လီဗာပူးအသင်းက စိတ်ဝင်စားနေတဲ့ ရှော်ကေး ခံစစ်သမား ဂါဘက်ကိုတော့ အေစီမီလန်အပြင် လန်ဒန်ကလပ် စပါးအသင်းကလည်း စိတ်ဝင်စားလာနေပါတယ်။

ဒီကနေ့မှာပဲ ဂိုးမက်စ်ရဲ့ ဒူးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ခဲ့ပါပြီ။ အထူးကု ဆရာဝန်တွေရဲ့ မှတ်ချက်အရတော့ ဂိုးမက်စ်ဟာ တစ်ရာသီလုံး လွဲချော်မှာ မဟုတ်ဘဲ ရာသီသိမ်းခါနီး ပွဲစဉ် အနည်းငယ်ကို ပါဝင်ကစားနိုင်မယ့် အခြေအနေ ရှိနေဆဲလို့ သိရပါတယ်။

အင်္ဂလန် ဒုတိယတန်းလိဂ် ချန်ပီယံရှစ်မှာတော့ လူစားလဲမှု ၅ ခုကို တရားဝင် ပြုလုပ်ခွင့်ပေးဖို့ မဲပေးခဲ့ကြပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အဆိုပါ ကိစ္စဟာ တတိယအကြိမ် ကန့်ကွက်ခံရဖွယ် ရှိနေပါတယ်။

ဂျာမနီကွင်းလယ်လူ တိုနီခရူစ့်က ကပ်ဘေးကာလမှာ နေရှင်းလိဂ်နဲ့ ကလပ်ကမ္ဘာဖလားကို ဆက်လက် ကျင်းပစေတဲ့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ကို ကစားသမားတွေအတွက် မကြည့်ဘဲ ငွေတစ်မျက်နှာပဲ ကြည့်တဲ့ အဖွဲ့အစည်းတွေအဖြစ် ဝေဖန်လိုက်ပါတယ်။

လီဗာပူးကစားသမားဟောင်းဖြစ်ပြီး စကိုင်းစပေါ့ရဲ့ သုံးသပ်သူလည်းဖြစ်တဲ့ ဂျင်မီရက်နပ်က ဇန်နဝါရီမှာ လီဗာပူးအသင်း ခံစစ်မှူးတစ်ဦးကို ဈေးကြီးပေးပြီး ခေါ်ယူဖို့ဆိုတာ ထင်သလောက် မလွယ်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

အယ်လီဆန်ဟာ တချိန်မှာ လီဗာပူးကနေ ထွက်ခွာခဲ့ရင် သူ့မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးကို ပြန်ကာ အင်တာနေစီယွန်နယ် အသင်းအတွက် ကစားပေးဖို့ စိတ်အားထက်သန်နေပါတယ်။

ဒီမနက်မှာတော့ လီဗာပူးအသင်းသား ၆ ဦး ပါဝင်တဲ့ လက်ရွေးစင်အသင်း ၆ သင်းရဲ့ ပွဲတွေ ကစားပြီးခဲ့ပါပြီ။ စိတ်ချမ်းသာစရာ သတင်းကောင်းကတော့ ကစားသမား အားလုံး ကောင်းကောင်းမွန်မွန်ပဲ ကစားသွားခဲ့နိုင်ပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက် မရောက်ခင်မှာ ကစားသမားတစ်ဦး ခေါ်ယူခွင့်ပေးဖို့ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ကို တောင်းဆိုမှု လုပ်ကြည့်နိုင်တယ်လို့ The Times က ဖော်ပြသွားပါတယ်။

အက်ဆာ လေ့ကျင့်ရေးမှာတော့ မဲဝုဒ်က ‘Champions Wall’ နေရာမှာ ဆုဖလားတွေကို မှန်ဘောင်နဲ့ ပြသထားတဲ့ ပုံစံကို ပြောင်းလဲထားခဲ့တယ်။ ထူးခြားမှုကတော့ မဲဝုဒ်မှာ ပြသထားတဲ့ ပရီးမီးယားလိဂ်နဲ့ အဆင့်မြင့်တန်းလိဂ် နှစ်ခုကို ပေါင်းပြီး ၁၉ ဆိုတဲ့ ကိန်းဂဏန်းနဲ့ ဖော်ပြမှုအစား ပရီးမီးယားလိဂ်နဲ့ အဆင့်မြင့်တန်းလိဂ်ချန်ပီယံ ဖလားနှစ်ခုကို သီးခြားစီ ခွဲထုတ်ထားခြင်းဖြစ်တယ်။

ZAWGYI

လီဗာပူးအသင္းက စိတ္ဝင္စားေနတဲ့ ေရွာ္ေကး ခံစစ္သမား ဂါဘက္ကိုေတာ့ ေအစီမီလန္အျပင္ လန္ဒန္ကလပ္ စပါးအသင္းကလည္း စိတ္ဝင္စားလာေနပါတယ္။

ဒီကေန႔မွာပဲ ဂိုးမက္စ္ရဲ႕ ဒူးဒဏ္ရာ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ပါျပီ။ အထူးကု ဆရာဝန္ေတြရဲ႕ မွတ္ခ်က္အရေတာ့ ဂိုးမက္စ္ဟာ တစ္ရာသီလံုး လြဲေခ်ာ္မွာ မဟုတ္ဘဲ ရာသီသိမ္းခါနီး ပြဲစဥ္ အနည္းငယ္ကို ပါဝင္ကစားႏုိင္မယ့္ အေျခအေန ရွိေနဆဲလို႔ သိရပါတယ္။

အဂၤလန္ ဒုတိယတန္းလိဂ္ ခ်န္ပီယံရွစ္မွာေတာ့ လူစားလဲမႈ ၅ ခုကို တရားဝင္ ျပဳလုပ္ခြင့္ေပးဖို႔ မဲေပးခဲ့ၾကျပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ အဆိုပါ ကိစၥဟာ တတိယအၾကိမ္ ကန္႔ကြက္ခံရဖြယ္ ရွိေနပါတယ္။

ဂ်ာမနီကြင္းလယ္လူ တိုနီခရူစ့္က ကပ္ေဘးကာလမွာ ေနရွင္းလိဂ္နဲ႔ ကလပ္ကမၻာဖလားကို ဆက္လက္ က်င္းပေစတဲ့ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔ကို ကစားသမားေတြအတြက္ မၾကည့္ဘဲ ေငြတစ္မ်က္ႏွာပဲ ၾကည့္တဲ့ အဖြဲ႔အစည္းေတြအျဖစ္ ေဝဖန္လိုက္ပါတယ္။

လီဗာပူးကစားသမားေဟာင္းျဖစ္ျပီး စကိုင္းစေပါ့ရဲ႕ သံုးသပ္သူလည္းျဖစ္တဲ့ ဂ်င္မီရက္နပ္က ဇန္နဝါရီမွာ လီဗာပူးအသင္း ခံစစ္မွဴးတစ္ဦးကို ေစ်းၾကီးေပးျပီး ေခၚယူဖို႔ဆိုတာ ထင္သေလာက္ မလြယ္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

အယ္လီဆန္ဟာ တခ်ိန္မွာ လီဗာပူးကေန ထြက္ခြာခဲ့ရင္ သူ႔ေမြးရပ္ေျမျဖစ္တဲ့ ဘရာဇီးကို ျပန္ကာ အင္တာေနစီယြန္နယ္ အသင္းအတြက္ ကစားေပးဖို႔ စိတ္အားထက္သန္ေနပါတယ္။

ဒီမနက္မွာေတာ့ လီဗာပူးအသင္းသား ၆ ဦး ပါဝင္တဲ့ လက္ေရြးစင္အသင္း ၆ သင္းရဲ႕ ပြဲေတြ ကစားျပီးခဲ့ပါျပီ။ စိတ္ခ်မ္းသာစရာ သတင္းေကာင္းကေတာ့ ကစားသမား အားလံုး ေကာင္းေကာင္းမြန္မြန္ပဲ ကစားသြားခဲ့ႏုိင္ပါတယ္။

လီဗာပူးအသင္းဟာ ဇန္နဝါရီေစ်းကြက္ မေရာက္ခင္မွာ ကစားသမားတစ္ဦး ေခၚယူခြင့္ေပးဖို႔ ပရီးမီးယားလိဂ္ ဘုတ္အဖြဲ႔ကို ေတာင္းဆိုမႈ လုပ္ၾကည့္ႏုိင္တယ္လို႔ The Times က ေဖာ္ျပသြားပါတယ္။

အက္ဆာ ေလ့က်င့္ေရးမွာေတာ့ မဲဝုဒ္က ‘Champions Wall’ ေနရာမွာ ဆုဖလားေတြကို မွန္ေဘာင္နဲ႔ ျပသထားတဲ့ ပံုစံကို ေျပာင္းလဲထားခဲ့တယ္။ ထူးျခားမႈကေတာ့ မဲဝုဒ္မွာ ျပသထားတဲ့ ပရီးမီးယားလိဂ္နဲ႔ အဆင့္ျမင့္တန္းလိဂ္ ႏွစ္ခုကို ေပါင္းျပီး ၁၉ ဆိုတဲ့ ကိန္းဂဏန္းနဲ႔ ေဖာ္ျပမႈအစား ပရီးမီးယားလိဂ္နဲ႔ အဆင့္ျမင့္တန္းလိဂ္ခ်န္ပီယံ ဖလားႏွစ္ခုကို သီးျခားစီ ခြဲထုတ္ထားျခင္းျဖစ္တယ္။