၁၉၉၈ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အဆင့်မှာ မည့်သည့် အဆင့်မြင့် ပြိုင်ပွဲကိုမှ ပါဝင်ထားနိုင်ခြင်း မရှိတဲ့ စကော်တလန်ဟာ ဒီနွေမှာတော့ ၂၀၂၀ ယူရိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

၁၉၉၆ ခုနှစ် ယူရိုပြိုင်ပွဲအပြီး ကပ်သီးလွဲချော်မှု၊ စိတ်ပျက်ဖွယ်လွဲချော်မှု အမျိုးမျိုးနဲ့ စကော်တလန်လက်ရွေးစင်အသင်းဟာ ကျဆုံးမှုတွေကို ရင်ဆိုင်ထားရသူပါ။ ဒါပေမယ့်လည်း ဒီမနက်မှာတော့ စကော်တလန်အသင်းဟာ ဆာဘီယာအသင်းကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တာကြောင့် ယူရိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

စကော်တလန်အသင်းဟာ ယူရို ၂၀၂၀ ဝင်ခွင့်ကို ရယူလိုစိတ် ပြင်းပြလာခဲ့သလိုပဲ ၎င်းတို့အသင်းဟာ လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ စကော်တလန်လက်ရွေးစင်အသင်းရဲ့ ၂၂ နှစ်အတွင်း အညံ့ဆုံးသော အသင်းခေါင်းဆောင်အဖြစ် ဆိုးဆိုးရွားရွား ဝေဖန်ခံရတဲ့ထိ ရော်ဘတ်ဆန်ဟာ ဖိအားတွေကို ရင်ဆိုင်ခဲ့ရတယ်။

လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ စူပါလိဂ်၊ ကလပ်ကမ္ဘာဖလားတွေကို အနိုင်ရခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ဒီဖိအားတွေကို ရင်ဆိုင်ဖို့ရာ ကြံ့ခိုင်သူပါလို့ လက်ရွေးစင်မန်နေဂျာ စတိဗ်ကလက်က ကာကွယ်ပြောဆိုပေးခဲ့ရတယ်။

စကော်တလန်ကလပ် ရံှူးပွဲတွေရင် ထိပ်ဆုံးက ဝေဖန်ခံရသူက ရော်ဘတ်ဆန်ဖြစ်တယ်။ သရေရလဒ်နဲ့ ပင်နယ်တီ တာဝန်ယူမှု မလုပ်ချိန်တွေမှာလည်း ရော်ဘတ်ဆန်က ဝေဖန်ခံရတယ်။ အဆိုးဆုံးကတော့ ရော်ဘတ်ဆန် ဦးဆောင်နေသမျှ စကော်တလန်ဟာ အဆင့်မြင့်တန်း ပြိုင်ပွဲကြီးတွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်ချက်ပဲဖြစ်တယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လီဗာပူးအတွက် ပရီးမီးယားလိဂ်ဖလား အောင်မြင်အောင် ကြိုးစားနေရင်း တစ်ဘက်မှာလည်း စကော်တလန်အတွက် ရော်ဘတ်ဆန်က ပွဲတိုင်း ပါဝင်ကစားခဲ့တယ်။ ဒီကနေ့မှာတော့ ရော်ဘတ်ဆန်ဟာ သူ့ရဲ့ ကစားသမားဘဝအတွက် ဂုဏ်အယူရဆုံး ကိစ္စကို ပြီးမြောက်ခဲ့ပါပြီ။

စကော်တလန်လက်ရွေးစင်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင် ပထမဆုံးအကြိမ်အဖြစ် ယူရို ၂၀၂၀ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ မိခင်နိုင်ငံအသင်းကို ဥရောပ ဘောလုံးဇာတ်ခုံထံ ပြန်ရောက်ဖို့ ရော်ဘတ်ဆန်က ဦးဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

စကော်တလန် လက်ရွေးစင်အသင်းကတော့ ရော်ဘတ်ဆန်ရဲ့ ပုံနဲ့အတူ ‘ငါတို့ရဲ့ အသင်းခေါင်းဆောင်’ လို့ ဂုဏ်ယူစွာ ဖော်ပြခဲ့ခြင်းက ‘၂၂ နှစ်အတွင်း အညံ့ဆုံးသော စကော်တလန် အသင်းခေါင်းဆောင်’ ဆိုတဲ့ ဝေဖန်ခံရမှုဟာ မှားယွင်းခဲ့ပါတယ်ဆိုတာအတွက် သက်သေပဲဖြစ်ပါတယ်။

ZAWGYI

၁၉၉၈ ခုႏွစ္ေနာက္ပိုင္း လက္ေရြးစင္အဆင့္မွာ မည့္သည့္ အဆင့္ျမင့္ ျပိဳင္ပြဲကိုမွ ပါဝင္ထားႏုိင္ျခင္း မရွိတဲ့ စေကာ္တလန္ဟာ ဒီေႏြမွာေတာ့ ၂၀၂၀ ယူရိုျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ခြင့္ ရရွိခဲ့ျပီျဖစ္ပါတယ္။

၁၉၉၆ ခုႏွစ္ ယူရိုျပိဳင္ပြဲအျပီး ကပ္သီးလြဲေခ်ာ္မႈ၊ စိတ္ပ်က္ဖြယ္လြဲေခ်ာ္မႈ အမ်ိဳးမ်ိဳးနဲ႔ စေကာ္တလန္လက္ေရြးစင္အသင္းဟာ က်ဆံုးမႈေတြကို ရင္ဆိုင္ထားရသူပါ။ ဒါေပမယ့္လည္း ဒီမနက္မွာေတာ့ စေကာ္တလန္အသင္းဟာ ဆာဘီယာအသင္းကို ပင္နယ္တီနဲ႔ အႏုိင္ရခဲ့တာေၾကာင့္ ယူရိုျပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ျပိဳင္ခြင့္ရခဲ့ျပီ ျဖစ္ပါတယ္။

စေကာ္တလန္အသင္းဟာ ယူရို ၂၀၂၀ ဝင္ခြင့္ကို ရယူလိုစိတ္ ျပင္းျပလာခဲ့သလိုပဲ ၄င္းတို႔အသင္းဟာ လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္ကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးခဲ့ပါတယ္။ စေကာ္တလန္လက္ေရြးစင္အသင္းရဲ႕ ၂၂ ႏွစ္အတြင္း အညံ့ဆံုးေသာ အသင္းေခါင္းေဆာင္အျဖစ္ ဆိုးဆိုးရြားရြား ေဝဖန္ခံရတဲ့ထိ ေရာ္ဘတ္ဆန္ဟာ ဖိအားေတြကို ရင္ဆိုင္ခ့ဲရတယ္။

လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား၊ စူပါလိဂ္၊ ကလပ္ကမၻာဖလားေတြကို အႏုိင္ရခဲ့တဲ့ ေရာ္ဘတ္ဆန္ဟာ ဒီဖိအားေတြကို ရင္ဆိုင္ဖို႔ရာ ၾကံ႕ခိုင္သူပါလို႔ လက္ေရြးစင္မန္ေနဂ်ာ စတိဗ္ကလက္က ကာကြယ္ေျပာဆိုေပးခဲ့ရတယ္။

စေကာ္တလန္ကလပ္ ရံွဴးပြဲေတြရင္ ထိပ္ဆံုးက ေဝဖန္ခံရသူက ေရာ္ဘတ္ဆန္ျဖစ္တယ္။ သေရရလဒ္နဲ႔ ပင္နယ္တီ တာဝန္ယူမႈ မလုပ္ခ်ိန္ေတြမွာလည္း ေရာ္ဘတ္ဆန္က ေဝဖန္ခံရတယ္။ အဆိုးဆံုးကေတာ့ ေရာ္ဘတ္ဆန္ ဦးေဆာင္ေနသမွ် စေကာ္တလန္ဟာ အဆင့္ျမင့္တန္း ျပိဳင္ပြဲၾကီးေတြမွာ ပါဝင္ႏုိင္မွာ မဟုတ္ဘူးဆိုတဲ့ ေဝဖန္ခ်က္ပဲျဖစ္တယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ေအာင္ ၾကိဳးစားေနရင္း တစ္ဘက္မွာလည္း စေကာ္တလန္အတြက္ ေရာ္ဘတ္ဆန္က ပြဲတိုင္း ပါဝင္ကစားခဲ့တယ္။ ဒီကေန႔မွာေတာ့ ေရာ္ဘတ္ဆန္ဟာ သူ႔ရဲ႕ ကစားသမားဘဝအတြက္ ဂုဏ္အယူရဆံုး ကိစၥကို ျပီးေျမာက္ခဲ့ပါျပီ။

စေကာ္တလန္လက္ေရြးစင္အသင္းဟာ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္ ပထမဆံုးအၾကိမ္အျဖစ္ ယူရို ၂၀၂၀ ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္သြားမွာပါ။ မိခင္ႏုိင္ငံအသင္းကို ဥေရာပ ေဘာလံုးဇာတ္ခံုထံ ျပန္ေရာက္ဖို႔ ေရာ္ဘတ္ဆန္က ဦးေဆာင္ေပးႏုိင္ခဲ့ျပီျဖစ္ပါတယ္။

စေကာ္တလန္ လက္ေရြးစင္အသင္းကေတာ့ ေရာ္ဘတ္ဆန္ရဲ႕ ပံုနဲ႔အတူ ‘ငါတို႔ရဲ႕ အသင္းေခါင္းေဆာင္’ လို႔ ဂုဏ္ယူစြာ ေဖာ္ျပခဲ့ျခင္းက ‘၂၂ ႏွစ္အတြင္း အညံ့ဆံုးေသာ စေကာ္တလန္ အသင္းေခါင္းေဆာင္’ ဆိုတဲ့ ေဝဖန္ခံရမႈဟာ မွားယြင္းခဲ့ပါတယ္ဆိုတာအတြက္ သက္ေသပဲျဖစ္ပါတယ္။