လီဗာပူးတိုက်စစ်သမား ဂျိုတာက EA Sports က ဒီရာသီအတွက် ထုတ်လုပ်လာတဲ့ FIFA 21 မှာ သူ့ကို အဆင့်မြင့်တင် မပေးထားတာအတွက် စိတ်ပျက်နေပါတယ်။

ပေါ်တူဂီ လက်ရွေးစင်ဟာ ဒီနွေမှာ ဝုဗ်ကနေ လီဗာပူးကို ပေါင် ၄၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ပွဲပေါင်း ၁၁ ဂိုး ကစားစဉ်မှာ သွင်းဂိုး ၇ ဂိုးထိ သွင်းယူထားပြီး ချန်ပီယံလိဂ်ပြိုင်ဘက်ဖြစ်တဲ့ အတ္တလန်တာအသင်းကို hat-trick သွင်းခဲ့မှုလည်း ပါဝင်ပါတယ်။

ဂျိုတာဟာ မနှစ်က ဘောလုံးရာသီမှာလည်း ကိုယ်တိုင် ၁၆ ဂိုး သွင်းယူခဲ့ပြီး ဂိုးထောက်ပံ့မှု ၆ ကြိမ်ထိ လုပ်ခဲ့သူဖြစ်တယ်။ ဒါပေမယ့်လို့ ဒီရာသီ ထွက်ပေါ်လာတဲ့ FIFA 21 မှာ သူ့ကို rating 80 ပဲ ပေးတဲ့အပြင် အခြားသော အချက်အလက်တွေမှာလည်း ထူးထူးခြားခြား တိုးမြင့်ပေးထားတာ မရှိပါဘူး။

ဂျိုတာက ‘ လီဗာပူးကို ကျနော် ပြောင်းခဲ့တာကို သူတို့ အံ့အားသင့်နေပုံ ရပါတယ်။ သူတို့က ကျနော် ဝုဗ်မှာပဲ ဆက်နေပြီး ဘယ်ကိုမှ မပြောင်းဘူးလို့ ထင်ပုံရတယ်။ အဲ့တော့ ကျနော်ရဲ့ ကဒ်ကို ဘာအပြောင်းအလဲမှ မလုပ်ပေးခဲ့ကြဘူး။

မနှစ်က ဒေတာတွေကို ကျနော် သိမ်းထားတုန်းပါ။ ယူရိုပါလိဂ်မှာ ဂိုးတွေ အများကြီး သွင်းခဲ့တဲ့ တိုက်စစ်သမားတစ်ဦး ဖြစ်တာတောင်မှ သူတို့ ဘာအပြောင်းအလဲမှ မလုပ်ပေးခဲ့ဘူး။ ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ် သုံးယောက်တန်းမှာ ဖာမင်နိုနဲ့ တစ်နေရာ စလုလာနိုင်တဲ့ ဂျိုတာဟာ မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာလည်း လေးယောက်တန်း တိုက်စစ်ပုံစံဖြင့် ပွဲထွက်လာခဲ့တယ်။ သူဟာ လီဗာပူးကို ပြောင်းပြီးနောက်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းက ပွဲထွက် ကစားသမားနေရာ ပေးတဲ့ထိ မျက်နှာသာပေးခြင်း ခံလာရသူလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဂ်ိဳတာက EA Sports က ဒီရာသီအတြက္ ထုတ္လုပ္လာတဲ့ FIFA 21 မွာ သူ႔ကို အဆင့္ျမင့္တင္ မေပးထားတာအတြက္ စိတ္ပ်က္ေနပါတယ္။

ေပၚတူဂီ လက္ေရြးစင္ဟာ ဒီေႏြမွာ ဝုဗ္ကေန လီဗာပူးကို ေပါင္ ၄၁ သန္းျဖင့္ ေျပာင္းေရႊ႔လာခဲ့သူပါ။ သူဟာ ပြဲေပါင္း ၁၁ ဂိုး ကစားစဥ္မွာ သြင္းဂိုး ၇ ဂိုုးထိ သြင္းယူထားျပီး ခ်န္ပီယံလိဂ္ျပိဳင္ဘက္ျဖစ္တဲ့ အတၱလန္တာအသင္းကို hat-trick သြင္းခဲ့မႈလည္း ပါဝင္ပါတယ္။

ဂ်ိဳတာဟာ မႏွစ္က ေဘာလံုးရာသီမွာလည္း ကိုယ္တိုင္ ၁၆ ဂိုး သြင္းယူခဲ့ျပီး ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ထိ လုပ္ခဲ့သူျဖစ္တယ္။ ဒါေပမယ့္လို႔ ဒီရာသီ ထြက္ေပၚလာတဲ့ FIFA 21 မွာ သူ႔ကို rating 80 ပဲ ေပးတဲ့အျပင္ အျခားေသာ အခ်က္အလက္ေတြမွာလည္း ထူးထူးျခားျခား တိုးျမင့္ေပးထားတာ မရွိပါဘူး။

ဂ်ိဳတာက ‘ လီဗာပူးကို က်ေနာ္ ေျပာင္းခဲ့တာကို သူတို႔ အံ့အားသင့္ေနပံု ရပါတယ္။ သူတို႔က က်ေနာ္ ဝုဗ္မွာပဲ ဆက္ေနျပီး ဘယ္ကိုမွ မေျပာင္းဘူးလို႔ ထင္ပံုရတယ္။ အဲ့ေတာ့ က်ေနာ္ရဲ႕ ကဒ္ကို ဘာအေျပာင္းအလဲမွ မလုပ္ေပးခဲ့ၾကဘူး။

မႏွစ္က ေဒတာေတြကို က်ေနာ္ သိမ္းထားတုန္းပါ။ ယူရိုပါလိဂ္မွာ ဂိုးေတြ အမ်ားၾကီး သြင္းခဲ့တဲ့ တိုက္စစ္သမားတစ္ဦး ျဖစ္တာေတာင္မွ သူတို႔ ဘာအေျပာင္းအလဲမွ မလုပ္ေပးခဲ့ဘူး။ ‘ လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္ သံုးေယာက္တန္းမွာ ဖာမင္ႏိုနဲ႔ တစ္ေနရာ စလုလာႏိုင္တဲ့ ဂ်ိဳတာဟာ မန္စီးတီးကို ရင္ဆိုင္ကစားတဲ့ပြဲမွာလည္း ေလးေယာက္တန္း တိုက္စစ္ပံုစံျဖင့္ ပြဲထြက္လာခဲ့တယ္။ သူဟာ လီဗာပူးကို ေျပာင္းျပီးေနာက္မွာ ေပၚတူဂီလက္ေရြးစင္အသင္းက ပြဲထြက္ ကစားသမားေနရာ ေပးတဲ့ထိ မ်က္ႏွာသာေပးျခင္း ခံလာရသူလည္း ျဖစ္ပါတယ္။