လီဗာပူးအသင်းကို မန်နေဂျာအဖြစ် ယာဂင်ကလော့ပ် ဝင်ရောက်လာပြီးတဲ့နောက်မှာ ဒဏ်ရာပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်ရတာက သုံးကြိမ်ရှိလာပြီဖြစ်ပါတယ်။

ပထမဆုံးအကြိမ်က လီဗာပူးရဲ့ ကစားကွက်ကို ဖိအားပေးဟန် ပြောင်းလဲခဲ့တဲ့ ၂၀၁၆ မှာဖြစ်ပြီး စီနီယာအသင်းသား ၁၁ ဦးထိ တောက်လျှောက် ဒဏ်ရာရခဲ့တာပါ။ ကော်တင်ညို၊ ဟန်ဒါဆန်၊ ဂိုးမက်စ်၊ စတားရစ်၊ စကာတယ်၊ ဆာခိုတို့ ပါဝင်ခဲ့ပြီး အတော်လေး ခက်ခဲခဲ့သလို အဲ့တုန်းက လီဗာပူးအသင်းဟာ ဥရောပဝင်ခွင့်တောင် မရခဲ့ပါဘူး။

ဒုတိယအကြိမ်ကတော့ ၂၀၁၇ မှာဖြစ်ပြီး တစ်ချိန်တည်းမှာ ကော်တင်ညို၊ လယ်လာနာ၊ စတားရစ်၊ မာနေး၊ မာတစ်၊ ဖာမင်နို၊ ဟန်ဒါဆန်တို့ ဒဏ်ရာရခဲ့တာဖြစ်တယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ်က အဆင့်ထိုးကျလာခဲ့ပြီး နောက်ဆုံးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် အဆင့် ၄ ကနေ အတော်လေး ကြိုးစားခဲ့ရတာဖြစ်တယ်။

ဒီရာသီကတော့ တတိယမြောက်အကြိမ် ဖြစ်လာခဲ့ပါပြီ။ ရာသီသစ် စတင်လာပြီး ၃ လလောက်ပဲ ရှိသေးချိန်မှာ စီနီယာအသင်းသား ၁၄ ဦးထိ ဒဏ်ရာရလာခဲ့ပြီဖြစ်ကာ နောက်ဆုံး ဒဏ်ရာရသူကတော့ ဂိုးမက်စ်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ်မှာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒီရာသီဟာ ကပ်ဘေးကြောင့် ပွဲကာလ တိုတောင်းပေမယ့် ပွဲစဉ် တစ်ခုမှ မလျော့ပဲ ယှဉ်ပြိုင်နေရတာပါ။ ဒီအခြေအနေမှာ ဒဏ်ရာရ ကစားသမားတွေ များနိုင်တယ်ဆိုတာကို ကြိုတွက်ထားတာကြောင့် မန်နေဂျာကလော့ပ်ဟာ လူသစ် ၃ ဦး ခေါ်ယူခဲ့သလို လူငယ်တွေကိုလည်း နေရာပေးမှု လုပ်လာခဲ့တယ်။

ဒါပေမယ့်လည်း ကြိုတင် တွက်ချက်လို့မရခဲ့တဲ့ ကိုဗစ်ပိုး ကူးစက်ခံရမှုတွေ၊ ပွဲစဉ်နဲ့ လေ့ကျင့်ရေးတွင်း ဒဏ်ရာရမှုတွေကြောင့် အခုဆိုရင် စီနီယာ ခံစစ်သမားတွေထဲမှာ ဒဏ်ရာမရဘဲ ကြံ့ခိုင်မှု ကောင်းနေသူဆိုလို့ ရော်ဘတ်ဆန် တစ်ဦးသာ ကျန်ပါတော့တယ်။

လက်ရှိမှာ ဗန်ဒိုက် ကာလရှည် ဒဏ်ရာရနေသလို ဂိုးမက်စ်ကလည်း ကာလရှည် ဒဏ်ရာဖြစ်ဖို့ များနေပါတယ်။ မာတစ်က ကြံ့ခိုင်မှုပိုင်းမှာ အမြဲရုန်းကန်နေရသလို ဖာဘင်ညိုကလည်း အသေးစား တံကောက်ကြောဒဏ်ရာ ရထားတာပါ။ ထရန့်ကလည်း ၄ ပတ်ထိ အနားယူရမှာဖြစ်တယ်။ လီဗာပူးမှာ အားဖြည့်စရာဆိုလို့ နီကိုး၊ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ပဲ ကျန်ရှိပါတယ်။

နိုင်ငံတကာသီတင်းပတ်အပြီး ပြန်လည်စတင်မယ့် လက်စတာပွဲကနေ ဇန်နဝါရီဈေးကွက် စဖွင့်တဲ့ ရက်အတွင်းမှာ လီဗာပူးက ပရီးမီးယားလိဂ်ပွဲ ၈ ပွဲ၊ ချန်ပီယံလိဂ်ပွဲ ၃ ပွဲထိ ကစားရမှာဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ယာဂင်ဟာ ရောက်မလာသေးတဲ့ ဈေးကွက်ကို လမ်းမျှော်နေဖို့ထက် ဒီပွဲတွေအတွက် ရလဒ်ကောင်းယူဖို့ စတင် အကြံထုတ်နေမယ်လို့ ယုံကြည်ရတယ်။

အကောင်းမြင်ဖို့ရာတော့ ၂ ပတ်ကြာ ဘောလုံးပွဲ မကစားရကာ အနားယူနေရမယ့် မာတစ်နဲ့ ဖာဘင်ညိုတို့ ကြံ့ခိုင်မှု ပိုကောင်းလာဖို့ပဲဖြစ်တယ်။ လူငယ် ခံစစ်သမား နှစ်ဦးနဲ့ စီနီယာတွေ ခံစစ်မှာ ဆက်လက် တည်ငြိမ်နေဖို့နဲ့အတူ လီဗာပူးမန်နေဂျာဘဝ အဆိုးဆုံးသော ဒဏ်ရာ ပြဿနာတွေကို ရင်ဆိုင်နေရမှုကို မန်နေဂျာကလော့ပ် အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းကို မန္ေနဂ်ာအျဖစ္ ယာဂင္ကေလာ့ပ္ ဝင္ေရာက္လာျပီးတဲ့ေနာက္မွာ ဒဏ္ရာျပႆနာကို ၾကီးၾကီးမားမား ရင္ဆိုင္ရတာက သံုးၾကိမ္ရွိလာျပီျဖစ္ပါတယ္။

ပထမဆံုးအၾကိမ္က လီဗာပူးရဲ႕ ကစားကြက္ကို ဖိအားေပးဟန္ ေျပာင္းလဲခဲ့တဲ့ ၂၀၁၆ မွာျဖစ္ျပီး စီနီယာအသင္းသား ၁၁ ဦးထိ ေတာက္ေလွ်ာက္ ဒဏ္ရာရခဲ့တာပါ။ ေကာ္တင္ညိဳ၊ ဟန္ဒါဆန္၊ ဂိုးမက္စ္၊ စတားရစ္၊ စကာတယ္၊ ဆာခိုတို႔ ပါဝင္ခဲ့ျပီး အေတာ္ေလး ခက္ခဲခဲ့သလို အဲ့တုန္းက လီဗာပူးအသင္းဟာ ဥေရာပဝင္ခြင့္ေတာင္ မရခဲ့ပါဘူး။

ဒုတိယအၾကိမ္ကေတာ့ ၂၀၁၇ မွာျဖစ္ျပီး တစ္ခ်ိန္တည္းမွာ ေကာ္တင္ညိဳ၊ လယ္လာနာ၊ စတားရစ္၊ မာေနး၊ မာတစ္၊ ဖာမင္ႏို၊ ဟန္ဒါဆန္တို႔ ဒဏ္ရာရခဲ့တာျဖစ္တယ္။ လီဗာပူးအသင္းဟာ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္တဲ့ အသင္းအျဖစ္က အဆင့္ထိုးက်လာခဲ့ျပီး ေနာက္ဆံုးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုေတာင္ အဆင့္ ၄ ကေန အေတာ္ေလး ၾကိဳးစားခဲ့ရတာျဖစ္တယ္။

ဒီရာသီကေတာ့ တတိယေျမာက္အၾကိမ္ ျဖစ္လာခ့ဲပါျပီ။ ရာသီသစ္ စတင္လာျပီး ၃ လေလာက္ပဲ ရွိေသးခ်ိန္မွာ စီနီယာအသင္းသား ၁၄ ဦးထိ ဒဏ္ရာရလာခ့ဲျပီျဖစ္ကာ ေနာက္ဆံုး ဒဏ္ရာရသူကေတာ့ ဂိုးမက္စ္ျဖစ္ျပီး အဂၤလန္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းစဥ္မွာ ရရွိခဲ့ျခင္း ျဖစ္ပါတယ္။

ဒီရာသီဟာ ကပ္ေဘးေၾကာင့္ ပြဲကာလ တိုေတာင္းေပမယ့္ ပြဲစဥ္ တစ္ခုမွ မေလ်ာ့ပဲ ယွဥ္ျပိဳင္ေနရတာပါ။ ဒီအေျခအေနမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားႏုိင္တယ္ဆိုတာကို ၾကိဳတြက္ထားတာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ လူသစ္ ၃ ဦး ေခၚယူခဲ့သလို လူငယ္ေတြကိုလည္း ေနရာေပးမႈ လုပ္လာခဲ့တယ္။

ဒါေပမယ့္လည္း ၾကိဳတင္ တြက္ခ်က္လို႔မရခဲ့တဲ့ ကိုဗစ္ပိုး ကူးစက္ခံရမႈေတြ၊ ပြဲစဥ္နဲ႔ ေလ့က်င့္ေရးတြင္း ဒဏ္ရာရမႈေတြေၾကာင့္ အခုဆိုရင္ စီနီယာ ခံစစ္သမားေတြထဲမွာ ဒဏ္ရာမရဘဲ ၾကံ႔ခိုင္မႈ ေကာင္းေနသူဆိုလို႔ ေရာ္ဘတ္ဆန္ တစ္ဦးသာ က်န္ပါေတာ့တယ္။

လက္ရွိမွာ ဗန္ဒိုက္ ကာလရွည္ ဒဏ္ရာရေနသလို ဂိုးမက္စ္ကလည္း ကာလရွည္ ဒဏ္ရာျဖစ္ဖို႔ မ်ားေနပါတယ္။ မာတစ္က ၾကံ႕ခိုင္မႈပိုင္းမွာ အျမဲရုန္းကန္ေနရသလို ဖာဘင္ညိဳကလည္း အေသးစား တံေကာက္ေၾကာဒဏ္ရာ ရထားတာပါ။ ထရန္႔ကလည္း ၄ ပတ္ထိ အနားယူရမွာျဖစ္တယ္။ လီဗာပူးမွာ အားျဖည့္စရာဆိုလို႔ နီကိုး၊ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ပဲ က်န္ရွိပါတယ္။

ႏုိင္ငံတကာသီတင္းပတ္အျပီး ျပန္လည္စတင္မယ့္ လက္စတာပြဲကေန ဇန္နဝါရီေစ်းကြက္ စဖြင့္တဲ့ ရက္အတြင္းမွာ လီဗာပူးက ပရီးမီးယားလိဂ္ပြဲ ၈ ပြဲ၊ ခ်န္ပီယံလိဂ္ပြဲ ၃ ပြဲထိ ကစားရမွာျဖစ္ပါတယ္။ လက္ေတြ႔က်တဲ့ ယာဂင္ဟာ ေရာက္မလာေသးတဲ့ ေစ်းကြက္ကို လမ္းေမွ်ာ္ေနဖို႔ထက္ ဒီပြဲေတြအတြက္ ရလဒ္ေကာင္းယူဖို႔ စတင္ အၾကံထုတ္ေနမယ္လို႔ ယံုၾကည္ရတယ္။

အေကာင္းျမင္ဖို႔ရာေတာ့ ၂ ပတ္ၾကာ ေဘာလံုးပြဲ မကစားရကာ အနားယူေနရမယ့္ မာတစ္နဲ႔ ဖာဘင္ညိဳတို႔ ၾကံ႕ခိုင္မႈ ပိုေကာင္းလာဖို႔ပဲျဖစ္တယ္။ လူငယ္ ခံစစ္သမား ႏွစ္ဦးနဲ႔ စီနီယာေတြ ခံစစ္မွာ ဆက္လက္ တည္ျငိမ္ေနဖို႔နဲ႔အတူ လီဗာပူးမန္ေနဂ်ာဘဝ အဆိုးဆံုးေသာ ဒဏ္ရာ ျပႆနာေတြကို ရင္ဆိုင္ေနရမႈကို မန္ေနဂ်ာကေလာ့ပ္ အေကာင္းဆံုး ကိုင္တြယ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနရမွာ ျဖစ္ပါတယ္။