ဒီအပတ်မှာတော့ နိုင်ငံတကာပွဲတွေကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ရှိမှာ မဟုတ်ဘဲ လာမယ့် လီဗာပူးပွဲက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လက်စတာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်လာပါမယ်။

နိုင်ငံတကာပွဲ မတိုင်ခင်မှာ လီဗာပူးအသင်းက မန်ချက်စတာကလပ် မန်စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားပြီး ဆာလက်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တယ်။ ယူနိုက်တက်ကတော့ လီဗာပူးအခြေစိုက်ကလပ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေဘက်က Fun fact တစ်ခုအဖြစ် ” ဖာနန်ဒက်စ်က ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး ရသွားပါပြီ။ ဒါက ကုန်ခဲ့တဲ့ ၃ ရာသီအတွင်း လီဗာပူးရဲ့ မည်သည့် ကွင်းလယ်လူတွေထက်မဆို ပိုလုပ်နိုင်တဲ့ သွင်းဂိုး အရည်အတွက်ဖြစ်ပါတယ်။ ရူးလောက်စရာပါပဲ ” လို့ လီဗာပူးကွင်းလယ်လူတွေ ဂိုးသွင်းနှုန်း နည်းပါးမှုကို လှောင်ပြောင်ခဲ့ကြတာပါ။

လီဗာပူးပရိသတ်တွေကတော့ ” ဂျော်ဒန် ဟန်ဒါဆန်နဲ့ ဂီနီ ဝိုက်နယ်ဒမ်တို့ဟာ ကုန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ဆုဖလား ၄ လုံး အောင်မြင်ခဲ့တယ်။ ဘရူနို ဖာနန်ဒက်စ်ကတော့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ဆုဖလား တစ်လုံးမှ အနိုင်မရဖူးသေးပါဘူး။ ဒါကော ရူးလောက်စရာများ ဖြစ်မလား ” လို့ ပြန်လည် ချေပခဲ့ကြတယ်။

လီဗာပူးနဲ့ ယူနိုက်တက်ကြားမှာ အခုလို အပြန်အလှန် သရော်မှုတွေက မကြာခဏ ဖြစ်လေ့ရှိတာပါ။ မနှစ်က ဘောလုံးရာသီမှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့စဉ်ကလည်း နှစ်သင်း ပရိသတ်ကြားမှာ ဘယ်အသင်းက ဆုဖလားတွေ အများဆုံး အနိုင်ရထားသလဲဆိုတဲ့အပေါ် ပြိုင်ဆိုင်ခဲ့ကြသေးတာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ႏုိင္ငံတကာပြဲေတြေၾကာင့္ ပရီးမီးယားလိဂ္ပြဲေတြ ရွိမွာ မဟုတ္ဘဲ လာမယ့္ လီဗာပူးပြဲက ႏိုဝင္ဘာလ ၂၁ ရက္ေန႔မွာ လက္စတာနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲ ျဖစ္လာပါမယ္။

ႏုိင္ငံတကာပြဲ မတိုင္ခင္မွာ လီဗာပူးအသင္းက မန္ခ်က္စတာကလပ္ မန္စီးတီးအသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားျပီး ဆာလက္ရဲ႕ သြင္းဂိုးနဲ႔အတူ ၁-၁ ရလဒ္ ထြက္ေပၚခဲ့တယ္။ ယူႏုိက္တက္ကေတာ့ လီဗာပူးအေျခစိုက္ကလပ္ အဲဗာတန္အသင္းနဲ႔ ယွဥ္ျပိဳင္ခဲ့ျပီး ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔အတူ ၃-၁ ရလဒ္ျဖင့္ အႏုိင္ရခဲ့ပါတယ္။

ယူႏုိက္တက္ ပရိသတ္ေတြဘက္က Fun fact တစ္ခုအျဖစ္ ” ဖာနန္ဒက္စ္က ဒီရာသီမွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၅ ဂိုး ရသြားပါျပီ။ ဒါက ကုန္ခဲ့တဲ့ ၃ ရာသီအတြင္း လီဗာပူးရဲ႕ မည္သည့္ ကြင္းလယ္လူေတြထက္မဆို ပိုလုပ္ႏုိင္တဲ့ သြင္းဂိုး အရည္အတြက္ျဖစ္ပါတယ္။ ရူးေလာက္စရာပါပဲ ” လို႔ လီဗာပူးကြင္းလယ္လူေတြ ဂိုးသြင္းႏႈန္း နည္းပါးမႈကို ေလွာင္ေျပာင္ခဲ့ၾကတာပါ။

လီဗာပူးပရိသတ္ေတြကေတာ့ ” ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ဂီနီ ဝိုက္နယ္ဒမ္တို႔ဟာ ကုန္ခဲ့တဲ့ ၃ ႏွစ္အတြင္းမွာ ဆုဖလား ၄ လံုး ေအာင္ျမင္ခဲ့တယ္။ ဘရူႏို ဖာနန္ဒက္စ္ကေတာ့ ကစားသမားဘဝ တစ္ေလွ်ာက္လံုးမွာ ဆုဖလား တစ္လံုးမွ အႏုိင္မရဖူးေသးပါဘူး။ ဒါေကာ ရူးေလာက္စရာမ်ား ျဖစ္မလား ” လို႔ ျပန္လည္ ေခ်ပခဲ့ၾကတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ၾကားမွာ အခုလို အျပန္အလွန္ သေရာ္မႈေတြက မၾကာခဏ ျဖစ္ေလ့ရွိတာပါ။ မႏွစ္က ေဘာလံုးရာသီမွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရခဲ့စဥ္ကလည္း ႏွစ္သင္း ပရိသတ္ၾကားမွာ ဘယ္အသင္းက ဆုဖလားေတြ အမ်ားဆံုး အႏုိင္ရထားသလဲဆိုတဲ့အေပၚ ျပိဳင္ဆိုင္ခဲ့ၾကေသးတာ ျဖစ္ပါတယ္။