လီဗာပူးအသင်းဟာ ဗဟိုခံစစ်သမား ပြတ်လှပ်မှု ပြဿနာကို ရေတို ဖြေရှင်းဖို့အတွက် နယ်သာလန်သား ခံစစ်သမား ဂျန်မတ်ကို ကာလတိုစာချုပ်ဖြင့် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် Kevin Palmer ရဲ့ ဖော်ပြမှုအရ သိရခြင်းဖြစ်ကာ အသက် ၃၁ နှစ်အရွယ် ခံစစ်သမားဟာ လက်ရှိမှာ ကလပ်လက်မဲ့ ဖြစ်နေသူပါ။ သူဟာ အသင်းမရှိသေးပေမယ့် နယ်သာလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရဆဲဖြစ်ပြီး ဝိုက်နယ်ဒမ်နဲ့အတူ ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာ ပါဝင်နေပါတယ်။

ဂျန်မတ်ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ နယ်သာလန်လိဂ် ဖီယင်နုကနေ နယူးကာဆယ်ကို ပြောင်းလာခဲ့ပြီး ဝိုက်နယ်ဒမ်နဲ့အတူ ကစားခဲ့တယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာတော့ ဝတ်ဖိုဒ့်ကို ပြောင်းခဲ့ကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အကုန်မှာ ဝတ်ဖိုဒ့်ကနေ ထွက်ခွာခဲ့ပါတယ်။ အင်္ဂလန် အဆင့်မြင့်တန်းလိဂ်မှာ ၆ ရာသီ ကျင်လယ်ထားသူဖြစ်တယ်။

ပုံမှန်အားဖြင့် ဂျန်မတ်က ညာအစွန်နေရာ ကစားသူဖြစ်ပေမယ့် ဗဟိုခံစစ်သမားနေရာ ကစားနိုင်တယ်လို့ သူရတယ်။ သူဟာ အင်္ဂလိပ်စကားကိုလည်း ပြောဆိုနိုင်သူဖြစ်ကာ ခံစစ်မှာလည်း အရည်အချင်းရှိသူအဖြစ် ဝိုက်နယ်ဒမ်က ထောက်ခံပေးခဲ့တာကြောင့် လီဗာပူးက အင်္ဂလန်ကို ပြန်ခေါ်ဖို့ ဆွေးနွေးနေပါတယ်။

လီဗာပူးဘက်က ဂျန်မတ်ကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ ကာလတို စာချုပ်ပဲဖြစ်တယ်လို့ သိရတယ်။ ခိုင်လုံတဲ့ သတင်းတွေ ဆက်ထွက်လာဦးမလား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဗဟိုခံစစ္သမား ျပတ္လွပ္မႈ ျပႆနာကို ေရတို ေျဖရွင္းဖို႔အတြက္ နယ္သာလန္သား ခံစစ္သမား ဂ်န္မတ္ကို ကာလတိုစာခ်ဳပ္ျဖင့္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ Kevin Palmer ရဲ႕ ေဖာ္ျပမႈအရ သိရျခင္းျဖစ္ကာ အသက္ ၃၁ ႏွစ္အရြယ္ ခံစစ္သမားဟာ လက္ရွိမွာ ကလပ္လက္မဲ့ ျဖစ္ေနသူပါ။ သူဟာ အသင္းမရွိေသးေပမယ့္ နယ္သာလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံထားရဆဲျဖစ္ျပီး ဝိုက္နယ္ဒမ္နဲ႔အတူ ဒီအပတ္ ႏုိင္ငံတကာသီတင္းပတ္မွာ ပါဝင္ေနပါတယ္။

ဂ်န္မတ္ဟာ ၂၀၁၄-၂၀၁၅ ေဘာလံုးရာသီမွာ နယ္သာလန္လိဂ္ ဖီယင္ႏုကေန နယူးကာဆယ္ကို ေျပာင္းလာခဲ့ျပီး ဝိုက္နယ္ဒမ္နဲ႔အတူ ကစားခဲ့တယ္။ ၂၀၁၆-၂၀၁၇ ခုႏွစ္မွာေတာ့ ဝတ္ဖိုဒ့္ကို ေျပာင္းခဲ့ကာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အကုန္မွာ ဝတ္ဖိုဒ့္ကေန ထြက္ခြာခဲ့ပါတယ္။ အဂၤလန္ အဆင့္ျမင့္တန္းလိဂ္မွာ ၆ ရာသီ က်င္လယ္ထားသူျဖစ္တယ္။

ပံုမွန္အားျဖင့္ ဂ်န္မတ္က ညာအစြန္ေနရာ ကစားသူျဖစ္ေပမယ့္ ဗဟိုခံစစ္သမားေနရာ ကစားႏုိင္တယ္လို႔ သူရတယ္။ သူဟာ အဂၤလိပ္စကားကိုလည္း ေျပာဆိုႏုိင္သူျဖစ္ကာ ခံစစ္မွာလည္း အရည္အခ်င္းရွိသူအျဖစ္ ဝိုက္နယ္ဒမ္က ေထာက္ခံေပးခဲ့တာေၾကာင့္ လီဗာပူးက အဂၤလန္ကို ျပန္ေခၚဖို႔ ေဆြးေႏြးေနပါတယ္။

လီဗာပူးဘက္က ဂ်န္မတ္ကို ေခၚယူဖို႔ ကမ္းလွမ္းရာမွာ ကာလတို စာခ်ဳပ္ပဲျဖစ္တယ္လို႔ သိရတယ္။ ခိုင္လံုတဲ့ သတင္းေတြ ဆက္ထြက္လာဦးမလား ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။