စကော်တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ မနက်က ဆားဘီးယားနဲ့ပွဲမှာ မိနစ် ၁၂၀ အပြည့် ကစားခဲ့ပြီး ကြံ့ခိုင်မှုပိုင်းမှာ နည်းနည်း ပြဿနာ ရှိခဲ့ပါတယ်။

အရမ်းကြီးတော့ စိုးရိမ်စရာ မဟုတ်ပေမယ့် စကော်တလန် လက်ရွေးစင်အသင်းက ကစားသမားဘက်ကို ကြည့်ပေးဖို့ လိုမှာဖြစ်တယ်။ စကော်တလန်ရဲ့ လာမယ့် နေးရှင်လိဂ် ပွဲစဉ် ၂ ပွဲမှာ လက်ရှိ စကော်တလန်မန်နေဂျာနဲ့ လီဗာပူး လက်ထောက်နည်းပြဟောင်း စတိဗ်ကလက်က ရော်ဘတ်ဆန်ကို အနားပေးခဲ့မယ်ဆိုရင်တော့ အခြေအနေ ကောင်းမှာဖြစ်တယ်။

ရော်ဘတ်ဆန်ဟာ ပွဲကစားချိန် အကြာကြီး ကစားခဲ့ရတာကြောင့် တံကောက်ကြောတင်းတဲ့ အနေအထားဖြစ်ပြီး အနားယူခွင့်ရမယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။ အဆိုပါ အခြေအနေကြောင့်ပဲ ပင်နယ်တီ အဆုံးအဖြတ်ကို သူတာဝန်ယူ ကန်ခဲ့ခြင်း မရှိပါဘူး။

ရော်ဘတ်ဆန်က “ နောက်တစ်လုံးဆိုရင် ကျနော် ကန်ရတော့မှာပါ။ ဒါပေမယ့် တံကောက်ကြောက တင်းနေခဲ့တယ်။ ပင်နယ်တီ ကန်ရပြီဆိုရင်တော့ ဂိုးသမား (စကော်ဂိုးသမား) ကို ယုံပါတယ်။ ဒီအဆင့်ထိကို အသင်းအနေနဲ့ ရောက်လာခဲ့ပြီး အသင်းဖော်တိုင်းအတွက် ဂုဏ်ယူတယ်။

သူတို့တွေက အရမ်းကို ခက်ခဲတဲ့ ကာလနဲ့ အရမ်းများပြားတဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။ အရမ်းဆိုးတဲ့ အဆိုးမြင်မှုတွေကိုကောပေါ့။ အားလုံး အိမ်ပြန်ချိန်မှာ အကောင်းမြင်စရာလေးတွေ ဖြစ်ကြဖို့လည်း တကယ်ကို မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်တယ်။

လီဗာပူးအသင်းမှာ ညာအစွန်လူ ထရန့် ဒဏ်ရာရနေသလို ဗဟိုခံစစ်သမားတွေလည်း ဒဏ်ရာ ရှိနေတာကြောင့် ဘယ်အစွန်က ရော်ဘတ်ဆန် တစ်ဦးတည်း ကြံ့ခိုင်မှု ကောင်းနေတာပါ။ လာမယ့် လက်ရွေးစင်ပွဲတွေ မကစားရဘူးဆိုရင်တော့ လက်စတာပွဲ မတိုင်ခင် ၉ ရက် အနားရမှာဖြစ်ပါတယ်။

ZAWGYI

စေကာ္တလန္ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ မနက္က ဆားဘီးယားနဲ႔ပြဲမွာ မိနစ္ ၁၂၀ အျပည့္ ကစားခဲ့ျပီး ၾကံ႕ခိုင္မႈပိုင္းမွာ နည္းနည္း ျပႆနာ ရွိခဲ့ပါတယ္။

အရမ္းၾကီးေတာ့ စိုးရိမ္စရာ မဟုတ္ေပမယ့္ စေကာ္တလန္ လက္ေရြးစင္အသင္းက ကစားသမားဘက္ကို ၾကည့္ေပးဖို႔ လိုမွာျဖစ္တယ္။ စေကာ္တလန္ရဲ႕ လာမယ့္ ေနးရွင္လိဂ္ ပြဲစဥ္ ၂ ပြဲမွာ လက္ရွိ စေကာ္တလန္မန္ေနဂ်ာနဲ႔ လီဗာပူး လက္ေထာက္နည္းျပေဟာင္း စတိဗ္ကလက္က ေရာ္ဘတ္ဆန္ကို အနားေပးခဲ့မယ္ဆိုရင္ေတာ့ အေျခအေန ေကာင္းမွာျဖစ္တယ္။

ေရာ္ဘတ္ဆန္ဟာ ပြဲကစားခ်ိန္ အၾကာၾကီး ကစားခဲ့ရတာေၾကာင့္ တံေကာက္ေၾကာတင္းတဲ့ အေနအထားျဖစ္ျပီး အနားယူခြင့္ရမယ္ဆိုရင္ သက္သာသြားႏုိင္ပါတယ္။ အဆိုပါ အေျခအေနေၾကာင့္ပဲ ပင္နယ္တီ အဆံုးအျဖတ္ကို သူတာဝန္ယူ ကန္ခဲ့ျခင္း မရွိပါဘူး။

ေရာ္ဘတ္ဆန္က “ ေနာက္တစ္လံုးဆိုရင္ က်ေနာ္ ကန္ရေတာ့မွာပါ။ ဒါေပမယ့္ တံေကာက္ေၾကာက တင္းေနခဲ့တယ္။ ပင္နယ္တီ ကန္ရျပီဆိုရင္ေတာ့ ဂိုးသမား (စေကာ္ဂိုးသမား) ကို ယံုပါတယ္။ ဒီအဆင့္ထိကို အသင္းအေနနဲ႔ ေရာက္လာခဲ့ျပီး အသင္းေဖာ္တိုင္းအတြက္ ဂုဏ္ယူတယ္။

သူတို႔ေတြက အရမ္းကို ခက္ခဲတဲ့ ကာလနဲ႔ အရမ္းမ်ားျပားတဲ့ ေဝဖန္မႈေတြကို ရင္ဆိုင္ခ့ဲရတာပါ။ အရမ္းဆိုးတဲ့ အဆိုးျမင္မႈေတြကိုေကာေပါ့။ အားလံုး အိမ္ျပန္ခ်ိန္မွာ အေကာင္းျမင္စရာေလးေတြ ျဖစ္ၾကဖို႔လည္း တကယ္ကို ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္တယ္။

လီဗာပူးအသင္းမွာ ညာအစြန္လူ ထရန္႔ ဒဏ္ရာရေနသလို ဗဟိုခံစစ္သမားေတြလည္း ဒဏ္ရာ ရွိေနတာေၾကာင့္ ဘယ္အစြန္က ေရာ္ဘတ္ဆန္ တစ္ဦးတည္း ၾကံ႕ခိုင္မႈ ေကာင္းေနတာပါ။ လာမယ့္ လက္ေရြးစင္ပြဲေတြ မကစားရဘူးဆိုရင္ေတာ့ လက္စတာပြဲ မတိုင္ခင္ ၉ ရက္ အနားရမွာျဖစ္ပါတယ္။