လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ အက်ဆာ လေ့ကျင့်ရေး စင်တာသစ်ကို ပြောင်းရွှေ့ကာ လေ့ကျင့်မှုတွေကို စတင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းရခြင်း မရှိတဲ့ အတ်ဒရီယန်၊ မီလ်နာ၊ မာတစ် အပါအဝင် ကစားသမားတွေက အက်ဆာ လေ့ကျင့်ရေးမှာ လေ့ကျင့်ရေးတွေ ဝင်ခဲ့ကြပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ လေ့ကျင့်ရေးစင်တာသစ်ရဲ့ ပုံရိပ်တွေ အများအပြားကလည်း ထွက်ပေါ်လာခဲ့တယ်။

မဲဝုဒ်လေ့ကျင့်ရေးကွင်းမှာတော့ ‘Champions Wall’ လို့ ခေါ်တဲ့ လီဗာပူးအသင်းရဲ့ ဆုဖလား မှတ်တမ်းတွေကို ရေးထိုးထားတဲ့ ဘုတ်ပြားဟာ ထင်ရှားတဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။ သူဟာ အန်ဖီးကွင်းက ‘This is Anfield’ နည်းတူ နာမည်ကျော် အမှတ်လက္ခာဏာဖြစ်ပြီး လီဗာပူးအသင်း ကစားသမားသစ် ခေါ်ယူရာမှာ အဆိုပါ နေရာအတွင်း အမှတ်တရ ဓါတ်ပုံရိုက်မှုတွေ အများကြီး ရှိခဲ့တယ်။

အက်ဆာ လေ့ကျင့်ရေးမှာတော့ ‘Champions Wall’ နေရာမှာ ဆုဖလားတွေကို မှန်ဘောင်နဲ့ ပြသထားတဲ့ ပုံစံကို ပြောင်းလဲထားခဲ့တယ်။ ထူးခြားမှုကတော့ မဲဝုဒ်မှာ ပြသထားတဲ့ ပရီးမီးယားလိဂ်နဲ့ အဆင့်မြင့်တန်းလိဂ် နှစ်ခုကို ပေါင်းပြီး ၁၉ ဆိုတဲ့ ကိန်းဂဏန်းနဲ့ ဖော်ပြမှုအစား ပရီးမီးယားလိဂ်နဲ့ အဆင့်မြင့်တန်းလိဂ်ချန်ပီယံ ဖလားနှစ်ခုကို သီးခြားစီ ခွဲထုတ်ထားခြင်းဖြစ်တယ်။

အက်ဆာရဲ့ အတွင်းပိုင်း ပုံရိပ်တွေကတော့ လာမယ့် ကာလတွေမှာ ထပ်မံ ထွက်ပေါ်လာဦးမှာဖြစ်ပြီး အတော်လေး ကောင်းမွန်တဲ့ လေ့ကျင့်ရေးစင်တာကြီး တစ်ခုအဖြစ် ဖန်တီးထားတယ်လို့ သိလာရတာ ဖြစ်ပါတယ်။

ZAwGYI

လီဗာပူးအသင္းဟာ ဒီကေန႔မွာေတာ့ အက္ဆာ ေလ့က်င့္ေရး စင္တာသစ္ကို ေျပာင္းေရႊ႔ကာ ေလ့က်င့္မႈေတြကို စတင္ခဲ့ျပီျဖစ္ပါတယ္။

လက္ေရြးစင္အသင္းေတြနဲ႔ ပူးေပါင္းရျခင္း မရွိတဲ့ အတ္ဒရီယန္၊ မီလ္နာ၊ မာတစ္ အပါအဝင္ ကစားသမားေတြက အက္ဆာ ေလ့က်င့္ေရးမွာ ေလ့က်င့္ေရးေတြ ဝင္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ လီဗာပူးရဲ႕ ေလ့က်င့္ေရးစင္တာသစ္ရဲ႕ ပံုရိပ္ေတြ အမ်ားအျပားကလည္း ထြက္ေပၚလာခဲ့တယ္။

မဲဝုဒ္ေလ့က်င့္ေရးကြင္းမွာေတာ့ ‘Champions Wall’ လို႔ ေခၚတဲ့ လီဗာပူးအသင္းရဲ႕ ဆုဖလား မွတ္တမ္းေတြကို ေရးထိုးထားတဲ့ ဘုတ္ျပားဟာ ထင္ရွားတဲ့ သေကၤတ တစ္ခုျဖစ္ပါတယ္။ သူဟာ အန္ဖီးကြင္းက ‘This is Anfield’ နည္းတူ နာမည္ေက်ာ္ အမွတ္လကၡာဏာျဖစ္ျပီး လီဗာပူးအသင္း ကစားသမားသစ္ ေခၚယူရာမွာ အဆိုပါ ေနရာအတြင္း အမွတ္တရ ဓါတ္ပံုရိုက္မႈေတြ အမ်ားၾကီး ရွိခဲ့တယ္။

အက္ဆာ ေလ့က်င့္ေရးမွာေတာ့ ‘Champions Wall’ ေနရာမွာ ဆုဖလားေတြကို မွန္ေဘာင္နဲ႔ ျပသထားတဲ့ ပံုစံကို ေျပာင္းလဲထားခဲ့တယ္။ ထူးျခားမႈကေတာ့ မဲဝုဒ္မွာ ျပသထားတဲ့ ပရီးမီးယားလိဂ္နဲ႔ အဆင့္ျမင့္တန္းလိဂ္ ႏွစ္ခုကို ေပါင္းျပီး ၁၉ ဆိုတဲ့ ကိန္းဂဏန္းနဲ႔ ေဖာ္ျပမႈအစား ပရီးမီးယားလိဂ္နဲ႔ အဆင့္ျမင့္တန္းလိဂ္ခ်န္ပီယံ ဖလားႏွစ္ခုကို သီးျခားစီ ခြဲထုတ္ထားျခင္းျဖစ္တယ္။

အက္ဆာရဲ႕ အတြင္းပိုင္း ပံုရိပ္ေတြကေတာ့ လာမယ့္ ကာလေတြမွာ ထပ္မံ ထြက္ေပၚလာဦးမွာျဖစ္ျပီး အေတာ္ေလး ေကာင္းမြန္တဲ့ ေလ့က်င့္ေရးစင္တာၾကီး တစ္ခုအျဖစ္ ဖန္တီးထားတယ္လို႔ သိလာရတာ ျဖစ္ပါတယ္။