လီဗာပူးအသင်းဟာ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် စီနီယာအသင်းသား ၁၇ ဦးထိကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် လက်လွတ်ပေးထားရတာဖြစ်ပါတယ်။

၎င်းတို့ဟာ ဒီနှစ်ပတ်အတွင်း အနည်းဆုံး ၂ ပွဲမှ ၃ ပွဲအထိ ကစားရမှာဖြစ်ကာ ကြံ့ခိုင်မှုအခြေအနေ ကောင်းမွန်နေဖို့ မျှော်လင့်ရမှာဖြစ်တယ်။ ပွဲဦးထွက်အဖြစ်တော့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးမှာ ခံစစ်မှူး ဂိုးမက်စ် ဒဏ်ရာရသွားခဲ့ကာ ကာလရှည် အနားယူဖို့ထိ ပြင်းထန်တဲ့ ဒူး ခုံညင်အရွတ် စုတ်ပြဲဒဏ်ရာလို့ ယူဆရပါတယ်။

ဒီမနက်မှာတော့ လီဗာပူးအသင်းသား ၆ ဦး ပါဝင်တဲ့ လက်ရွေးစင်အသင်း ၆ သင်းရဲ့ ပွဲတွေ ကစားပြီးခဲ့ပါပြီ။ စိတ်ချမ်းသာစရာ သတင်းကောင်းကတော့ ကစားသမား အားလုံး ကောင်းကောင်းမွန်မွန်ပဲ ကစားသွားခဲ့နိုင်ပါတယ်။

ဝိုက်နယ်ဒမ်က စပိန်နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ၄၅ မိနစ် ကစားခဲ့တယ်။ ရှာကွီရီက ဘယ်ဂျီယံကို ၂-၁ နဲ့ အရေးနိမ့်တဲ့ပွဲမှာ ဒုတိယပိုင်း ၄၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။ နှစ်ဦးလုံးက ဒဏ်ရာပြဿနာ ရခဲ့ခြင်း မရှိပါဘူး။

ပေါ်တူဂီအသင်းက ၇-၀ နဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ တိုက်စစ်သမား ဂျိုတာက ၁၆ မိနစ်သာ ပါဝင်ကစားခဲ့တယ်။ ဆီနီဂေါက ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ မာနေးက ပွဲချိန်ပြည့် ကစားပြီး ၁ ဂိုးသွင်းခဲ့သလို ဂူနီယာအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကိတ်တာကလည်း ပွဲချိန်ပြည့် ကစားခဲ့ပါတယ်။

ဂရိက ဆိုက်ပရက်စ်အသင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာတော့ ကိုစတက်က ပထမပိုင်း ၄၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။ သူတို့အားလုံး ဒဏ်ရာ ပြဿနာ မရှိဘဲ ကစားနိုင်ခဲ့ကြတာအတွက် သက်ပြင်းမောကြီး ချရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏိုဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္အတြက္ စီနီယာအသင္းသား ၁၇ ဦးထိကို သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြအတြက္ လက္လြတ္ေပးထားရတာျဖစ္ပါတယ္။

၄င္းတို႔ဟာ ဒီႏွစ္ပတ္အတြင္း အနည္းဆံုး ၂ ပြဲမွ ၃ ပြဲအထိ ကစားရမွာျဖစ္ကာ ၾကံ႕ခိုင္မႈအေျခအေန ေကာင္းမြန္ေနဖို႔ ေမွ်ာ္လင့္ရမွာျဖစ္တယ္။ ပြဲဦးထြက္အျဖစ္ေတာ့ အဂၤလန္အသင္းရဲ႕ ေလ့က်င့္ေရးမွာ ခံစစ္မွဴး ဂိုးမက္စ္ ဒဏ္ရာရသြားခဲ့ကာ ကာလရွည္ အနားယူဖို႔ထိ ျပင္းထန္တဲ့ ဒူး ခံုညင္အရြတ္ စုတ္ျပဲဒဏ္ရာလို႔ ယူဆရပါတယ္။

ဒီမနက္မွာေတာ့ လီဗာပူးအသင္းသား ၆ ဦး ပါဝင္တဲ့ လက္ေရြးစင္အသင္း ၆ သင္းရဲ႕ ပြဲေတြ ကစားျပီးခဲ့ပါျပီ။ စိတ္ခ်မ္းသာစရာ သတင္းေကာင္းကေတာ့ ကစားသမား အားလံုး ေကာင္းေကာင္းမြန္မြန္ပဲ ကစားသြားခဲ့ႏုိင္ပါတယ္။

ဝိုက္နယ္ဒမ္က စပိန္နဲ႔ ၁-၁ သေရက်တဲ့ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူျပီး ၄၅ မိနစ္ ကစားခဲ့တယ္။ ရွာကီြရီက ဘယ္ဂ်ီယံကို ၂-၁ နဲ႔ အေရးနိမ့္တဲ့ပြဲမွာ ဒုတိယပိုင္း ၄၅ မိနစ္ ပါဝင္ကစားခဲ့ပါတယ္။ ႏွစ္ဦးလံုးက ဒဏ္ရာျပႆနာ ရခဲ့ျခင္း မရွိပါဘူး။

ေပၚတူဂီအသင္းက ၇-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရတဲ့ပြဲမွာ တိုက္စစ္သမား ဂ်ိဳတာက ၁၆ မိနစ္သာ ပါဝင္ကစားခဲ့တယ္။ ဆီနီေဂါက ၂-၀ နဲ႔ အႏုိင္ရတဲ့ ပြဲမွာ မာေနးက ပြဲခ်ိန္ျပည့္ ကစားျပီး ၁ ဂိုးသြင္းခဲ့သလို ဂူနီယာအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ ကိတ္တာကလည္း ပြဲခ်ိန္ျပည့္ ကစားခဲ့ပါတယ္။

ဂရိက ဆိုက္ပရက္စ္အသင္းကို ၂-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာေတာ့ ကိုစတက္က ပထမပိုင္း ၄၅ မိနစ္ ပါဝင္ကစားခဲ့ပါတယ္။ သူတို႔အားလံုး ဒဏ္ရာ ျပႆနာ မရွိဘဲ ကစားႏုိင္ခဲ့ၾကတာအတြက္ သက္ျပင္းေမာၾကီး ခ်ရမွာပဲ ျဖစ္ပါတယ္။