လီဗာပူးအသင်းက မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ကစားရာမှာ အလားအလာရှိတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ခြင်းဆိုတာက ပွဲပြီး အချက်အလက်တွေမှာ သိသာထင်ရှားလာပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူဖြစ်တဲ့ ဒီဘရိုင်းလို ကစားသမားကို မန်စီးတီးရဲ့ ကစားဟန်မှာ လွှမ်းမိုးနိုင်စွမ်း မရှိအောင် လီဗာပူးအသင်းသားတွေ ကြိုးစားနိုင်ခဲ့တယ်။ ဒီဘရိုင်း ခြေစွမ်းပျောက်ခဲ့သလို မန်စီးတီးရဲ့ ဖိအားပေး ကစားဟန်က လီဗာပူးကို လောက်လောက်လားလား မကျော်နိုင်ခဲ့ပါဘူး။

Anfield podcast ကဖော်ပြရာမှာ ” ဒီဘရိုင်းဟာ လီဗာပူးကို ရင်ဆိုင်တဲ့ပွဲမှာ မိနစ် ၉၀ ကစားပြီး ဘောလုံး ထိချက် ၄၈ ချက်ပဲ ရှိခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ မိနစ် ၉၀ အပြည့် ကစားခဲ့တဲ့ ပွဲတွေတစ်လျှောက် လီဗာပူးကို ရင်ဆိုင်ကစားတဲ့ ပွဲကထက် ထိချက်ပိုနည်းတာဆိုလို့ တစ်ကြိမ်ပဲ ရှိဖူးပါတယ်။

တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးအသင်း ကွင်းလယ်ဟာ အခြားသော အသင်းဖော်တွေနဲ့ပေါင်းပြီး စုဖွဲ့မှုကောင်းကောင်းကို လုပ်ပြနိုင်ခဲ့တယ်။ လီဗာပူးတိုက်စစ်က ဂွာဒီယိုလာရဲ့ အသင်း အံ့အားသင့်အောင် လုပ်နိုင်ခဲ့တာတင် မဟုတ်ဘဲ ကွင်းလယ်ကလည်း ဒီဘရိုင်းကို ရပ်တန့်ဖို့ပါ အာရုံစိုက် ကြိုးစားပြခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ မန်စီးတီးရဲ့ အသက်သွေးကြောဖြစ်သူ ဒီဘရိုင်းကို ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ်မှ မလုပ်နိုင်အောင်ထိ ထိန်းချုပ်ပြခဲ့တယ်။ ဒီဘရိုင်းဟာ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့ရဲ့ ပိတ်ဆို့ထားမှုကနေ လုံးဝ လွှတ်ထွက်ခွင့်မရခဲ့ဘဲ ဖန်တီးမှုကလည်း ၃ ကြိမ်ပဲ လုပ်နိုင်တဲ့ထိ ထိုးကျခဲ့တယ်။ တစ်ကြိမ်ကတော့ ညာတောင်ပံကနေ ဖြတ်တင်ရာမှာ ဂိုးမက်စ်နဲ့ လက်ထိခဲ့မှု ဖြစ်ပါတယ်။

ယာဂင်နဲ့ ပပ်တို့ဟာ အရေးပါတဲ့ ပြိုင်ဘက်ကို ဖိအားပေးမှုတွေကို အပြိုင် လုပ်ခဲ့ကြရာမှာ ဂျိုတာက ၂၅ ကြိမ်ထိ လုပ်ခဲ့ပြီး ဒီဘရိုင်းက ၁၉ ကြိမ်ပဲ လုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် ဖိအားပေးမှုရဲ့ အသက်သွေးကြောလို့ ခေါ်ကြတဲ့ ၅ စက္ကန့်အတွင်း ဘောလုံးပြန်ရအောင် ယူမှုမှာလည်း ဟန်ဒါဆန်က ၇ ကြိမ် အောင်မြင်ခဲ့သလို ဂျိုတာကလည်း ၆ ကြိမ် အောင်မြင်ခဲ့ပြီး မန်စီးတီးအသင်းသား တစ်ဦးကမှ သူတို့ နှစ်ဦးထက် သာလွန်အောင် မလုပ်နိုင်ခဲ့ဘူး။

ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းမှာ ဒုတိယပိုင်းအတွင်း မန်စီးတီးက အနည်းငယ် သာခဲ့ပေမယ့် ဖိအားပေးမှု ပြိုင်ဆိုင်နှုန်းမှာတော့ လီဗာပူးက ပြတ်ပြတ်သားသား သာလွန်ခဲ့တယ်။ သီယာဂို ပြန်ပါလာနိုင်ချိန်မှာ လီဗာပူးရဲ့ ကစားကွက်အသစ်ဟာ ပိုပြီး ပြည့်စုံလာဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက မန္စီးတီးအသင္းနဲ႔ ရင္ဆိုင္ကစားရာမွာ အလားအလာရွိတဲ့ ကစားဟန္ကို ျပသႏုိင္ခဲ့ျခင္းဆိုတာက ပြဲျပီး အခ်က္အလက္ေတြမွာ သိသာထင္ရွားလာပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္လူျဖစ္တဲ့ ဒီဘရိုင္းလို ကစားသမားကို မန္စီးတီးရဲ႕ ကစားဟန္မွာ လႊမ္းမိုးႏုိင္စြမ္း မရွိေအာင္ လီဗာပူးအသင္းသားေတြ ၾကိဳးစားႏုိင္ခဲ့တယ္။ ဒီဘရိုင္း ေျခစြမ္းေပ်ာက္ခဲ့သလို မန္စီးတီးရဲ႕ ဖိအားေပး ကစားဟန္က လီဗာပူးကို ေလာက္ေလာက္လားလား မေက်ာ္ႏုိင္ခဲ့ပါဘူး။

Anfield podcast ကေဖာ္ျပရာမွာ ” ဒီဘရိုင္းဟာ လီဗာပူးကို ရင္ဆိုင္တဲ့ပြဲမွာ မိနစ္ ၉၀ ကစားျပီး ေဘာလံုး ထိခ်က္ ၄၈ ခ်က္ပဲ ရွိခဲ့ပါတယ္။ သူဟာ ပရီးမီးယားလိဂ္မွာ မိနစ္ ၉၀ အျပည့္ ကစားခဲ့တဲ့ ပြဲေတြတစ္ေလွ်ာက္ လီဗာပူးကို ရင္ဆိုင္ကစားတဲ့ ပြဲကထက္ ထိခ်က္ပိုနည္းတာဆိုလို႔ တစ္ၾကိမ္ပဲ ရွိဖူးပါတယ္။

တနဂၤေႏြေန႔ပြဲမွာ လီဗာပူးအသင္း ကြင္းလယ္ဟာ အျခားေသာ အသင္းေဖာ္ေတြနဲ႔ေပါင္းျပီး စုဖြဲ႔မႈေကာင္းေကာင္းကို လုပ္ျပႏုိင္ခဲ့တယ္။ လီဗာပူးတိုက္စစ္က ဂြာဒီယိုလာရဲ႕ အသင္း အံ့အားသင့္ေအာင္ လုပ္ႏုိင္ခဲ့တာတင္ မဟုတ္ဘဲ ကြင္းလယ္ကလည္း ဒီဘရိုင္းကို ရပ္တန္႔ဖို႔ပါ အာရံုစိုက္ ၾကိဳးစားျပခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ မန္စီးတီးရဲ႕ အသက္ေသြးေၾကာျဖစ္သူ ဒီဘရိုင္းကို ဂိုးေပါက္ ျခိမ္းေျခာက္မႈ တစ္ၾကိမ္မွ မလုပ္ႏုိင္ေအာင္ထိ ထိန္းခ်ဳပ္ျပခဲ့တယ္။ ဒီဘရိုင္းဟာ ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္တို႔ရဲ႕ ပိတ္ဆို႔ထားမႈကေန လံုးဝ လႊတ္ထြက္ခြင့္မရခဲ့ဘဲ ဖန္တီးမႈကလည္း ၃ ၾကိမ္ပဲ လုပ္ႏုိင္တဲ့ထိ ထိုးက်ခဲ့တယ္။ တစ္ၾကိမ္ကေတာ့ ညာေတာင္ပံကေန ျဖတ္တင္ရာမွာ ဂိုးမက္စ္နဲ႔ လက္ထိခဲ့မႈ ျဖစ္ပါတယ္။

ယာဂင္နဲ႔ ပပ္တို႔ဟာ အေရးပါတဲ့ ျပိဳင္ဘက္ကို ဖိအားေပးမႈေတြကို အျပိဳင္ လုပ္ခဲ့ၾကရာမွာ ဂ်ိဳတာက ၂၅ ၾကိမ္ထိ လုပ္ခဲ့ျပီး ဒီဘရိုင္းက ၁၉ ၾကိမ္ပဲ လုပ္ႏုိင္ခဲ့တယ္။ ဒါ့အျပင္ ဖိအားေပးမႈရဲ႕ အသက္ေသြးေၾကာလို႔ ေခၚၾကတဲ့ ၅ စကၠန္႔အတြင္း ေဘာလံုးျပန္ရေအာင္ ယူမႈမွာလည္း ဟန္ဒါဆန္က ၇ ၾကိမ္ ေအာင္ျမင္ခဲ့သလို ဂ်ိဳတာကလည္း ၆ ၾကိမ္ ေအာင္ျမင္ခဲ့ျပီး မန္စီးတီးအသင္းသား တစ္ဦးကမွ သူတို႔ ႏွစ္ဦးထက္ သာလြန္ေအာင္ မလုပ္ႏုိင္ခဲ့ဘူး။

ပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ျခင္းမွာ ဒုတိယပိုင္းအတြင္း မန္စီးတီးက အနည္းငယ္ သာခ့ဲေပမယ့္ ဖိအားေပးမႈ ျပိဳင္ဆိုင္ႏႈန္းမွာေတာ့ လီဗာပူးက ျပတ္ျပတ္သားသား သာလြန္ခ့ဲတယ္။ သီယာဂို ျပန္ပါလာႏုိင္ခ်ိန္မွာ လီဗာပူးရဲ႕ ကစားကြက္အသစ္ဟာ ပိုျပီး ျပည့္စံုလာဖို႔ ရွိေနတာျဖစ္ပါတယ္။