လီဗာပူးကစားသမားဟောင်း ဂျင်မီကာရေဂါက မန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ လီဗာပူးပရိသတ်တွေကြား အငြင်းအခုံတွေ ဖြစ်ကြသည်ထိ အပြန်အလှန် ဆွေးနွေးခဲ့ရတဲ့ ဖာမင်နိုကိစ္စကို ကြားအမြင်ကနေ ထုတ်ပြောခဲ့ပါတယ်။

ဖာမင်နိုဟာ မနှစ်ကတည်းက သွင်းဂိုးပိုင်း ကျဆင်းမှုကြောင့် စတင် စောင့်ကြည့်ခံရမှုတွေ ရှိလာတာပါ။ အထူးသဖြင့် တစ်ရာသီလုံး အိမ်ကွင်းသွင်းဂိုး လုံးဝမရှိခဲ့သလို သူဂိုးသွင်းနိုင်ချိန်မှာတော့ ရာသီအကုန် နောက်ဆုံး အိမ်ကွင်းပွဲ ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ ဖာမင်နိုဟာ အရေးပါတဲ့ အဆုံးအဖြတ်ပွဲတွေ၊ ဗိုလ်လုပွဲလို အဆင့်တွေမှာတော့ ဂိုးသွင်းခဲ့ပါတယ်။

ဖာမီနိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက “ သူက အခုချိန် အကောင်းဆုံးပုံစံမှာ ရှိမနေဘူး။ လီဗာပူးတို့ ဖိုင်နယ် တစ်ခုခုရောက်ခဲ့ရင် ဒါက အပြောင်းအလဲဖြစ်နိုင်တယ်။ ဒါပေမယ့် မနှစ်က လီဗာပူးအသင်း အမှတ်ပေးဖလား အနိုင်ရခဲ့တာတောင် ဖာမီနိုက ပုံစံကောင်း မရှိခဲ့ပါဘူး။

လိဂ်မှာ အောင်မြင်ပြီး တစ်ပတ်ပြီး တစ်ပတ် နိုင်ပွဲရနေချိန်မှာတော့ ဖာမင်နိုရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုလို တချို့အရာတွေကို ဖုံးကွယ်ထားလို့ ရပါတယ်။ ဖာမီနိုက ချယ်ဆီးနဲ့ ရင်ဆိုင်ရတဲ့ ရာသီနောက်ဆုံး အိမ်ကွင်းပွဲ မတိုင်ခင်အထိ ပရီးမီးယားလိဂ် အိမ်ကွင်းသွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။

အသင်းမှာ သူ့ရဲ့တာဝန်က ဂိုးတွေသွင်းဖို့တင် မဟုတ်ဘူးဆိုတာ လီဗာပူးပရိသတ်တွေက နားလည်ကြပါတယ်။ သူက ဖန်တီးပေးနိုင်တယ်၊ ဘောလုံးပြန်ရယူပေးနိုင်ပြီး ဖိကစားဖို့ စတင်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ပြီးခဲ့တဲ့အပတ်က သူတို့ကစားတာကို ကြည့်ရတော့လည်း သူတို့က ရှိသင့်တဲ့နေရာမှာ မရှိနေဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

ဖာမင်နိုကိစ္စ ထည့်ပြောရဖို့ ဖြစ်လာခြင်းမှာ အရေးပါတဲ့ အချက်ကတော့ ခံစစ်ကြောင်း အားနည်းလာမှုနဲ့လည်း သက်ဆိုင်ပါတယ်။ လီဗာပူးပရိသတ်တိုင်းက ဖာမင်နိုရဲ့ အရေးပါမှုကို သိကြတယ်။ ဒါပေမယ့် သူ့ထံကနေ ဂိုးတွေ မြင်လိုတယ်။ အဓိကကတော့ မနှစ်ကဆိုရင် ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်က ဂိုးမပေးရဖို့ သေချာတာကြောင့် တိုက်စစ်က ဂိုးရရင် နိုင်ပွဲဆိုတာ သေချာပေမယ့် ဒီရာသီမှာတော့ ဂိုးများများသွင်းမှ နိုင်ပွဲရမယ့် အခြေအနေ ဖြစ်လာပါတယ်။

ဖာမီနိုဟာ လီဗာပူးအတွက် ပေးဆပ်ကစားဖို့ အများကြီး ကျန်ရှိနေသေးတာဖြစ်သလို ကလော့ပ် အနေနဲ့ ရှည်လျားတဲ့ တစ်ရာသီအတွင်း သူ့ဆီက အကောင်းဆုံးပုံစံ ပြန်ရအောင်လုပ်ဖို့ လိုလိမ့်မယ်လို့လဲ ကာရေဂါက ဆိုပါတယ်။

“ သူ့ကိုထုတ်ပြီး ဂျိုတာကိုထည့်ရင်လည်း လီဗာပူးမှာ ဖာမီနိုရဲ့ အခန်းကဏ္ဍက ပြီးသွားပြီလို့ မဆိုလိုပါဘူး။ သူက အခု ကောင်းကောင်း မကစားနေဘူးဆိုပေမယ့် ကစားသမားဘဝဆိုတာာ အတက်အကျတွေ ရှိကြတာပါပဲ။ ဒဏ်ရာကြောင့်ဖြစ်ဖြစ် ချန်လှပ်ခံရတာဖြစ်ဖြစ် ပြီးရင် ပြန်လာကြတာပဲလေ။

ဖာမင်နိုမှာ ဖိအားတွေအများကြီး ရှိနေတယ်၊ လူတိုင်းက ဖာမီနို ဒီနေ့ ဂိုးသွင်းမှာလား၊ သူ့ပုံစံတွေ ပြောင်းလဲသွားမလားဆိုပြီး မျှော်လင့်နေကြတာ၊ သူ့ကို နောက်ထပ် သုံးလေးပွဲလောက်မှာ ချန်ထားပြီးတော့ အနားပေးလိုက်ပါ၊ လူစားဝင်ကစားတာလောက်ဖြစ်ဖြစ် လုပ်ခိုင်းကြည့်ပါ၊

မင်းက ကောင်းကောင်းမကစားနိုင် ဖြစ်နေတဲ့အချိန်မှာ လူစားဝင်ကစားရရင်တော့ ဆိုးရွားတဲ့ပွဲတစ်ပွဲကို ကြုံရဖို့ ခက်ပါတယ်။ ဝင်လာတဲ့အချိန်မှာ မင်းက တက်ကြွနေတယ်။ အသင်းက ရှုံးနေရင် မင်းက လူစားဝင်ကစားပြီးတော့ ပွဲကိုပြောင်းလဲအောင် လုပ်နိုင်ပါတယ်။ တခါလေကျရင် ဒီလိုနည်းနဲ့ ယုံကြည်မှုကို တည်ဆောက်ရတာပါ ” လို့ ကာရေဂါက အကြံပေးခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ဂ်င္မီကာေရဂါက မန္စီးတီးနဲ႔ပြဲမတိုင္ခင္မွာ လီဗာပူးပရိသတ္ေတြၾကား အျငင္းအခံုေတြ ျဖစ္ၾကသည္ထိ အျပန္အလွန္ ေဆြးေႏြးခဲ့ရတဲ့ ဖာမင္ႏိုကိစၥကို ၾကားအျမင္ကေန ထုတ္ေျပာခဲ့ပါတယ္။

ဖာမင္ႏိုဟာ မႏွစ္ကတည္းက သြင္းဂိုးပိုင္း က်ဆင္းမႈေၾကာင့္ စတင္ ေစာင့္ၾကည့္ခံရမႈေတြ ရွိလာတာပါ။ အထူးသျဖင့္ တစ္ရာသီလံုး အိမ္ကြင္းသြင္းဂိုး လံုးဝမရွိခဲ့သလို သူဂိုးသြင္းႏုိင္ခ်ိန္မွာေတာ့ ရာသီအကုန္ ေနာက္ဆံုး အိမ္ကြင္းပြဲ ျဖစ္လာခဲ့တယ္။ ဒါေပမယ့္လို႔ ဖာမင္ႏိုဟာ အေရးပါတဲ့ အဆံုးအျဖတ္ပြဲေတြ၊ ဗိုလ္လုပြဲလို အဆင့္ေတြမွာေတာ့ ဂိုးသြင္းခဲ့ပါတယ္။

ဖာမီႏိုရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး ကာေရဂါက “ သူက အခုခ်ိန္ အေကာင္းဆုံးပုံစံမွာ ရွိမေနဘူး။ လီဗာပူးတို႔ ဖိုင္နယ္ တစ္ခုခုေရာက္ခဲ့ရင္ ဒါက အေျပာင္းအလဲျဖစ္ႏုိင္တယ္။ ဒါေပမယ့္ မႏွစ္က လီဗာပူးအသင္း အမွတ္ေပးဖလား အႏိုင္ရခဲ့တာေတာင္ ဖာမီႏိုက ပုံစံေကာင္း မရွိခဲ့ပါဘူး။

လိဂ္မွာ ေအာင္ျမင္ၿပီး တစ္ပတ္ၿပီး တစ္ပတ္ ႏိုင္ပြဲရေနခ်ိန္မွာေတာ့ ဖာမင္ႏိုရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းမႈလို တခ်ိဳ႕အရာေတြကို ဖုံးကြယ္ထားလို႔ ရပါတယ္။ ဖာမီႏိုက ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ရတဲ့ ရာသီေနာက္ဆုံး အိမ္ကြင္းပြဲ မတိုင္ခင္အထိ ပရီးမီးယားလိဂ္ အိမ္ကြင္းသြင္းဂိုး တစ္ဂိုးမွ မသြင္းႏိုင္ခဲ့ပါဘူး။

အသင္းမွာ သူ႔ရဲ႕တာဝန္က ဂိုးေတြသြင္းဖို႔တင္ မဟုတ္ဘူးဆိုတာ လီဗာပူးပရိသတ္ေတြက နားလည္ၾကပါတယ္။ သူက ဖန္တီးေပးႏိုင္တယ္၊ ေဘာလုံးျပန္ရယူေပးႏိုင္ၿပီး ဖိကစားဖို႔ စတင္ႏိုင္တယ္ဆိုတာ ကြၽန္ေတာ္တို႔သိတယ္။ ၿပီးခဲ့တဲ့အပတ္က သူတို႔ကစားတာကို ၾကည့္ရေတာ့လည္း သူတို႔က ရွိသင့္တဲ့ေနရာမွာ မရွိေနဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဖာမင္ႏိုကိစၥ ထည့္ေျပာရဖို႔ ျဖစ္လာျခင္းမွာ အေရးပါတဲ့ အခ်က္ကေတာ့ ခံစစ္ေၾကာင္း အားနည္းလာမႈနဲ႔လည္း သက္ဆိုင္ပါတယ္။ လီဗာပူးပရိသတ္တိုင္းက ဖာမင္ႏိုရဲ႕ အေရးပါမႈကို သိၾကတယ္။ ဒါေပမယ့္ သူ႔ထံကေန ဂိုးေတြ ျမင္လိုတယ္။ အဓိကကေတာ့ မႏွစ္ကဆိုရင္ ဗန္ဒိုက္ ဦးေဆာင္တဲ့ ခံစစ္က ဂိုးမေပးရဖို႔ ေသခ်ာတာေၾကာင့္ တိုက္စစ္က ဂိုးရရင္ ႏုိင္ပြဲဆိုတာ ေသခ်ာေပမယ့္ ဒီရာသီမွာေတာ့ ဂိုးမ်ားမ်ားသြင္းမွ ႏုိင္ပြဲရမယ့္ အေျခအေန ျဖစ္လာပါတယ္။

ဖာမီႏိုဟာ လီဗာပူးအတြက္ ေပးဆပ္ကစားဖို႔ အမ်ားႀကီး က်န္ရွိေနေသးတာျဖစ္သလို ကေလာ့ပ္ အေနနဲ႔ ရွည္လ်ားတဲ့ တစ္ရာသီအတြင္း သူ႔ဆီက အေကာင္းဆုံးပုံစံ ျပန္ရေအာင္လုပ္ဖို႔ လိုလိမ့္မယ္လို႔လဲ ကာေရဂါက ဆိုပါတယ္။

“ သူ႔ကိုထုတ္ၿပီး ဂ်ိဳတာကိုထည့္ရင္လည္း လီဗာပူးမွာ ဖာမီႏိုရဲ႕ အခန္းက႑က ျပီးသြားျပီလို႔ မဆိုလိုပါဘူး။ သူက အခု ေကာင္းေကာင္း မကစားေနဘူးဆိုေပမယ့္ ကစားသမားဘဝဆိုတာာ အတက္အက်ေတြ ရွိၾကတာပါပဲ။ ဒဏ္ရာေၾကာင့္ျဖစ္ျဖစ္ ခ်န္လွပ္ခံရတာျဖစ္ျဖစ္ ၿပီးရင္ ျပန္လာၾကတာပဲေလ။

ဖာမင္ႏိုမွာ ဖိအားေတြအမ်ားႀကီး ရွိေနတယ္၊ လူတိုင္းက ဖာမီႏို ဒီေန႔ ဂိုးသြင္းမွာလား၊ သူ႔ပုံစံေတြ ေျပာင္းလဲသြားမလားဆိုၿပီး ေမွ်ာ္လင့္ေနၾကတာ၊ သူ႔ကို ေနာက္ထပ္ သုံးေလးပြဲေလာက္မွာ ခ်န္ထားၿပီးေတာ့ အနားေပးလိုက္ပါ၊ လူစားဝင္ကစားတာေလာက္ျဖစ္ျဖစ္ လုပ္ခိုင္းၾကည့္ပါ၊

မင္းက ေကာင္းေကာင္းမကစားႏိုင္ ျဖစ္ေနတဲ့အခ်ိန္မွာ လူစားဝင္ကစားရရင္ေတာ့ ဆိုး႐ြားတဲ့ပြဲတစ္ပြဲကို ႀကဳံရဖို႔ ခက္ပါတယ္။ ဝင္လာတဲ့အခ်ိန္မွာ မင္းက တက္ႂကြေနတယ္။ အသင္းက ရႈံးေနရင္ မင္းက လူစားဝင္ကစားၿပီးေတာ့ ပြဲကိုေျပာင္းလဲေအာင္ လုပ္ႏိုင္ပါတယ္။ တခါေလက်ရင္ ဒီလိုနည္းနဲ႔ ယုံၾကည္မႈကို တည္ေဆာက္ရတာပါ ” လို႔ ကာေရဂါက အႀကံေပးခဲ့တာပဲျဖစ္ပါတယ္။