လီဗာပူးအသင်းဟာ ယှဉ်ပြိုင်ရမယ့် ပွဲမတိုင်ခင်မှာ ဘယ်လို ကြိုတင်ပြင်ဆင်သလဲဆိုတာအတွက် သိကောင်းစရာကိစ္စကို The Athletic ကနေ လီဗာပူးသတင်းထောက် ဂျိမ်းပီးရက်ဇ်က ဖော်ပြသွားပါတယ်။

အဒမ်လယ်လာနာရဲ့ ထုတ်ပြောမှု၊ ဂျိမ်းမီလ်နာရဲ့ ကိုယ်တိုင်ရေး စာအုပ်တွေထဲမှာ ပါတဲ့ အချက်တွေကို မူတည်ပြီး ပီးရက်ဇ်က ဖော်ပြခဲ့ခြင်းလည်းဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ ပွဲနေ့မတိုင်ခင်မှာ အဓိကကျတဲ့ လေ့ကျင့်ရေးမှုတွေကို ပြုလုပ်ခြင်းနဲ့အတူ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ပေးပါတယ်။

လေ့ကျင့်မှုတွေ မလုပ်ခင်တိုင်းမှာ အသင်းလိုက် ဆွေးနွေးမှုက အမြဲတမ်း လုပ်လေ့ရှိတယ်။ ပွဲမတိုင်ခင် ၁ ရက်မှာတော့ ပွဲနေ့မှာ ဘယ်လို ကစားစေမလဲဆိုတာအတွက် အရေးကြီး ပြင်ဆင်မှုအဖြစ် ၁၁ ဦး ၁၁ ဦး နှစ်သင်းကို နှစ်ဘက်ခွဲကစားကြပါတယ်။

လူစာရင်းတစ်ခုက ပြိုင်ဘက်တွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့အပေါ် ကလော့ပ်နဲ့ နည်းစနစ်အဖွဲ့သားတွေ စီစဉ်ထားတဲ့ နည်းစနစ်အတိုင်း ကစားပေးရပြီး ကျန်လူစာရင်း တစ်ခုကတော့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်နဲ့ အလားသဏ္ဍန်တူတဲ့ နည်းစနစ်ကို ကစားရပါတယ်။

ဒီအချက်နဲ့ ပက်သက်လို့ မီလ်နာက “ အဲ့တာက ပြိုင်ဘက်တွေက ဘယ်လို တိုက်ခိုက်မယ်၊ ဘယ်လို ခုခံမယ်၊ နည်းစနစ် အကူးအပြောင်းကြားမှာ သူတို့ ဘယ်လို တုန့်ပြန်မလဲပေါ့။ မန်နေဂျာက အဲ့ကနေ အားနည်းချက်တွေကို ရှာဖွေပြီး ပြိုင်ဘက်ကို ဘယ်လို ဖောက်ထွက်ကစားမလဲ နည်းလမ်းရှာတယ်။

သူတို့ရဲ့ အားသာမှုကိုလည်း ရှာဖွေသလို အကယ်လို့ သူပတို့ ဘယ်ခြမ်းမှာ အားနည်းနေရင် အဲ့နေရာမှာ ကျနေ်ာတို့က ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေနဲ့ အလုပ်ဖြစ်ဖို့ ကြိုးစားရတာပေါ့ ” လို့ ရှင်းပြထားပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့ဗျူဟာကနေ ရလာတဲ့ အချက်အလက်တွေအရ အသင်းသားတွေကို သီးသန့် လမ်းညွှန်မှုတွေ ထပ်ပေးတယ်လို့ ဆိုပါတယ်။ ထရန့် ပြောပြရာမှာတော့ ဆာလက်က ပြေးရမယ့်နေရာ၊ ဘော်ဘီက ဖြည့်ပေးမယ့်နေရာ၊ ကစားသမားတွေက ဘောလုံးကို ဘယ်နေရာတွေကို အဓိက ပေးရမယ် ဆိုတာတွေကို လမ်းညွှန်တယ်လို့ သိရတယ်။

အရေးပါတဲ့ အချက်ကတော့ ကစားသမားတွေကို စိတ်ရှင်းရှင်းထားစေတာပါ။ မန်နေဂျာက ကစားကွက်နဲ့ ပက်သက်ပြီး အသင်းသားတွေကို အရမ်းတွေးတာမျိုး မဖြစ်စေလိုဘူး။ တိုက်စစ်ဆင်နေတာလား၊ ခံစစ်ကာကွယ်နေချိန်လားဆိုတာကိုပဲ အဓိက အာရုံစိုက်စေပြီး အပိုင်းအလိုက် လမ်းညွှန်ထားတဲ့ ညွှန်ကြားချက်ကိုပဲ ဂရုစိုက်စေတယ်လို့ သိရတယ်။

လီဗာပူးက ညနေခင်း ပြင်ဆင်မှုမှာ ကောင်းတယ်ဆိုရင် မနက်ပိုင်းမှာ အသင်းသားတွေကို အပေါ့စား လေ့ကျင့်ရေးတွေကိုပဲ လုပ်ဆောင်စေတယ်။ အဝေးကွင်း သွားရချိန်တိုင်းမှာတော့ အနီးအနားက အောက်တန်းလိဂ် ကလပ်တွေရဲ့ ကွင်းတွေကို ငှားပြီး လေ့ကျင့်ရေတယ်လို့ သိရပါတယ်။

အရေးကြီးတဲ့ နောက်တစ်ချက်အဖြစ် ကလော့ပ်ဟာ သူ့ရဲ့ ပွဲနဲ့ပက်သက်လို့ အစီအမံတွေကို လုပ်ပြီးတိုင်း အဝတ်လဲခန်းက စီနီယာကော်မတီထံက တုန်ပြန်မှုကို ပြန်တောင်းခံတယ်။ အဆိုပါ စီနီယာကော်မတီကလည်း သူတို့ရဲ့ အမြင်တွေကို ပြန်လည် ပေးပို့ရတယ်လို့ သိရပါတယ်။

ZAWGYI






သူတို့ရဲ့ အားသာမှုကိုလည်း ရှာဖွေသလို အကယ်လို့ သူပတို့ ဘယ်ခြမ်းမှာ အားနည်းနေရင် အဲ့နေရာမှာ ကျနော်တို့က ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေနဲ့ အလုပ်ဖြစ်ဖို့ ကြိုးစားရတာပေါ့ ” လို့ ရှင်းပြထားပါတယ်။



