ဒီမနက်က မီဒီယာတွေ့ဆုံမှုမှာတော့ ဘရာဇီးမန်နေဂျာ တစ်တီက လက်ရွေးစင် ကစားသမား Gabriel Menino မှာ ကိုဗစ်ရှိနေတယ်လို့ အတည်ပြုပါတယ်။

၎င်းဟာ ကိုဗစ်ရှိကြောင်း ရလဒ် မထွက်ခင်မှာ လေ့ကျင့်ရေးအတွင်း အယ်လီဆန်၊ ဖာမင်နိုတို့ အပါအဝင် စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့သေးတယ်လို့ သိရတယ်။ ဒါပေမယ့်လို့ အယ်လီဆန်က အခြေအနေ ကောင်းဟန်ရှိပြီး အင်စတာဂရမ်မှာ အဆင်ပြေကြောင်း ဖော်ပြတဲ့ပုံကို တင်သွားခဲ့သလို ဖာမင်နိုလည်း ပါမယ်ဆိုတာကို တစ်တီက အတည်ပြုခဲ့တယ်။

တစ်တီက ဖာမင်နိုဟာ တိုက်စစ်အတွက် ခြားနားတဲ့ တာဝန် ယူရမှာဖြစ်ပြီး နံပါတ် ၉ နေရာမှာ ရစ်ချာလီဆန် ကစားမယ်လို့ ပြောပါတယ်။ ဖာမင်နိုကတော့ လွတ်လွတ်လပ်လပ် ကစားရတဲ့ နေရာကို တာဝန်ယူရမယ်လို့လည်း တစ်တီက ပြောပါတယ်။

တစ်တီက ” ရစ်ချာလီဆန်က နံပါတ် ၉ နေရာမှာ ကစားမှာဖြစ်ပြီး ဖာမင်နိုက လွတ်လပ်စွာ ကစားရတဲ့သူတစ်ဦးအဖြစ် ကစားခွင့်ရမှာပါ။ အခြားပွဲတွေနဲ့ တူမှာ မဟုတ်ပါဘူး။ ပိုတိကျတဲ့ အချက်အလက်တော့ မပေးနိုင်ပါဘူး။ နည်းဗျူဟာပိုင်းအရ ကျနေ်ာတို့ ပြိုင်ဘက်နဲ့ ပက်သက်လို့ကော ကိုယ်အသင်းနဲ့ ပက်သက်လို့ပါ ဂရုစိုက်ရပါမယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဗင်နီဇွဲလားနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာဖလား ခြေစစ်ပွဲမှာတော့ အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်တုန်းက လွဲထားတဲ့ ဂိုးသမား အယ်လီဆန် ပြန်လည် ပွဲထွက်ပေးမယ်လို့ သိရတယ်။ ဖာဘင်ညိုကတော့ လက်ရွေးစင်ပွဲတွေကို လွဲမှာဖြစ်ပါတယ်။

ZAWGYI

ဒီမနက္က မီဒီယာေတြ႔ဆံုမႈမွာေတာ့ ဘရာဇီးမန္ေနဂ်ာ တစ္တီက လက္ေရြးစင္ ကစားသမား Gabriel Menino မွာ ကိုဗစ္ရွိေနတယ္လို႔ အတည္ျပဳပါတယ္။

၄င္းဟာ ကိုဗစ္ရွိေၾကာင္း ရလဒ္ မထြက္ခင္မွာ ေလ့က်င့္ေရးအတြင္း အယ္လီဆန္၊ ဖာမင္ႏိုတို႔ အပါအဝင္ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ေသးတယ္လို႔ သိရတယ္။ ဒါေပမယ့္လို႔ အယ္လီဆန္က အေျခအေန ေကာင္းဟန္ရွိျပီး အင္စတာဂရမ္မွာ အဆင္ေျပေၾကာင္း ေဖာ္ျပတဲ့ပံုကို တင္သြားခဲ့သလို ဖာမင္ႏိုလည္း ပါမယ္ဆိုတာကို တစ္တီက အတည္ျပဳခဲ့တယ္။

တစ္တီက ဖာမင္ႏိုဟာ တိုက္စစ္အတြက္ ျခားနားတဲ့ တာဝန္ ယူရမွာျဖစ္ျပီး နံပါတ္ ၉ ေနရာမွာ ရစ္ခ်ာလီဆန္ ကစားမယ္လို႔ ေျပာပါတယ္။ ဖာမင္ႏိုကေတာ့ လြတ္လြတ္လပ္လပ္ ကစားရတဲ့ ေနရာကို တာဝန္ယူရမယ္လို႔လည္း တစ္တီက ေျပာပါတယ္။

တစ္တီက ” ရစ္ခ်ာလီဆန္က နံပါတ္ ၉ ေနရာမွာ ကစားမွာျဖစ္ျပီး ဖာမင္ႏိုက လြတ္လပ္စြာ ကစားရတဲ့သူတစ္ဦးအျဖစ္ ကစားခြင့္ရမွာပါ။ အျခားပြဲေတြနဲ႔ တူမွာ မဟုတ္ပါဘူး။ ပိုတိက်တဲ့ အခ်က္အလက္ေတာ့ မေပးႏုိင္ပါဘူး။ နည္းဗ်ဴဟာပိုင္းအရ က်ေန္ာတို႔ ျပိဳင္ဘက္နဲ႔ ပက္သက္လို႔ေကာ ကိုယ္အသင္းနဲ႔ ပက္သက္လို႔ပါ ဂရုစိုက္ရပါမယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဗင္နီဇြဲလားနဲ႔ ယွဥ္ျပိဳင္ရမယ့္ ကမၻာဖလား ေျခစစ္ပြဲမွာေတာ့ ေအာက္တိုဘာလ ႏုိင္ငံတကာ သီတင္းပတ္တုန္းက လြဲထားတဲ့ ဂိုးသမား အယ္လီဆန္ ျပန္လည္ ပြဲထြက္ေပးမယ္လို႔ သိရတယ္။ ဖာဘင္ညိဳကေတာ့ လက္ေရြးစင္ပြဲေတြကို လြဲမွာျဖစ္ပါတယ္။