ဒီရာသီဟာ စကော့လိဂ်အတွက် အပြောင်းအလဲကြီး ဖြစ်လာနိုင်တဲ့ ဘောလုံးရာသီဖြစ်ပါတယ်။ စကော်တလန်လိဂ်ကို ၉ ရာသီဆက် ချန်ပီယံဖြစ်ထားတဲ့ ဆဲလ်တစ်ရဲ့ လွှမ်းမိုးမှုကို ဖော်ထွက်ပြီး ရိန်းဂျားအသင်းက တောက်ပလာခဲ့ပါပြီ။

၂၀၁၈ ခုနှစ်က စကော်တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်ဖို့ လီဗာပူးလူငယ်အသင်း မန်နေဂျာအဖြစ်က နုတ်ထွက်ပြီး ကူးပြောင်းခဲ့တဲ့ စတီဗင်ဂျရတ်ကို ရိန်းဂျားပရိသတ် ၉၀၀၀ ကျော်က ကွင်းထဲ လာရောက် ကြိုဆိုခဲ့ကြတယ်။ ဒါပေမယ့်လို့ အဲ့တုန်းက ရိန်းဂျားပရိသတ်တွေက အတွေ့အကြုံ မရှိသေးတဲ့ လူငယ်တစ်ယောက်က သူတို့အသင်းကို ကိုင်တွယ်နိုင်မလား သံသယရှိခဲ့တယ်။

စတီဗင်ဂျရတ် ကိုင်တွယ်ပြီးနောက် ရိန်းဂျားအသင်းရဲ့ အသိသာဆုံး အပြောင်းအလဲက ဥရောပပြိုင်ပွဲတွေမှာ အဆင့်တစ်ခုကို ရောက်လာတာပါ။ သူမကိုင်ခင်က ရိန်းဂျားဟာ ယူရိုပါလိဂ် ခြေစစ်ပွဲလို အဆင့်မှာတောင် အဆိပ်မရှိပါဘူး။ ဒါပေမယ့် စတီဗင် ကိုင်တွယ်ပြီးနောက်မှာ ရိန်းဂျားဟာ ယူရိုပါလိဂ်မှာ အန္တရာယ်ကြီးတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့တယ်။

ဆဲလ်တစ်ဟာ အာဆင်နယ်၊ ချယ်ဆီးတို့ရဲ့ လုပ်ခပေးချေမှုထက် ၄ ဆပိုနည်းတဲ့ အသင်းပါ။ ဒါပေမယ့် ယူရိုပါလိဂ်အဆင့်မှာတော့ လုပ်ခပေးချေမှု မြင့်မားတဲ့ နေရာမှာ အဆင့် ၁၂ ချိတ်ပါတယ်။ ပြောရမယ်ဆိုရင် လာလီဂါ၊ စီးရီးအေက ထိပ်တန်းအသင်းတွေဖြစ်တဲ့ လာဇီယို၊ ဗလန်စီယာတို့လောက်ကို လုပ်ခသုံးတဲ့ အသင်းပါ။

ရိန်းဂျားရဲ့ လုပ်ခပေးနိုင်မှုက ဆဲလ်တစ်နဲ့ တော်တော်ကွာပါတယ်။ ဒါပေမယ့် စတီဗင်ဂျရတ်က ဈေးပေါတဲ့ ကစားသမားတွေကို ခေါ်ယူပြီး သူတို့မှာ ရှိတဲ့ အရည်အချင်းတွေကို ကွင်းထဲမှာ ထုတ်ပြနိုင်အောင် လုပ်ဆောင်နိုင်တာကြောင့် စကော့လိဂ်မှာ ထိပ်ဆုံးကို ပြန်ရောက်လာတာဖြစ်တယ်။ မလွယ်ဘူးတာကို လုပ်ပြနေတဲ့ ဒီအချက်က စတီဗင်ဂျရတ်ကို လေးစားကြတဲ့ အဓိက အချက်ပါပဲ။

စတီဗင်က သူ့အသင်းကို ခံစားချက်အရကော၊ နည်းစနစ်အရပါ ကိုင်တွယ်ပါတယ်။ သူစံထားတဲ့ မန်နေဂျာကတော့ ရာဖေး ဘင်နီတက်စ်ဖြစ်တယ်။ ဒါကိုလည်း Champions Journal အင်တာဗျူးမှာ သူဖြေပါတယ်။ ရိန်းဂျားရဲ့ စွမ်းဆောင်ရည်က ဘင်နီတက်စ်အပေါ် အခြေခံမှုတွေ အများကြီး ရှိပါတယ်။

စတီဗင်ဟာ ဒီရာသီမှာ လက်ရှိအချိန်ထိတော့ အမှတ်ပေးလိဂ်မှာကော ယူရိုပါလိဂ် အုပ်စုအဆင့်မှာပါ ထိပ်ဆုံးက ဦးဆောင်ထားပါတယ်။ သူဘယ်လောက်ထိ ဝေးဝေးသွားနိုင်မယ် မသိသေးပါဘူး။ ဒါပေမယ့် သူလုပ်ပြနိုင်တာအတွက် ရိန်းဂျားအသင်းရဲ့ ကစားသမားတွေတင် မဟုတ်ဘဲ ဥရောပ ဘောလုံးအသိုင်းအဝိုင်းကလည်း လေးစားမှုတွေ ပြသနေပြီး ဒီတစ်ကြိမ်မှာကော ရိန်းဂျားက နောက်ဆုံးလိုင်းကို ကျော်နိုင်ဦးမလား စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီဟာ စေကာ့လိဂ္အတြက္ အေျပာင္းအလဲၾကီး ျဖစ္လာႏုိင္တဲ့ ေဘာလံုးရာသီျဖစ္ပါတယ္။ စေကာ္တလန္လိဂ္ကို ၉ ရာသီဆက္ ခ်န္ပီယံျဖစ္ထားတဲ့ ဆဲလ္တစ္ရဲ႕ လႊမ္းမိုးမႈကို ေဖာ္ထြက္ျပီး ရိန္းဂ်ားအသင္းက ေတာက္ပလာခဲ့ပါျပီ။

၂၀၁၈ ခုႏွစ္က စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းကို ကိုင္တြယ္ဖို႔ လီဗာပူးလူငယ္အသင္း မန္ေနဂ်ာအျဖစ္က ႏုတ္ထြက္ျပီး ကူးေျပာင္းခဲ့တဲ့ စတီဗင္ဂ်ရတ္ကို ရိန္းဂ်ားပရိသတ္ ၉၀၀၀ ေက်ာ္က ကြင္းထဲ လာေရာက္ ၾကိဳဆိုခဲ့ၾကတယ္။ ဒါေပမယ့္လို႔ အဲ့တုန္းက ရိန္းဂ်ားပရိသတ္ေတြက အေတြ႔အၾကံဳ မရွိေသးတဲ့ လူငယ္တစ္ေယာက္က သူတို႔အသင္းကို ကိုင္တြယ္ႏုိင္မလား သံသယရွိခဲ့တယ္။

စတီဗင္ဂ်ရတ္ ကိုင္တြယ္ျပီးေနာက္ ရိန္းဂ်ားအသင္းရဲ႕ အသိသာဆံုး အေျပာင္းအလဲက ဥေရာပျပိဳင္ပြဲေတြမွာ အဆင့္တစ္ခုကို ေရာက္လာတာပါ။ သူမကိုင္ခင္က ရိန္းဂ်ားဟာ ယူရိုပါလိဂ္ ေျခစစ္ပြဲလို အဆင့္မွာေတာင္ အဆိပ္မရွိပါဘူး။ ဒါေပမယ့္ စတီဗင္ ကိုင္တြယ္ျပီးေနာက္မွာ ရိန္းဂ်ားဟာ ယူရိုပါလိဂ္မွာ အႏၱရာယ္ၾကီးတဲ့ အသင္းတစ္သင္းျဖစ္လာခဲ့တယ္။

ဆဲလ္တစ္ဟာ အာဆင္နယ္၊ ခ်ယ္ဆီးတို႔ရဲ႕ လုပ္ခေပးေခ်မႈထက္ ၄ ဆပိုနည္းတဲ့ အသင္းပါ။ ဒါေပမယ့္ ယူရိုပါလိဂ္အဆင့္မွာေတာ့ လုပ္ခေပးေခ်မႈ ျမင့္မားတဲ့ ေနရာမွာ အဆင့္ ၁၂ ခ်ိတ္ပါတယ္။ ေျပာရမယ္ဆိုရင္ လာလီဂါ၊ စီးရီးေအက ထိပ္တန္းအသင္းေတြျဖစ္တဲ့ လာဇီယို၊ ဗလန္စီယာတို႔ေလာက္ကို လုပ္ခသံုးတဲ့ အသင္းပါ။

ရိန္းဂ်ားရဲ႕ လုပ္ခေပးႏုိင္မႈက ဆဲလ္တစ္နဲ႔ ေတာ္ေတာ္ကြာပါတယ္။ ဒါေပမယ့္ စတီဗင္ဂ်ရတ္က ေစ်းေပါတဲ့ ကစားသမားေတြကို ေခၚယူျပီး သူတို႔မွာ ရွိတဲ့ အရည္အခ်င္းေတြကို ကြင္းထဲမွာ ထုတ္ျပႏုိင္ေအာင္ လုပ္ေဆာင္ႏုိင္တာေၾကာင့္ စေကာ့လိဂ္မွာ ထိပ္ဆံုးကို ျပန္ေရာက္လာတာျဖစ္တယ္။ မလြယ္ဘူးတာကို လုပ္ျပေနတဲ့ ဒီအခ်က္က စတီဗင္ဂ်ရတ္ကို ေလးစားၾကတဲ့ အဓိက အခ်က္ပါပဲ။

စတီဗင္က သူ႔အသင္းကို ခံစားခ်က္အရေကာ၊ နည္းစနစ္အရပါ ကိုင္တြယ္ပါတယ္။ သူစံထားတဲ့ မန္ေနဂ်ာကေတာ့ ရာေဖး ဘင္နီတက္စ္ျဖစ္တယ္။ ဒါကိုလည္း Champions Journal အင္တာဗ်ဴးမွာ သူေျဖပါတယ္။ ရိန္းဂ်ားရဲ႕ စြမ္းေဆာင္ရည္က ဘင္နီတက္စ္အေပၚ အေျခခံမႈေတြ အမ်ားၾကီး ရွိပါတယ္။

စတီဗင္ဟာ ဒီရာသီမွာ လက္ရွိအခ်ိန္ထိေတာ့ အမွတ္ေပးလိဂ္မွာေကာ ယူရိုပါလိဂ္ အုပ္စုအဆင့္မွာပါ ထိပ္ဆံုးက ဦးေဆာင္ထားပါတယ္။ သူဘယ္ေလာက္ထိ ေဝးေဝးသြားႏုိင္မယ္ မသိေသးပါဘူး။ ဒါေပမယ့္ သူလုပ္ျပႏုိင္တာအတြက္ ရိန္းဂ်ားအသင္းရဲ႕ ကစားသမားေတြတင္ မဟုတ္ဘဲ ဥေရာပ ေဘာလံုးအသိုင္းအဝိုင္းကလည္း ေလးစားမႈေတြ ျပသေနျပီး ဒီတစ္ၾကိမ္မွာေကာ ရိန္းဂ်ားက ေနာက္ဆံုးလိုင္းကို ေက်ာ္ႏုိင္ဦးမလား ေစာင့္ၾကည့္ေနၾကျပီ ျဖစ္ပါတယ္။