အင်္ဂလန်အသင်းနဲ့ သွားရောက် ပူးပေါင်းစဉ် ဒဏ်ရာရခဲ့တဲ့ ဂိုးမက်စ်ဟာ သူ့ကစားသမားဘဝ ဒုတိယမြောက် ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရင်ဆိုင်ရပြီဖြစ်ပါတယ်။

ဂိုးမက်စ်ရဲ့ ဒဏ်ရာဟာ ဒီရာသီမှာ ဘောလုံးပြန်ကစားပေးဖို့ မဖြစ်နိုင်လောက်အောင် ပြင်းထန်ပြီး နွေမှာ ယှဉ်ပြိုင်မယ့် ယူရိုပြိုင်ပွဲကိုလည်း လွဲချော်နိုင်ပါတယ်။ ဒါကလီဗာပူးအတွက်ကတော့ အထိနားမှုဖြစ်လာခဲ့ပြီး ဗန်ဒိုက်ကို တစ်ရာသီလုံး လက်လွတ်ရမှာဖြစ်ကာ ဒုတိယမြောက်အဖြစ် ဂိုးမက်စ်ကိုပါ လက်လွတ်ရမှာ ဖြစ်ပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာတော့ အင်္ဂလန်အသင်းဟာ ဂိုးမက်စ်ကို မိခင်ကလပ်ထံ ပြန်ပို့မှာဖြစ်တယ်။ လက်ရွေးစင်မှာ ဂိုးမက်စ်ရခဲ့တဲ့ ဒူးဒဏ်ရာက အရင် ဒဏ်ရာဟောင်းကို ပြန်ထိခဲ့ခြင်းဖြစ်တယ်။ ဂိုးမက်စ်နဲ့ လီဗာပူးကတော့ ဒဏ်ရာကို စကန်ဖတ်ထားတဲ့ ရလဒ်နဲ့တကွ ဆရာဝန်တွေရဲ့ အကြံပေးမှုကို စောင့်နားထောင်လိုဆဲလို့ သိရတယ်။

မီဒီယာတွေ့ဆံမှုကို တက်ရောက်လာတဲ့ အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်နဲ့ ဂိုးသမား နစ်ပုပ်တို့ကတော့ ဂိုးမက်စ်ဟာ လေ့ကျင့်ရေးမှာ အသင်းဖော် တစ်ဦးဦးနဲ့ ထိတွေ့မိလို့ ရတဲ့ ဒဏ်ရာ မဟုတ်ဘူးဆို ပြောပါတယ်။

ဆောက်ဂိတ်က “ ဒဏ်ရာက အခြေအနေ ဘယ်လောက်တောင်ဆိုးတယ်ဆိုတာ မပြောနိုင်ပါဘူး ဘာလို့လည်းဆိုတော့ စကန်ဖတ်ထားဆဲမို့ပါ။ စိတ်ပျက်စရာဖြစ်ခဲ့တာက သူက ဒဏ်ရာကြောင့် အတော်လေး နာကျင်နေတာပါ။ ဒဏ်ရာရသွားချိန်မှာ ဘေးမှာ အသင်းသားတွေ ရှိမနေပါဘူး။ ဒဏ်ရာကို စောင့်ကြည့်ရပါမယ်။

ဒဏ်ရာအခြေအနေ အတိအကျကို ကျနေ်ာတို့ မှန်းဆပြောတာတွေ မလုပ်နိုင်ပါဘူး။ အတိတ်တုန်းကလည်း သူက ဒဏ်ရာပြဿနာတွေ ရှိထားခဲ့တော့ ကျနေ်ာတို့က သူ့အတွက် တွေးမိခဲ့ကြတယ်။ အရမ်း မကြာဖို့တော့ ကျနေ်ာတို့ မျှော်လင့်သလို ဆုလည်း တောင်းနေမှာပါ။

ကစားသမားတစ်ယောက် ကာလရှည် ဒဏ်ရာရတာမျိုးကို ကျနေ်ာတို့ မမြင်လိုပါဘူး။ ကစားသမားတစ်ယောက်အတွက် ဒါက အားကစားမှာ အကြီးမားဆုံး ထိခိုက်မှုမျိုးပါ။ ဂိုးမက်စ်က ဒါနဲ့ ပက်သက်လို့ အတွေ့အကြုံ ရှိပါတယ်။ ဒါက အကူအညီဖြစ်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုတယ်။

နစ်ပုပ်က ပြောရာမှာ “ ဂိုးမက်စ်က ဘောလုံး ပေးမှုလို လှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်ရင်း ဖြစ်သွားတာပါ။ အဲ့တုန်းက သူ့ဘေးမှာ တစ်ယောက်မှလည်း မရှိပါဘူး။ မြက်ခင်းပေါ် လဲကျသွားပြီး တကယ်ကို နာကျင်မှုတွေ ခံစားရတော့တာပဲ။ သူက ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ဖူးသူပါ။ သူ အရမ်း နာကျင် ခံစားနေရတာကို မြင်ရတာက ကျနော် အပါအဝင် အသင်းဖော်တွေအတွက်လည်း စိတ်မကောင်းစရာ ကိစ္စပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္အသင္းနဲ႔ သြားေရာက္ ပူးေပါင္းစဥ္ ဒဏ္ရာရခဲ့တဲ့ ဂိုးမက္စ္ဟာ သူ႔ကစားသမားဘဝ ဒုတိယေျမာက္ ျပင္းထန္တဲ့ ဒူးဒဏ္ရာကို ရင္ဆိုင္ရျပီျဖစ္ပါတယ္။

ဂိုးမက္စ္ရဲ႕ ဒဏ္ရာဟာ ဒီရာသီမွာ ေဘာလံုးျပန္ကစားေပးဖို႔ မျဖစ္ႏုိင္ေလာက္ေအာင္ ျပင္းထန္ျပီး ေႏြမွာ ယွဥ္ျပိဳင္မယ့္ ယူရိုျပိဳင္ပြဲကိုလည္း လြဲေခ်ာ္ႏိုင္ပါတယ္။ ဒါကလီဗာပူးအတြက္ကေတာ့ အထိနားမႈျဖစ္လာခဲ့ျပီး ဗန္ဒိုက္ကို တစ္ရာသီလံုး လက္လြတ္ရမွာျဖစ္ကာ ဒုတိယေျမာက္အျဖစ္ ဂိုးမက္စ္ကိုပါ လက္လြတ္ရမွာ ျဖစ္ပါတယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာေတာ့ အဂၤလန္အသင္းဟာ ဂိုးမက္စ္ကို မိခင္ကလပ္ထံ ျပန္ပို႔မွာျဖစ္တယ္။ လက္ေရြးစင္မွာ ဂိုးမက္စ္ရခဲ့တဲ့ ဒူးဒဏ္ရာက အရင္ ဒဏ္ရာေဟာင္းကို ျပန္ထိခဲ့ျခင္းျဖစ္တယ္။ ဂိုးမက္စ္နဲ႔ လီဗာပူးကေတာ့ ဒဏ္ရာကို စကန္ဖတ္ထားတဲ့ ရလဒ္နဲ႔တကြ ဆရာဝန္ေတြရဲ႕ အၾကံေပးမႈကို ေစာင့္နားေထာင္လိုဆဲလို႔ သိရတယ္။

မီဒီယာေတြ႔ဆံမႈကို တက္ေရာက္လာတဲ့ အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္နဲ႔ ဂိုးသမား နစ္ပုပ္တို႔ကေတာ့ ဂိုးမက္စ္ဟာ ေလ့က်င့္ေရးမွာ အသင္းေဖာ္ တစ္ဦးဦးနဲ႔ ထိေတြ႔မိလို႔ ရတဲ့ ဒဏ္ရာ မဟုတ္ဘူးဆို ေျပာပါတယ္။

ေဆာက္ဂိတ္က “ ဒဏ္ရာက အေျခအေန ဘယ္ေလာက္ေတာင္ဆိုးတယ္ဆိုတာ မေျပာႏုိင္ပါဘူး ဘာလို႔လည္းဆိုေတာ့ စကန္ဖတ္ထားဆဲမို႔ပါ။ စိတ္ပ်က္စရာျဖစ္ခဲ့တာက သူက ဒဏ္ရာေၾကာင့္ အေတာ္ေလး နာက်င္ေနတာပါ။ ဒဏ္ရာရသြားခ်ိန္မွာ ေဘးမွာ အသင္းသားေတြ ရွိမေနပါဘူး။ ဒဏ္ရာကို ေစာင့္ၾကည့္ရပါမယ္။

ဒဏ္ရာအေျခအေန အတိအက်ကို က်ေန္ာတို႔ မွန္းဆေျပာတာေတြ မလုပ္ႏုိင္ပါဘူး။ အတိတ္တုန္းကလည္း သူက ဒဏ္ရာျပႆနာေတြ ရွိထားခဲ့ေတာ့ က်ေန္ာတို႔က သူ႔အတြက္ ေတြးမိခဲ့ၾကတယ္။ အရမ္း မၾကာဖို႔ေတာ့ က်ေန္ာတို႔ ေမွ်ာ္လင့္သလို ဆုလည္း ေတာင္းေနမွာပါ။

ကစားသမားတစ္ေယာက္ ကာလရွည္ ဒဏ္ရာရတာမ်ိဳးကို က်ေန္ာတို႔ မျမင္လိုပါဘူး။ ကစားသမားတစ္ေယာက္အတြက္ ဒါက အားကစားမွာ အၾကီးမားဆံုး ထိခိုက္မႈမ်ိဳးပါ။ ဂိုးမက္စ္က ဒါနဲ႔ ပက္သက္လို႔ အေတြ႔အၾကံဳ ရွိပါတယ္။ ဒါက အကူအညီျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုတယ္။

နစ္ပုပ္က ေျပာရာမွာ “ ဂိုးမက္စ္က ေဘာလံုး ေပးမႈလို လႈပ္ရွားမႈ တစ္ခုခုကို ျပဳလုပ္ရင္း ျဖစ္သြားတာပါ။ အဲ့တုန္းက သူ႔ေဘးမွာ တစ္ေယာက္မွလည္း မရွိပါဘူး။ ျမက္ခင္းေပၚ လဲက်သြားျပီး တကယ္ကို နာက်င္မႈေတြ ခံစားရေတာ့တာပဲ။ သူက ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ဖူးသူပါ။ သူ အရမ္း နာက်င္ ခံစားေနရတာကို ျမင္ရတာက က်ေနာ္ အပါအဝင္ အသင္းေဖာ္ေတြအတြက္လည္း စိတ္မေကာင္းစရာ ကိစၥပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။