လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက် မရောက်ခင်မှာ ကစားသမားတစ်ဦး ခေါ်ယူခွင့်ပေးဖို့ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ကို တောင်းဆိုမှု လုပ်ကြည့်နိုင်တယ်လို့ The Times က ဖော်ပြသွားပါတယ်။

မနေ့တုန်းကပဲ ဂိုးမက်စ် အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးဟာ ဗဟိုခံစစ်မှူး ပြတ်လှပ်မှုဒဏ်ကို ကြီးကြီးမားမား ခံစားနေရပြီဖြစ်ပါတယ်။ ဂိုးမက်စ်ရဲ့ ဒဏ်ရာဟာ ACL မဟုတ်သော်ညား ဒူးခုံညင်းရိုး အရွတ်ဆုတ်ပြဲမှု ဖြစ်နိုင်ပါတယ်။ ဒါဟာ ACL ထက်တောင် ပိုဆိုးတဲ့ ဒဏ်ရာဖြစ်သွားနိုင်ပါတယ်။

လီဗာပူးက ကြိုးစားလိုတယ်ဆိုရင်တောင် ဇန်နဝါရီဈေးကွက်မှာ ကစားသမားကောင်းတွေ ရှိဖို့ဆိုတာက ခက်ခဲပါတယ်။ ဒါကြောင့်လည်း မန်နေဂျာကလော့ပ်ဟာ သူ့ရဲ့ လီဗာပူးမန်နေဂျာဘဝမှာ ဇန်နဝါရီထက် နွေအပြောင်းအရွှေ့ကိုပဲ ပိုမို အာရုံစိုက်ခဲ့တာဖြစ်တယ်။ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာကြီး သတင်းဌာနကတော့ လီဗာပူးဘက်က ဘုတ်အဖွဲ့ကို တောင်းဆိုမှု လုပ်ကြည့်နိုင်တယ်လို့ ဆိုလာပါတယ်။

The Times မှ လီဗာပူးသတင်းထောက် ပေါလ်ဂျွိုက်ကပဲ ” ဂိုးမက်စ်က နောက်ထပ် ကာလရှည် အနားယူရမှု ဖြစ်သွားနိုင်တယ်။ လီဗာပူးအတွက်တော့ ဇန်နဝါရီဈေးကွက်ထဲကို ဝင်ရောက်ဖို့ ပွက်ပွက်ညံတဲ့ တောင်းဆိုမှုတွေကို ရရှိသွားတော့မှာပါ။ သို့ပေမယ့်လည်း ရာသီဝက်မှာ အရည်အချင်းရှိတဲ့ ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ဆိုတာက အတော်လေး ခက်ခဲစွာ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ကိုလည်း အပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင် ကစားသမား ခေါ်ယူခွင့်ပေးဖို့အတွက် တောင်းဆိုမှု လုပ်တာတွေ ရှိလာနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မနှစ်တုန်းက ဈေးကွက်ပိတ်ချိန်မှာ ဘာစီလိုနာက လာလီဂါ အထူးစည်းမျဉ်းကို အသုံးချပြီး တိုက်စစ်ကို အားဖြည့်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးအသင်းက လုပ်ခွင့်ရနိုင်ပါ့မလားနဲ့ ဘုတ်အဖွဲ့ရဲ့ သဘောတူညီမှုကို ရယူနိုင်မလားဆိုတာက သံသယရှိစရာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဇန္နဝါရီေစ်းကြက္ မေရာက္ခင္မွာ ကစားသမားတစ္ဦး ေခၚယူခြင့္ေပးဖို႔ ပရီးမီးယားလိဂ္ ဘုတ္အဖြဲ႔ကို ေတာင္းဆိုမႈ လုပ္ၾကည့္ႏုိင္တယ္လို႔ The Times က ေဖာ္ျပသြားပါတယ္။

မေန႔တုန္းကပဲ ဂိုးမက္စ္ အဂၤလန္အသင္း ေလ့က်င့္ေရးမွာ ဒဏ္ရာရခဲ့တာေၾကာင့္ လီဗာပူးဟာ ဗဟိုခံစစ္မွဴး ျပတ္လွပ္မႈဒဏ္ကို ၾကီးၾကီးမားမား ခံစားေနရျပီျဖစ္ပါတယ္။ ဂိုးမက္စ္ရဲ႕ ဒဏ္ရာဟာ ACL မဟုတ္ေသာ္ညား ဒူးခံုညင္းရိုး အရြတ္ဆုတ္ျပဲမႈ ျဖစ္ႏုိင္ပါတယ္။ ဒါဟာ ACL ထက္ေတာင္ ပိုဆိုးတဲ့ ဒဏ္ရာျဖစ္သြားႏုိင္ပါတယ္။

လီဗာပူးက ၾကိဳးစားလိုတယ္ဆိုရင္ေတာင္ ဇန္နဝါရီေစ်းကြက္မွာ ကစားသမားေကာင္းေတြ ရွိဖို႔ဆိုတာက ခက္ခဲပါတယ္။ ဒါေၾကာင့္လည္း မန္ေနဂ်ာကေလာ့ပ္ဟာ သူ႔ရဲ႕ လီဗာပူးမန္ေနဂ်ာဘဝမွာ ဇန္နဝါရီထက္ ေႏြအေျပာင္းအေရႊ႔ကိုပဲ ပိုမို အာရံုစိုက္ခဲ့တာျဖစ္တယ္။ အဂၤလန္ရဲ႕ ဂုဏ္သိကၡာၾကီး သတင္းဌာနကေတာ့ လီဗာပူးဘက္က ဘုတ္အဖြဲ႔ကို ေတာင္းဆိုမႈ လုပ္ၾကည့္ႏုိင္တယ္လို႔ ဆိုလာပါတယ္။

The Times မွ လီဗာပူးသတင္းေထာက္ ေပါလ္ဂၽြိဳက္ကပဲ ” ဂိုးမက္စ္က ေနာက္ထပ္ ကာလရွည္ အနားယူရမႈ ျဖစ္သြားႏုိင္တယ္။ လီဗာပူးအတြက္ေတာ့ ဇန္နဝါရီေစ်းကြက္ထဲကို ဝင္ေရာက္ဖုိ႔ ပြက္ပြက္ညံတဲ့ ေတာင္းဆိုမႈေတြကို ရရွိသြားေတာ့မွာပါ။ သို႔ေပမယ့္လည္း ရာသီဝက္မွာ အရည္အခ်င္းရွိတဲ့ ဗဟိုခံစစ္မွဴးကို ေခၚယူဖို႔ဆိုတာက အေတာ္ေလး ခက္ခဲစြာ လုပ္ေဆာင္ရမယ့္ ကိစၥျဖစ္ပါတယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ဘုတ္အဖြဲ႔ကိုလည္း အေျပာင္းအေရႊ႔ ေစ်းကြက္ မတိုင္ခင္ ကစားသမား ေခၚယူခြင့္ေပးဖို႔အတြက္ ေတာင္းဆိုမႈ လုပ္တာေတြ ရွိလာႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မႏွစ္တုန္းက ေစ်းကြက္ပိတ္ခ်ိန္မွာ ဘာစီလိုနာက လာလီဂါ အထူးစည္းမ်ဥ္းကို အသံုးခ်ျပီး တိုက္စစ္ကို အားျဖည့္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ လီဗာပူးအသင္းက လုပ္ခြင့္ရႏုိင္ပါ့မလားနဲ႔ ဘုတ္အဖြဲ႔ရဲ႕ သေဘာတူညီမႈကို ရယူႏုိင္မလားဆိုတာက သံသယရွိစရာပဲ ျဖစ္ပါတယ္။