လီဗာပူးရဲ့ ဘရာဇီး ကွင်းလယ်လူ ဖာဘင်ညိုဟာ ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် လက်ရွေးစင်တာဝန်တွေကို လွဲချော်ထားပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးသူဖြစ်တယ်။ သူက စာချုပ်သစ်အတွက် စကားပြောဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ထုတ်ပြောထားပြီး ကလပ်ဘက်ကလည်း သူ့ကို သက်တမ်းတိုးဖို့ကို ဗန်ဒိုက်ကို သက်တမ်းတိုးဖို့နည်းတူ ကြိုးစားလာနိုင်ပါတယ်။

တစ်နိုင်ငံတည်း ကစားသမားအတွက် အယ်လီဆန်က ပြောရာမှာ ” ကလပ်အတွက်ကော လက်ရွေးစင်အတွက်ပါ ဖာဘင်ညိုက အရေးပါဆုံး ကစားသမားတစ်ယောက်လို့ ကျနော် ယုံကြည်ပါတယ်။ ဘယ်နေရာမှာပဲ ရှိနေပါစေ သူက အရေးကြီးဆုံး ကစားသမားပါ။ ကွင်းထဲမှာ သူ့ရဲ့ တန်ကြေးကို အမြဲတမ်း ပြသနေသူဖြစ်ပါတယ်။

သူက ဗန်ဒိုက်နေရာအတွက် ကစားပေးနေတာပါ။ ကံမကောင်းစွာပဲ ဒဏ်ရာရခဲ့တာကြောင့် ဘရာဇီးအသင်းအတွက်လည်း လွဲချော်ထားပါတယ်။ သူက နံပါတ် ၆ နေရာမှာတင် မဟုတ်ဘဲ ခံစစ်သမားအဖြစ်လည်း ကစားနိုင်တယ်။ သူက အစွန်နေရာတွေကိုလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒီလို နေရာစုံ အံဝင်စွာ ကစားနိုင်မှုကလည်း သူ့ကို ပိုတန်ဖိုးကြီးတဲ့ ကစားသမား ဖြစ်လာစေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီမနက်က မီဒီယာတွေ့ဆုံမှုမှာတော့ ဘရာဇီးမန်နေဂျာ တစ်တီက လက်ရွေးစင် ကစားသမား Gabriel Menino မှာ ကိုဗစ်ရှိနေတယ်လို့ အတည်ပြုပါတယ်။ ၎င်းဟာ လေ့ကျင့်ရေးမှာ အယ်လီဆန်၊ ဖာမင်နိုတို့ အပါအဝင် စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့သေးတယ်လို့ သိရတယ်။

အယ်လီဆန်က အခြေအနေ ကောင်းဟန်ရှိပြီး အင်စတာဂရမ်မှာ အဆင်ပြေကြောင်း ဖော်ပြတဲ့ပုံကို တင်သွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ဘရာဇီး ကြင္းလယ္လူ ဖာဘင္ညိဳဟာ ဒီအပတ္ ႏုိင္ငံတကာသီတင္းပတ္မွာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ လက္ေရြးစင္တာဝန္ေတြကို လြဲေခ်ာ္ထားပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဒီရာသီအကုန္မွာ လီဗာပူးနဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္ရွိေနေသးသူျဖစ္တယ္။ သူက စာခ်ဳပ္သစ္အတြက္ စကားေျပာဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ ထုတ္ေျပာထားျပီး ကလပ္ဘက္ကလည္း သူ႔ကို သက္တမ္းတိုးဖို႔ကို ဗန္ဒိုက္ကို သက္တမ္းတိုးဖို႔နည္းတူ ၾကိဳးစားလာႏုိင္ပါတယ္။

တစ္ႏုိင္ငံတည္း ကစားသမားအတြက္ အယ္လီဆန္က ေျပာရာမွာ ” ကလပ္အတြက္ေကာ လက္ေရြးစင္အတြက္ပါ ဖာဘင္ညိဳက အေရးပါဆံုး ကစားသမားတစ္ေယာက္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။ ဘယ္ေနရာမွာပဲ ရွိေနပါေစ သူက အေရးၾကီးဆံုး ကစားသမားပါ။ ကြင္းထဲမွာ သူ႔ရဲ႕ တန္ေၾကးကို အျမဲတမ္း ျပသေနသူျဖစ္ပါတယ္။

သူက ဗန္ဒိုက္ေနရာအတြက္ ကစားေပးေနတာပါ။ ကံမေကာင္းစြာပဲ ဒဏ္ရာရခဲ့တာေၾကာင့္ ဘရာဇီးအသင္းအတြက္လည္း လြဲေခ်ာ္ထားပါတယ္။ သူက နံပါတ္ ၆ ေနရာမွာတင္ မဟုတ္ဘဲ ခံစစ္သမားအျဖစ္လည္း ကစားႏုိင္တယ္။ သူက အစြန္ေနရာေတြကိုလည္း ကစားခဲ့ဖူးသူ ျဖစ္ပါတယ္။ ဒီလို ေနရာစံု အံဝင္စြာ ကစားႏုိင္မႈကလည္း သူ႔ကို ပိုတန္ဖိုးၾကီးတဲ့ ကစားသမား ျဖစ္လာေစပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီမနက္က မီဒီယာေတြ႔ဆံုမႈမွာေတာ့ ဘရာဇီးမန္ေနဂ်ာ တစ္တီက လက္ေရြးစင္ ကစားသမား Gabriel Menino မွာ ကိုဗစ္ရွိေနတယ္လို႔ အတည္ျပဳပါတယ္။ ၄င္းဟာ ေလ့က်င့္ေရးမွာ အယ္လီဆန္၊ ဖာမင္ႏိုတို႔ အပါအဝင္ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ေသးတယ္လို႔ သိရတယ္။

အယ္လီဆန္က အေျခအေန ေကာင္းဟန္ရွိျပီး အင္စတာဂရမ္မွာ အဆင္ေျပေၾကာင္း ေဖာ္ျပတဲ့ပံုကို တင္သြားခဲ့ပါတယ္။