မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒီရာသီမှာ အစွန်နေရာတွေအတွက် ပြောင်းလဲမှုအသစ်တွေ လိုအပ်မယ်ဆိုတာကို ကြိုတင် နားလည်ခဲ့ပါတယ်။ သာဓကအားဖြင့် မနှစ်တုန်းက သူနေရာအပေးဆုံး ကစားသမားက ညာအစွန်လူ နီကိုးဖြစ်တယ်။

နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်း ပထမဆုံး ခေါ်ယူတဲ့ နေရာက ဘယ်အစွန်အတွက်ဖြစ်ပြီး လူးဝစ်အတွက် ကမ်းလှမ်းခံရမှု ပယ်ချခံရပြီး ရက်ပိုင်းအကြာမှာ ကိုစတက်ကို ခပ်မြန်မြန် ခေါ်ယူခဲ့တယ်။ မန်နေဂျာကလော့ပ်ဟာ အစွန်နှစ်ဘက်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေက အမြဲတမ်း အမြင့်ဆုံး အဆင့်မှာ ရှိနေဖို့ကို ဦးစားပေးအဖြစ် ရည်ရွယ်ခဲ့တယ်။

ဒီရာသီမှာ အခြေအနေတွေအရ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ကို အနားမပေးနိုင်ခဲ့ဘူး။ ဗန်ဒိုက်မရှိသလို အယ်လီဆန်ကိုလည်း ဒဏ်ရာကြောင့် လက်လွတ်ရတဲ့ အနေအထားမှာ မန်နေဂျာကလော့ပ်ဟာ အားကိုးရတဲ့ အစွန်သမား နှစ်ဦးကို ဆက်တိုက် ထုတ်သုံးနေခဲ့ရတယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် မန်စီးတီးနဲ့ပွဲမှာတော့ ထရန့်ကို လက်လွတ်ခဲ့ရပါတယ်။

ကံကောင်းခြင်း တစ်ချက်ကတော့ ထရန့်ကို ၄ ပတ်လောက် လက်လွတ်ရမယ့် အနေအထားမှာ ၂ ပတ်ကတော့ နိုင်ငံတကာ သီတင်းပတ်ကာလဖြစ်ပါတယ်။ ဒါကြောင့် ထရန့်ရဲ့ တိုးတက်မှုနှုန်း ကောင်းမွန်ခဲ့ရင် ပွဲစဉ် ၄ ပွဲနဲ့ မဟုတ်ရင်တော့ ပွဲစဉ် ၆ ပွဲပဲ လွဲမှာဖြစ်တယ်။

ထရန့်ရဲ့ ဒဏ်ရာကြောင့် ကလော့ပ်ဟာ ဘယ်အစွန်နေရာက ရော်ဘတ်ဆန်အတွက်လည်း စဉ်းစားပေးရတော့မှာဖြစ်တယ်။ လီဗာပူးသတင်းထောက် David Lynch က တော့ မကြာခင်မှာ ဒီရာသီအတွင်း ၁၀၈၄ မိနစ်စာ ကစားထားတဲ့ ရော်ဘတ်ဆန်ကို အနားပေးပြီး ကိုစတက်ကို ပွဲထုတ်မှုတွေ လုပ်လာမယ်လို့ ပြောဆိုထားတယ်။

ဂရိဘယ်အစွန်လူကို ဒီရာသီမှာ ပွဲထွက်သုံးမှုတွေ လုပ်ခဲ့သေးပေမယ့် ကိုဗစ် ကူးစက်ခံရမှုနဲ့ ပေါင်ခြံ ဒဏ်ရာတွေကြောင့် ကာလတစ်ခု အနားယူထားရတယ်။ အတ္တလန်တာပွဲ မတိုင်ခင်တည်းက သူဟာ လီဗာပူးရဲ့ လေ့ကျင့်ရေးတွေကို ပြန်ဝင်လာခဲ့ပါပြီ။ မန်နေဂျာကလော့ပ်ဟာ လူစားလဲမှု ၅ ကြိမ်ထိ လုပ်ခွင့်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ကိုစတက်ကို စတင်ကာ သုံးလာနိုင်တယ်။

ရှေ့လာမယ့် ပွဲတွေမှာတော့ သက်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့အတူ ဝီလီယမ်နဲ့ ကိုစတက်တို့ကို မန်နေဂျာကလော့ပ်က ယုံကြည်မှုတွေ ပေးမှာဖြစ်တယ်။ ပွဲကစားခွင့် ရလာချိန်မှာ ဖိအားနဲ့ အားထုတ်ရမှုတွေကို သူတို့ နှစ်ဦး ရင်ဆိုင်နိုင်ဖို့ မန်နေဂျာကလော့ပ်က မျှော်လင့်နေမှာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဒီရာသီမွာ အစြန္ေနရာေတြအတြက္ ေျပာင္းလဲမႈအသစ္ေတြ လိုအပ္မယ္ဆိုတာကို ၾကိဳတင္ နားလည္ခဲ့ပါတယ္။ သာဓကအားျဖင့္ မႏွစ္တုန္းက သူေနရာအေပးဆံုး ကစားသမားက ညာအစြန္လူ နီကိုးျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးအသင္း ပထမဆံုး ေခၚယူတဲ့ ေနရာက ဘယ္အစြန္အတြက္ျဖစ္ျပီး လူးဝစ္အတြက္ ကမ္းလွမ္းခံရမႈ ပယ္ခ်ခံရျပီး ရက္ပိုင္းအၾကာမွာ ကိုစတက္ကို ခပ္ျမန္ျမန္ ေခၚယူခဲ့တယ္။ မန္ေနဂ်ာကေလာ့ပ္ဟာ အစြန္ႏွစ္ဘက္ရဲ႕ ျခိမ္းေျခာက္ႏုိင္စြမ္းေတြက အျမဲတမ္း အျမင့္ဆံုး အဆင့္မွာ ရွိေနဖို႔ကို ဦးစားေပးအျဖစ္ ရည္ရြယ္ခဲ့တယ္။

ဒီရာသီမွာ အေျခအေနေတြအရ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔ကို အနားမေပးႏုိင္ခဲ့ဘူး။ ဗန္ဒိုက္မရွိသလို အယ္လီဆန္ကိုလည္း ဒဏ္ရာေၾကာင့္ လက္လြတ္ရတဲ့ အေနအထားမွာ မန္ေနဂ်ာကေလာ့ပ္ဟာ အားကိုးရတဲ့ အစြန္သမား ႏွစ္ဦးကို ဆက္တိုက္ ထုတ္သံုးေနခဲ့ရတယ္။ ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ မန္စီးတီးနဲ႔ပြဲမွာေတာ့ ထရန္႔ကို လက္လြတ္ခဲ့ရပါတယ္။

ကံေကာင္းျခင္း တစ္ခ်က္ကေတာ့ ထရန္႔ကို ၄ ပတ္ေလာက္ လက္လြတ္ရမယ့္ အေနအထားမွာ ၂ ပတ္ကေတာ့ ႏုိင္ငံတကာ သီတင္းပတ္ကာလျဖစ္ပါတယ္။ ဒါေၾကာင့္ ထရန္႔ရဲ႕ တိုးတက္မႈႏႈန္း ေကာင္းမြန္ခဲ့ရင္ ပြဲစဥ္ ၄ ပြဲနဲ႔ မဟုတ္ရင္ေတာ့ ပြဲစဥ္ ၆ ပြဲပဲ လြဲမွာျဖစ္တယ္။

ထရန္႔ရဲ႕ ဒဏ္ရာေၾကာင့္ ကေလာ့ပ္ဟာ ဘယ္အစြန္ေနရာက ေရာ္ဘတ္ဆန္အတြက္လည္း စဥ္းစားေပးရေတာ့မွာျဖစ္တယ္။ လီဗာပူးသတင္းေထာက္ David Lynch က ေတာ့ မၾကာခင္မွာ ဒီရာသီအတြင္း ၁၀၈၄ မိနစ္စာ ကစားထားတဲ့ ေရာ္ဘတ္ဆန္ကို အနားေပးျပီး ကိုစတက္ကို ပြဲထုတ္မႈေတြ လုပ္လာမယ္လို႔ ေျပာဆိုထားတယ္။

ဂရိဘယ္အစြန္လူကို ဒီရာသီမွာ ပြဲထြက္သံုးမႈေတြ လုပ္ခဲ့ေသးေပမယ့္ ကိုဗစ္ ကူးစက္ခံရမႈနဲ႔ ေပါင္ျခံ ဒဏ္ရာေတြေၾကာင့္ ကာလတစ္ခု အနားယူထားရတယ္။ အတၱလန္တာပြဲ မတိုင္ခင္တည္းက သူဟာ လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြကို ျပန္ဝင္လာခဲ့ပါျပီ။ မန္ေနဂ်ာကေလာ့ပ္ဟာ လူစားလဲမႈ ၅ ၾကိမ္ထိ လုပ္ခြင့္ရတဲ့ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ကိုစတက္ကို စတင္ကာ သံုးလာႏုိင္တယ္။

ေရွ႔လာမယ့္ ပြဲေတြမွာေတာ့ သက္ဆိုင္ရာ အေၾကာင္းျပခ်က္ေတြနဲ႔အတူ ဝီလီယမ္နဲ႔ ကိုစတက္တို႔ကို မန္ေနဂ်ာကေလာ့ပ္က ယံုၾကည္မႈေတြ ေပးမွာျဖစ္တယ္။ ပြဲကစားခြင့္ ရလာခ်ိန္မွာ ဖိအားနဲ႔ အားထုတ္ရမႈေတြကို သူတို႔ ႏွစ္ဦး ရင္ဆိုင္ႏုိင္ဖို႔ မန္ေနဂ်ာကေလာ့ပ္က ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။