေရးပါခဲ့တယ္။ က်ေနာ္ ဘဝအတြက္ အေရးပါတဲ့ေနရာျဖစ္ျပီး တကယ္ကို သတိရေနပါမယ္။ ဒါေပမယ့္လို႔ ကီရာဘီကလည္း သိပ္ေကာင္းတဲ့ေနရာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။