လီဗာပူးအသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ ချိန်ရွယ်မှုတွေ လုပ်ထားပြီး ဆန်ကာတင်စာရင်း တစ်ခုကို ပြုလုပ်ထားကြောင်းကို The Athletic က ဖော်ပြပါတယ်။

လီဗာပူးက အလိုရှိနေသူတွေထဲမှာ ထိပ်ဆုံးက ရှိနေသူက အူပါမီကာနိုဖြစ်တယ်။ ပြင်သစ်သား ခံစစ်သမားကို လာမယ့် နွေမှာ ခေါ်ယူဖို့ အစီအစဉ်ချထားခဲ့ပြီး ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မှာဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းက ပိုစောစော ချိတ်ဆက်မှုအဖြစ် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားဖွယ်ရှိတယ်။

ဘရိုက်တန်အသင်း ခံစစ်သမား ဘမ်ဝိုက်ကိုလည်း လီဗာပူးက ဆန်ကာတင်စာရင်းထဲ ထည့်ထားပါတယ်။ ကလပ်ဘက်က အင်္ဂလန်သား တစ်ဦးထက် ပြင်ပ ကစားသမား တစ်ဦးကိုပဲ ငွေပိုပေးပြီး ခေါ်ယူတာက အဆင်ပြေနိုင်တယ်ဆိုတာကိုလည်း နားလည်ထားတယ်။

ရှော်ကေး ခံစစ်သမား အိုဇန် ဂါဘက်နဲ့ တိုရီနိုအသင်းမှ ဘရာဇီး ခံစစ်သမား ဘရီမာကလည်း လီဗာပူးရဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒီကစားသမားတွေ အားလုံးကို လာမယ့် နွေအတွက် ရည်ရွယ်ပြီး လီဗာပူးက စာရင်းလုပ်ထားခဲ့တာလို့ The Athletic က ဖော်ပြခဲ့တာဖြစ်တယ်။

လက်ရှိမှာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ကို ဒဏ်ရာတွေကြောင့် လက်လွတ်ရမှာဖြစ်လို့ နောက်နွေမှာ ခေါ်ယူမယ့် အစီအစဉ်ကို ဇန်နဝါရီမှာတင် ခေါ်ယူမှုလုပ်ဖို့ တိုးမြင့် ရွှေ့ဆိုင်ဖွယ်ရှိတယ်။ လီဗာပူးမှာ ဒဏ်ရာမရှိတဲ့ ခံစစ်သမားဆိုလို့ မကြာသေးခင်ကပဲ ကြွက်သား ဒဏ်ရာက ပြန်သက်သာလာတဲ့ ဗဟိုခံစစ်မှူး မာတစ် တစ်ဦးပဲ ရှိမှာ ဖြစ်ပါတယ်။

မာတစ်ဟာ ကုန်ခဲ့တဲ့ ၁၄ လအတွင်းမှာ လီဗာပူးအတွက် ၂ ပွဲဆက် ကစားပေးနိုင်တာမျိုး လုံးဝ မရှိထားပါဘူး။

ZAwGYI





