လီဗာပူးကစားသမားဟောင်းဖြစ်ပြီး စကိုင်းစပေါ့ရဲ့ သုံးသပ်သူလည်းဖြစ်တဲ့ ဂျင်မီရက်နပ်က ဇန်နဝါရီမှာ လီဗာပူးအသင်း ခံစစ်မှူးတစ်ဦးကို ဈေးကြီးပေးပြီး ခေါ်ယူဖို့ဆိုတာ ထင်သလောက် မလွယ်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

ဗန်ဒိုက် ကာလရှည် ဒဏ်ရာရထားသလို လက်ရှိမှာ ဂိုးမက်စ်လည်း ကာလရှည် အနားယူရမှာဖြစ်လို့ မန်နေဂျာကလော့ပ်ဟာ စီနီယာခံစစ်သမားအဖြစ် မာတစ် တစ်ဦးတည်းကိုပဲ သုံးဖို့ ကျန်ရှိပါတယ်။ ဖာဘင်ညိုက ခံစစ်နေရာ ကစားပေးနေပေမယ့် တစ်ရာသီလုံးမှာ သူတို့ နှစ်ဦးတင် သုံးမှာထက် ရိုင်းစ်၊ နက် တို့ကိုလည်း နေရာပေးရဖို့ ရှိနေတာပါ။

ပရိသတ်တွေဘက်ကတော့ ခံစစ်မှူးတစ်ဦးကို ဈေးကြီးပေးပြီး ခေါ်ယူခြင်းဖြင့် တိုက်ရိုက် အစားထိုးဖိုပ မျှော်လင့်နေပေမယ့် ရက်နပ်ကတော့ အဲ့တာက ဖြစ်လာဖို့ ခက်ခဲမယ်လို့ မြင်ပါတယ်။ သူကတော့ သူ့အမြင်ကို အခုလို မျှဝေခဲ့ပါတယ်။

ဂျင်မီရက်နပ်က ပြောရာမှာ ‘ ခက်ခဲတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လူတွေက ဗန်ဒိုက် ဒဏ်ရာရသွားတာကြောင့် ခေါ်ယူမှုကြီး တစ်ခုကို လုပ်စေလိုနေတယ်ဆိုတာကို ကျနော် ကြားမိပါတယ်။ ဒါပေမယ့် သူက မှန်ကန်တဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို လုပ်နိုင်မယ်ဆိုရင် မတ်လနဲ့ ဧပြီလထဲမှာ ပြန်သက်သာလာမယ်လို့ ခန့်မှန်းရပါတယ်။

ပုံမှန်ကတော့ ၆ လကနေ ၇ လထိ ကြာမှာပေါ့။ ဗန်ဒိုက်က သိပ်ကို ကြံ့ခိုင်သူဖြစ်ပြီး အရမ်းကောင်းအောင် ခပ်မြန်မြန် သက်သာလာနိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။

တစ်ယောက်ယောက်က ခပ်မြန်မြန်လေး ပြန်လာနိုင်တဲ့ အခြေအနေမျိုး ရှိမယ်ဆိုရင် အခြားသော ခံစစ်သမား တစ်ဦးကို ပေါင် သန်း ၄၀၊ ပေါင် သန်း ၅၀ လောက် အကုန်အကျခံ ခေါ်ယူလိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးက ဂိုးမက်စ်ကိုလည်း ဆုံးရံှူးထားတာပါ။ ဇန်နဝါရီမှာ ကစားသမားတစ်ဦးကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့ လီဗာပူးက သေချာပေါက် ကြိုးစားနိုင်ပါတယ်။

သူတို့ ကစားသမားတစ်ဦးကို ခပ်မြန်မြန် လက်မှတ်ထိုးတာ (သို့) အငှားခေါ်ယူတာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမယ့်လို့ ဇန်နဝါရီမှာ ကစားသမားတွေ ခေါ်ယူဖို့ဆိုတာက သိပ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကလပ်တွေကလည်း ဈေးတွေကို သိပ်မြင့်ပြီး တောင်းခံသွားကြမှာ ဖြစ်ပါတယ်။

လီဗာပူးက ဈေးကွက်ထဲမှာ အလုပ်လုပ်တာလည်း သိပ်ကောင်းပါတယ်။ သူတို့က စတားတွေကို မဝယ်ပါဘူး။ စတားဖြစ်လာအောင် လုပ်ပေးပါတယ်။ ဗန်ဒိုက်ကတော့ ဆန့်ကျင်ဘက်ပေါ့။ လီဗာပူးက ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်းထိ အကုန်အကျခံ ခေါ်ယူထားတာပါ။ လက်ရှိမှာ သူ့ကို အဲ့ထက် ၃ ဆလောက် ပိုပေးရမယ်ထင်ပါတယ်။ သူက မယုံနိုင်လောက်တဲ့ ကစားသမားကောင်း ဖြစ်ပါတယ်။

ဂိုမက်စ်လို ခံစစ်ကစားနိုင်သူတွေ ရှိနိုင်ပေမယ့် ဗန်ဒိုက်လို ကစားနိုင်သူတွေကတော့ မရှိနိုင်ပါဘူး။ ဂိုးမက်စ်ကလည်း သီတင်းပတ်တွေတင် မကဘဲ လအတန်ကြာ အနားယူရမှာဖြစ်ပါတယ်။ ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္းျဖစ္ျပီး စကိုင္းစေပါ့ရဲ႕ သံုးသပ္သူလည္းျဖစ္တဲ့ ဂ်င္မီရက္နပ္က ဇန္နဝါရီမွာ လီဗာပူးအသင္း ခံစစ္မွဴးတစ္ဦးကို ေစ်းၾကီးေပးျပီး ေခၚယူဖို႔ဆိုတာ ထင္သေလာက္ မလြယ္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

ဗန္ဒိုက္ ကာလရွည္ ဒဏ္ရာရထားသလို လက္ရွိမွာ ဂိုးမက္စ္လည္း ကာလရွည္ အနားယူရမွာျဖစ္လို႔ မန္ေနဂ်ာကေလာ့ပ္ဟာ စီနီယာခံစစ္သမားအျဖစ္ မာတစ္ တစ္ဦးတည္းကိုပဲ သံုးဖို႔ က်န္ရွိပါတယ္။ ဖာဘင္ညိဳက ခံစစ္ေနရာ ကစားေပးေနေပမယ့္ တစ္ရာသီလံုးမွာ သူတို႔ ႏွစ္ဦးတင္ သံုးမွာထက္ ရိုင္းစ္၊ နက္ တို႔ကိုလည္း ေနရာေပးရဖို႔ ရွိေနတာပါ။

ပရိသတ္ေတြဘက္ကေတာ့ ခံစစ္မွဴးတစ္ဦးကို ေစ်းၾကီးေပးျပီး ေခၚယူျခင္းျဖင့္ တိုက္ရိုက္ အစားထိုးဖိုပ ေမွ်ာ္လင့္ေနေပမယ့္ ရက္နပ္ကေတာ့ အဲ့တာက ျဖစ္လာဖို႔ ခက္ခဲမယ္လို႔ ျမင္ပါတယ္။ သူကေတာ့ သူ႔အျမင္ကို အခုလို မွ်ေဝခဲ့ပါတယ္။

ဂ်င္မီရက္နပ္က ေျပာရာမွာ ‘ ခက္ခဲတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ လူေတြက ဗန္ဒိုက္ ဒဏ္ရာရသြားတာေၾကာင့္ ေခၚယူမႈၾကီး တစ္ခုကို လုပ္ေစလိုေနတယ္ဆိုတာကို က်ေနာ္ ၾကားမိပါတယ္။ ဒါေပမယ့္ သူက မွန္ကန္တဲ့ ျပန္လည္ ထူေထာင္ေရး ကိစၥေတြကို လုပ္ႏုိင္မယ္ဆိုရင္ မတ္လနဲ႔ ဧျပီလထဲမွာ ျပန္သက္သာလာမယ္လို႔ ခန္႔မွန္းရပါတယ္။

ပံုမွန္ကေတာ့ ၆ လကေန ၇ လထိ ၾကာမွာေပါ့။ ဗန္ဒိုက္က သိပ္ကို ၾကံ႕ခိုင္သူျဖစ္ျပီး အရမ္းေကာင္းေအာင္ ခပ္ျမန္ျမန္ သက္သာလာႏုိင္တဲ့ အရည္အခ်င္းလည္း ရွိပါတယ္။

တစ္ေယာက္ေယာက္က ခပ္ျမန္ျမန္ေလး ျပန္လာႏုိင္တဲ့ အေျခအေနမ်ိဳး ရွိမယ္ဆိုရင္ အျခားေသာ ခံစစ္သမား တစ္ဦးကို ေပါင္ သန္း ၄၀၊ ေပါင္ သန္း ၅၀ ေလာက္ အကုန္အက်ခံ ေခၚယူလိုမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူးက ဂိုးမက္စ္ကိုလည္း ဆံုးရံွဴးထားတာပါ။ ဇန္နဝါရီမွာ ကစားသမားတစ္ဦးကို အျမန္ဆံုး ေခၚယူႏုိင္ဖို႔ လီဗာပူးက ေသခ်ာေပါက္ ၾကိဳးစားႏုိင္ပါတယ္။

သူတို႔ ကစားသမားတစ္ဦးကို ခပ္ျမန္ျမန္ လက္မွတ္ထိုးတာ (သို႔) အငွားေခၚယူတာမ်ိဳး လုပ္ႏုိင္ပါတယ္။ ဒါေပမယ့္လို႔ ဇန္နဝါရီမွာ ကစားသမားေတြ ေခၚယူဖို႔ဆိုတာက သိပ္ေတာ့ လြယ္တဲ့ကိစၥ မဟုတ္ပါဘူး။ ကလပ္ေတြကလည္း ေစ်းေတြကို သိပ္ျမင့္ျပီး ေတာင္းခံသြားၾကမွာ ျဖစ္ပါတယ္။

လီဗာပူးက ေစ်းကြက္ထဲမွာ အလုပ္လုပ္တာလည္း သိပ္ေကာင္းပါတယ္။ သူတို႔က စတားေတြကို မဝယ္ပါဘူး။ စတားျဖစ္လာေအာင္ လုပ္ေပးပါတယ္။ ဗန္ဒိုက္ကေတာ့ ဆန္႔က်င္ဘက္ေပါ့။ လီဗာပူးက ဗန္ဒိုက္အတြက္ ေပါင္ ၇၅ သန္းထိ အကုန္အက်ခံ ေခၚယူထားတာပါ။ လက္ရွိမွာ သူ႔ကို အဲ့ထက္ ၃ ဆေလာက္ ပိုေပးရမယ္ထင္ပါတယ္။ သူက မယံုႏုိင္ေလာက္တဲ့ ကစားသမားေကာင္း ျဖစ္ပါတယ္။

ဂိုမက္စ္လို ခံစစ္ကစားႏုိင္သူေတြ ရွိႏုိင္ေပမယ့္ ဗန္ဒိုက္လို ကစားႏုိင္သူေတြကေတာ့ မရွိႏုိင္ပါဘူး။ ဂိုးမက္စ္ကလည္း သီတင္းပတ္ေတြတင္ မကဘဲ လအတန္ၾကာ အနားယူရမွာျဖစ္ပါတယ္။ ‘ လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။