လီဗာပူး ခံစစ်သမား ဂိုမက်စ်ဟာ အင်္ဂလန်အသင်း လေ့ကျင့်ရေးမှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ ကာလရှည် အနားယူရနိုင်တဲ့ ဒဏ်ရာ ဖြစ်လာနိုင်ပါတယ်။

လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ယူနိုက်တက်အသင်း တိုက်စစ်သမား ရပ်ဖိုဒ့်ရဲ့ အများအကျိုးအတွက် လုပ်ဆောင်ပေးမှုကို ချီးကျူးလိုက်ပြီး ဒီအခြေအနေမှာ ပြိုင်ဘက် အသင်းသားဆိုတာကို မေ့ထားဖို့နဲ့ သူဟာ အားလုံးကို မှန်ကန်တာတွေလုပ်ဖို့ ညမ်းပြပေးနေသူပါလို့ ထုတ်ပြောခဲ့ပါတယ်။

ခံစစ်မှူး ဗန်ဒိုက် မရှိချိန်မှာ လက်ရွေးစင်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဦးဆောင်သွားမှာဖြစ်ကြောင်း နယ်သာလန်အသင်းက အတည်ပြုပါတယ်။

နယ်သာလန် လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတွေ အားလုံးက ဗန်ဒိုက် အမြန် ကျန်းမာလာပါစေကြောင်း ဗီဒီယိုအတို တစ်ခုဖြင့် ဆုတောင်း အားပေးခဲ့ကြပါတယ်။

ရှော်ကေးခံစစ်မှူး ဂါဘက်ရဲ့ ပြောင်းရွှေ့ကြေးဟာ ဇန်နဝါရီမှာတော့ ယူရို ၁၀ သန်းထိ ကျဆင်းလာမှာဖြစ်ပြီး ယူရို ၂၅ သန်းကို ကျော်လွန်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီနွေမှာ လီဗာပူးနဲ့ စာချုပ်ကုန်တော့မယ့် ဝိုက်နယ်ဒမ်က သက်တမ်းတိုးမလား ကိစ္စနဲ့ ပက်သက်ပြီး သူ့မှာ စကားပြောခွင့် မရှိကြောင်းနဲ့ လီဗာပူးအသင်း တာဝန်ရှိသူတွေကိုပဲ မေးဖို့ ပြန်လည် ဖြေဆိုသွားပါတယ်။

တိုက်စစ်အားသန် ဘယ်အစွန်လူ အိုဝင်ဘက်ဟာ လီဗာပူးအသင်းနဲ့ပဲ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ အိုဝင်ဘက်ဟာ စတုတ်အသင်းကနေ လီဗာပူး အကယ်ဒမီကို ပြောင်းလာခဲ့ပြီး ထူးချွန်တဲ့ ခြေစွမ်းကြောင့် ဒီရာသီမှာ ယူ-၂၃ အဆင့်ထိ တိုးမြင့် ခေါ်ယူခြင်း ခံထားရပါတယ်။

ရှေ့လာမယ့် ပွဲတွေမှာတော့ သက်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့အတူ ညာအစွန်လူ ဝီလီယမ်နဲ့ ဘယ်အစွန်လူ ကိုစတက်တို့ကို မန်နေဂျာကလော့ပ်က ပွဲကစားခွင့်အတွက် ယုံကြည်မှုတွေ ပေးမှာဖြစ်တယ်။

လီဗာပူးတိုက်စစ်သမား ဂျိုတာက မနှစ်ကရာသီ သွင်းဂိုး ၁၆ ဂိုး သွင်းခဲ့သလို ဒီရာသီမှာလည်း လီဗာပူးနဲ့အတူ သွင်းဂိုးတွေ ရယူပေးထားပေမယ့် EA Sports ရဲ့ ဒီရာသီထုတ် FIFA 21 မှာ သူ့ကို အဆင့်မြင့်တင် မပေးထားတာအတွက် စိတ်ပျက်နေပါတယ်။

လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်ကာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ ပါဝင်နိုင်ချေ မြင့်မားလာပြီဖြစ်ကြောင်း သိရပါတယ်။

နာမည်ကျော် Goal သတင်းဌာနကတော့ ၂၀၂၀ အတွက် Goal 50 စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ကာ လီဗာပူးအသင်းသား ၆ ဦးထိ ပါဝင်လာပါတယ်။ လီဗာပူးအသင်းသားတွေထဲမှာ အမြင့်ဆုံးက နံပါတ် ၇ နေရာကနေ ပါဝင်လာတဲ့ ဗန်ဒိုက်ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ခံစစ္သမား ဂိုမက္စ္ဟာ အဂၤလန္အသင္း ေလ့က်င့္ေရးမွာ ျပင္းထန္တဲ့ ဒဏ္ရာ ရရွိသြားတယ္လို႔ သိရပါတယ္။ ကာလရွည္ အနားယူရႏုိင္တဲ့ ဒဏ္ရာ ျဖစ္လာႏုိင္ပါတယ္။

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ယူႏုိက္တက္အသင္း တိုက္စစ္သမား ရပ္ဖိုဒ့္ရဲ႕ အမ်ားအက်ိဳးအတြက္ လုပ္ေဆာင္ေပးမႈကို ခ်ီးက်ဴးလိုက္ျပီး ဒီအေျခအေနမွာ ျပိဳင္ဘက္ အသင္းသားဆိုတာကို ေမ့ထားဖို႔နဲ႔ သူဟာ အားလံုးကို မွန္ကန္တာေတြလုပ္ဖို႔ ညမ္းျပေပးေနသူပါလို႔ ထုတ္ေျပာခဲ့ပါတယ္။

ခံစစ္မွဴး ဗန္ဒိုက္ မရွိခ်ိန္မွာ လက္ေရြးစင္အသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ကြင္းလယ္လူ ဝိုက္နယ္ဒမ္က ဦးေဆာင္သြားမွာျဖစ္ေၾကာင္း နယ္သာလန္အသင္းက အတည္ျပဳပါတယ္။

နယ္သာလန္ လက္ေရြးစင္အသင္းရဲ႕ အဓိက ကစားသမားေတြ အားလံုးက ဗန္ဒိုက္ အျမန္ က်န္းမာလာပါေစေၾကာင္း ဗီဒီယိုအတို တစ္ခုျဖင့္ ဆုေတာင္း အားေပးခဲ့ၾကပါတယ္။

ေရွာ္ေကးခံစစ္မွဴး ဂါဘက္ရဲ႕ ေျပာင္းေရႊ႔ေၾကးဟာ ဇန္နဝါရီမွာေတာ့ ယူရို ၁၀ သန္းထိ က်ဆင္းလာမွာျဖစ္ျပီး ယူရို ၂၅ သန္းကို ေက်ာ္လြန္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ဒီေႏြမွာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ ဝိုက္နယ္ဒမ္က သက္တမ္းတိုးမလား ကိစၥနဲ႔ ပက္သက္ျပီး သူ႔မွာ စကားေျပာခြင့္ မရွိေၾကာင္းနဲ႔ လီဗာပူးအသင္း တာဝန္ရွိသူေတြကိုပဲ ေမးဖို႔ ျပန္လည္ ေျဖဆိုသြားပါတယ္။

တိုက္စစ္အားသန္ ဘယ္အစြန္လူ အိုဝင္ဘက္ဟာ လီဗာပူးအသင္းနဲ႔ပဲ သူ႔ရဲ႕ ပထမဆံုး ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါျပီ။ အိုဝင္ဘက္ဟာ စတုတ္အသင္းကေန လီဗာပူး အကယ္ဒမီကို ေျပာင္းလာခဲ့ျပီး ထူးခၽြန္တဲ့ ေျခစြမ္းေၾကာင့္ ဒီရာသီမွာ ယူ-၂၃ အဆင့္ထိ တိုးျမင့္ ေခၚယူျခင္း ခံထားရပါတယ္။

ေရွ႔လာမယ့္ ပြဲေတြမွာေတာ့ သက္ဆိုင္ရာ အေၾကာင္းျပခ်က္ေတြနဲ႔အတူ ညာအစြန္လူ ဝီလီယမ္နဲ႔ ဘယ္အစြန္လူ ကိုစတက္တို႔ကို မန္ေနဂ်ာကေလာ့ပ္က ပြဲကစားခြင့္အတြက္ ယံုၾကည္မႈေတြ ေပးမွာျဖစ္တယ္။

လီဗာပူးတိုက္စစ္သမား ဂ်ိဳတာက မႏွစ္ကရာသီ သြင္းဂိုး ၁၆ ဂိုး သြင္းခဲ့သလို ဒီရာသီမွာလည္း လီဗာပူးနဲ႔အတူ သြင္းဂိုးေတြ ရယူေပးထားေပမယ့္ EA Sports ရဲ႕ ဒီရာသီထုတ္ FIFA 21 မွာ သူ႔ကို အဆင့္ျမင့္တင္ မေပးထားတာအတြက္ စိတ္ပ်က္ေနပါတယ္။

လီဗာပူးကြင္းလယ္လူ သီယာဂိုဟာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနျပီျဖစ္ကာ လက္စတာနဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ပြဲမွာ ပါဝင္ႏုိင္ေခ် ျမင့္မားလာျပီျဖစ္ေၾကာင္း သိရပါတယ္။

နာမည္ေက်ာ္ Goal သတင္းဌာနကေတာ့ ၂၀၂၀ အတြက္ Goal 50 စာရင္းကို ထုတ္ျပန္လိုက္ျပီျဖစ္ကာ လီဗာပူးအသင္းသား ၆ ဦးထိ ပါဝင္လာပါတယ္။ လီဗာပူးအသင္းသားေတြထဲမွာ အျမင့္ဆံုးက နံပါတ္ ၇ ေနရာကေန ပါဝင္လာတဲ့ ဗန္ဒိုက္ျဖစ္ပါတယ္။