အယ်လီဆန်ဟာ တချိန်မှာ လီဗာပူးကနေ ထွက်ခွာဖို့ အစီအစဉ်ရှိပြီးသားဖြစ်ကာ မာဆေးဆိုဒ်ကလပ်နဲ့ လမ်းခွဲပြီးရင်တော့ သူ့မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးကို ပြန်ဖို့ စိတ်အားထက်သန်နေပါတယ်။

အယ်လီဆန်ဟာ လီဗာပူးရဲ့ ဖလားအောင်မြင်မှုမှာ အဓိက အရေးပါသူတစ်ယောက်အဖြစ် သက်သေပြထားတာဖြစ်သလို သူ့ကို အနာဂတ်မှာလဲ အန်ဖီးမှာပဲ ဆက်လက်မြင်တွေ့ရဖို့ ပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။ သူက အန်ဖီးကနေ အလျင်စလို ထွက်ခွာမှာတော့ မဟုတ်ပဲ အသက် ၄၀ လောက်အထိ ကစားနိုင်မယ်လို့ ယုံကြည်နေတာပါ။

အယ်လီဆန်ဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ပရီးမီးယားလိဂ် ဖလားအောင်မြင်မှုတွေမှာ ကလော့ပ်အတွက် အရေးပါတဲ့ ကစာသမားတစ်ယောက်ဖြစ်ခဲ့ပြီး လီဗာပူးက သူ့ကို ၂၀၂၄ အထိ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လီဆန်က ကစားသမားဘဝ အနားမယူခင် ဘရာဇီးကလပ် အင်တာနေစီယွန်နယ်ကိုပြန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

“ကျွန်တော့်အတွက် ဘုရားသခင်မှာ တစ်ခုခုရှိတယ်ဆိုတာ သိပါတယ်၊ ဘဝအတွက် ဘုရားသခင်ရဲ့ အစီအမံတိုင်း ကျွန်တော် လိုက်လုပ်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ ဘရာဇီးကိုပြန်ပြီး ကျွန်တော်ချစ်တဲ့ အင်တာကလပ်ဆီ ပြန်သွားချင်တာပါ။

ဘရာဇီးက ကလပ်အားလုံးကို ကျွန်တော် အများကြီးလေးစားပါတယ်၊ တခြားကလပ် အချို့အတွက်တောင် ကစားပေးချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဘရာဇီးကိုပြန်ပြီး အင်တာဆီ သွားနိုင်ပါ့မလားဆိုတာ မသိပါဘူး”လို့ အယ်လီဆွန်က ဆိုပါတယ်။

၎င်းရဲ့ အထင်ကြီးစရာ ကစားသမားဘဝ အဆုံးသတ်အတွက် ရည်မှန်းချက်ရှိပေမယ့်လဲ အယ်လီဆန်ကတော့ ဘရာဇီးကို ဘယ်အချိန်ပြန်မှာလဲဆိုတာ တိတိကျကျ မသတ်မှတ်ထားဘူးလို့လဲ ပြောခဲ့ပါတယ်။

“ကျွန်တော်က ရေရှည်အစီအစဉ်တွေ အများကြီး ဘယ်တော့မှ မလုပ်ခဲ့ပါဘူး၊ ကျွန်တော့်မှာလဲ အိမ်မက်တွေ ရှိခဲ့ပေမယ့် ကျွန်တော်ကတော့ လက်ရှိမှာ လုပ်နိုင်တဲ့အရာ အပေါ်မှာပဲ အာရုံစိုက်ထားပြီး ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်တာပါ၊ ကျွန်တော် မြင့်မားတဲ့အဆင့်မှာ တတ်နိုင်သလောက် အကြာကြီး ကစားချင်တယ်။

အသက် ၃၅နှစ်၊ ၄၀၊ ၄၀ ကျော်ထိ ဖြစ်မလားဆိုတာတော့ မသိဘူး၊ နိုင်ငံအသင်းနဲ့ ဥရောပမှာ ကစားနေစဉ်အတွင်းတော့ အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ အယ်လီဆန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ZAWGYI

အယ္လီဆန္ဟာ တခ်ိန္မွာ လီဗာပူးကေန ထြက္ခြာဖို႔ အစီအစဥ္ရွိၿပီးသားျဖစ္ကာ မာေဆးဆိုဒ္ကလပ္နဲ႔ လမ္းခြဲျပီးရင္ေတာ့ သူ႔ေမြးရပ္ေျမျဖစ္တဲ့ ဘရာဇီးကို ျပန္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

အယ္လီဆန္ဟာ လီဗာပူးရဲ႕ ဖလားေအာင္ျမင္မႈမွာ အဓိက အေရးပါသူတစ္ေယာက္အျဖစ္ သက္ေသျပထားတာျဖစ္သလို သူ႔ကို အနာဂတ္မွာလဲ အန္ဖီးမွာပဲ ဆက္လက္ျမင္ေတြ႕ရဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ သူက အန္ဖီးကေန အလ်င္စလို ထြက္ခြာမွာေတာ့ မဟုတ္ပဲ အသက္ ၄၀ ေလာက္အထိ ကစားႏိုင္မယ္လို႔ ယုံၾကည္ေနတာပါ။

အယ္လီဆန္ဟာ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္၊ ကလပ္ကမာၻ႔ဖလားနဲ႔ ပရီးမီးယားလိဂ္ ဖလားေအာင္ျမင္မႈေတြမွာ ကေလာ့ပ္အတြက္ အေရးပါတဲ့ ကစာသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး လီဗာပူးက သူ႔ကို ၂၀၂၄ အထိ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အယ္လီဆန္က ကစားသမားဘဝ အနားမယူခင္ ဘရာဇီးကလပ္ အင္တာေနစီယြန္နယ္ကိုျပန္ဖို႔ ရည္႐ြယ္ခ်က္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။

“ကြၽန္ေတာ့္အတြက္ ဘုရားသခင္မွာ တစ္ခုခုရွိတယ္ဆိုတာ သိပါတယ္၊ ဘဝအတြက္ ဘုရားသခင္ရဲ႕ အစီအမံတိုင္း ကြၽန္ေတာ္ လိုက္လုပ္ခ်င္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ့္ စိတ္ထဲမွာေတာ့ ဘရာဇီးကိုျပန္ၿပီး ကြၽန္ေတာ္ခ်စ္တဲ့ အင္တာကလပ္ဆီ ျပန္သြားခ်င္တာပါ။

ဘရာဇီးက ကလပ္အားလုံးကို ကြၽန္ေတာ္ အမ်ားႀကီးေလးစားပါတယ္၊ တျခားကလပ္ အခ်ိဳ႕အတြက္ေတာင္ ကစားေပးခ်င္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ ဘရာဇီးကိုျပန္ၿပီး အင္တာဆီ သြားႏိုင္ပါ့မလားဆိုတာ မသိပါဘူး”လို႔ အယ္လီဆြန္က ဆိုပါတယ္။

၎ရဲ႕ အထင္ႀကီးစရာ ကစားသမားဘဝ အဆုံးသတ္အတြက္ ရည္မွန္းခ်က္ရွိေပမယ့္လဲ အယ္လီဆန္ကေတာ့ ဘရာဇီးကို ဘယ္အခ်ိန္ျပန္မွာလဲဆိုတာ တိတိက်က် မသတ္မွတ္ထားဘူးလို႔လဲ ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္က ေရရွည္အစီအစဥ္ေတြ အမ်ားႀကီး ဘယ္ေတာ့မွ မလုပ္ခဲ့ပါဘူး၊ ကြၽန္ေတာ့္မွာလဲ အိမ္မက္ေတြ ရွိခဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ လက္ရွိမွာ လုပ္ႏိုင္တဲ့အရာ အေပၚမွာပဲ အာ႐ုံစိုက္ထားၿပီး ပစၥဳပၸန္တည့္တည့္ကိုပဲ ၾကည့္တာပါ၊ ကြၽန္ေတာ္ ျမင့္မားတဲ့အဆင့္မွာ တတ္ႏိုင္သေလာက္ အၾကာႀကီး ကစားခ်င္တယ္။

အသက္ ၃၅ႏွစ္၊ ၄၀၊ ၄၀ ေက်ာ္ထိ ျဖစ္မလားဆိုတာေတာ့ မသိဘူး၊ ႏိုင္ငံအသင္းနဲ႔ ဥေရာပမွာ ကစားေနစဥ္အတြင္းေတာ့ အေကာင္းဆုံးလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ အယ္လီဆန္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။