ဘရာဇီးအသင်းနဲ့ ပူးပေါင်းနေတ့ အယ်လီဆန်နဲ့ ဖာမင်နိုတို့ ကိုဗစ်စစ်ဆေးရာမှာ ပိုးမတွေ့ဘူးဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

မနက်ဖြန်မနက်မှာ ယှဉ်ပြိုင်ရမယ့် ဗင်နီဇွဲလားနဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ တိုက်စစ်သမား ဖာမင်နို ပွဲထွက်ကစားရမှာဖြစ်ပြီး အရင် နှစ်ပွဲမှာ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ အယ်လီဆန်ကို အရန်ခုံမှာ ထိုင်ခိုင်မယ်လို့ သတင်းထွက်လာပါတယ်။

ပရီးမီးယားလိဂ် ကွင်းလယ်လူတွေထဲမှာ ဒီရာသီ တိုက်စစ်ကို ဘောလုံးပေးမှု အများဆုံး ကစားသမားတွေထဲမှာ ဟန်ဒါဆန် ပါဝင်နေပြီး ပွဲကစားခွင့်ရချိန်မှာ တိုက်စစ်ကို ဘောလုံးပေးမှု နှုန်းထားမှာတော့ မိနစ် ၉၀ တစ်ပွဲကို ၂၈.၈ ကြိမ်ဖြင့် အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါဟာ ဟော့ဘတ်၊ ဖာနန်ဒက်စ်၊ ဖာဘင်ညိုတို့ထက် ပိုကောင်းတဲ့ မှတ်တမ်း ဖြစ်ပါတယ်။

ကွင်းလယ်လူ ဖာဘင်ညိုဟာ မနက်တုန်းက အက်ဆာ လေ့ကျင့်ရေးစင်တာနဲ့ ပူးပေါင်းမှု လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ရာအတွက် စစ်ဆေးမှုတွေ လုပ်မှာဖြစ်ကာ ကစားသမားက လေ့ကျင့်ရေးကို ကားကိုယ်တိုင် မောင်းလာခြင်းဖြစ်လို့ အခြေအနေ ကောင်းဟန်ရှိပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းနဲ့ စကော်တလန်အသင်းတို့ဟာ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ညာအစွန်က ထရန့်ဟာ စကော်တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ ထိပ်တိုက်ပြန်တွေ့ပြီ ဖြစ်ပါတယ်။

စကော်တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ မနက်က ဆားဘီးယားနဲ့ပွဲမှာ မိနစ် ၁၂၀ အပြည့် ကစားခဲ့ပြီး ကြံ့ခိုင်မှုပိုင်းမှာ နည်းနည်း ပြဿနာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ ပွဲကစားချိန်များလို့ အကြောတင်းတဲ့ အခြေအနေပဲဖြစ်ပြီး အနားယူလိုက်ရင် သက်သာသွားနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ ချိန်ရွယ်မှုတွေ လုပ်ထားပြီး ဆန်ကာတင်စာရင်း တစ်ခုကို ပြုလုပ်ထားကြောင်းကို The Athletic က ဖော်ပြပါတယ်။ အူပါမီကာနို၊ ဂါဘက်၊ ဘမ်ဝိုက်၊ ဘရီမာတို့ ပါဝင်နေတယ်လို့ သိရတယ်။

အယ်လီဆန်က ” ကလပ်အတွက်ကော လက်ရွေးစင်အတွက်ပါ ဖာဘင်ညိုက အရေးပါဆုံး ကစားသမားတစ်ယောက်လို့ ကျနော် ယုံကြည်ပါတယ်။ ဘယ်နေရာမှာပဲ ရှိနေပါစေ သူက အရေးကြီးဆုံး ကစားသမားပါ။ ကွင်းထဲမှာ သူ့ရဲ့ တန်ကြေးကို အမြဲတမ်း ပြသနေသူဖြစ်ပါတယ်။ ” လို့ တစ်နိုင်ငံတည်းသား အသင်းဖော်ကို ချီးကျူးလိုက်ပါတယ်။

ရိန်းဂျားအသင်းနဲ့အတူ စကော့လိဂ်မှာ ထိပ်ဆုံးကို ရပ်တည်ပြနေတဲ့ စတီဗင်ဂျရတ်ရဲ့ ဂုဏ်သတင်းက ပိုမိုကြီးမားလာပြီး ဥရောပမှာလည်း စောင့်ကြည့်ရတဲ့ လူငယ်မန်နေဂျာအဖြစ် နာမည်ထွက်လာနေပြီဖြစ်ပါတယ်။

ZAWGYI

ဘရာဇီးအသင္းနဲ႔ ပူးေပါင္းေနတ့ အယ္လီဆန္နဲ႔ ဖာမင္ႏိုတို႔ ကိုဗစ္စစ္ေဆးရာမွာ ပိုးမေတြ႔ဘူးဆိုတဲ့ ရလဒ္ ထြက္ေပၚခဲ့ေၾကာင္း သိရပါတယ္။

မနက္ျဖန္မနက္မွာ ယွဥ္ျပိဳင္ရမယ့္ ဗင္နီဇြဲလားနဲ႔ ကမၻာဖလား ေျခစစ္ပြဲမွာ တိုက္စစ္သမား ဖာမင္ႏို ပြဲထြက္ကစားရမွာျဖစ္ျပီး အရင္ ႏွစ္ပြဲမွာ ဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့တဲ့ အယ္လီဆန္ကုိ အရန္ခံုမွာ ထိုင္ခိုင္မယ္လို႔ သတင္းထြက္လာပါတယ္။

ပရီးမီးယားလိဂ္ ကြင္းလယ္လူေတြထဲမွာ ဒီရာသီ တိုက္စစ္ကို ေဘာလံုးေပးမႈ အမ်ားဆံုး ကစားသမားေတြထဲမွာ ဟန္ဒါဆန္ ပါဝင္ေနျပီး ပြဲကစားခြင့္ရခ်ိန္မွာ တိုက္စစ္ကို ေဘာလံုးေပးမႈ ႏႈန္းထားမွာေတာ့ မိနစ္ ၉၀ တစ္ပြဲကို ၂၈.၈ ၾကိမ္ျဖင့္ အျမင့္ဆံုး ျဖစ္ပါတယ္။ ဒါဟာ ေဟာ့ဘတ္၊ ဖာနန္ဒက္စ္၊ ဖာဘင္ညိဳတို႔ထက္ ပိုေကာင္းတဲ့ မွတ္တမ္း ျဖစ္ပါတယ္။

ကြင္းလယ္လူ ဖာဘင္ညိဳဟာ မနက္တုန္းက အက္ဆာ ေလ့က်င့္ေရးစင္တာနဲ႔ ပူးေပါင္းမႈ လုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ ဒဏ္ရာအတြက္ စစ္ေဆးမႈေတြ လုပ္မွာျဖစ္ကာ ကစားသမားက ေလ့က်င့္ေရးကို ကားကိုယ္တိုင္ ေမာင္းလာျခင္းျဖစ္လို႔ အေျခအေန ေကာင္းဟန္ရွိပါတယ္။

ယူရို ၂၀၂၀ ျပိဳင္ပြဲမွာေတာ့ အဂၤလန္အသင္းနဲ႔ စေကာ္တလန္အသင္းတို႔ဟာ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။ ညာအစြန္က ထရန္႔ဟာ စေကာ္တလန္ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္နဲ႔ ထိပ္တိုက္ျပန္ေတြ႔ျပီ ျဖစ္ပါတယ္။

စေကာ္တလန္ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ မနက္က ဆားဘီးယားနဲ႔ပြဲမွာ မိနစ္ ၁၂၀ အျပည့္ ကစားခဲ့ျပီး ၾကံ႕ခိုင္မႈပိုင္းမွာ နည္းနည္း ျပႆနာ ရွိခဲ့ပါတယ္။ ဒါေပမယ့္လို႔ ပြဲကစားခ်ိန္မ်ားလို႔ အေၾကာတင္းတဲ့ အေျခအေနပဲျဖစ္ျပီး အနားယူလိုက္ရင္ သက္သာသြားႏုိင္ပါတယ္။

လီဗာပူးအသင္းဟာ ခံစစ္ပိုင္းကို အင္အားျဖည့္ဖို႔ ခ်ိန္ရြယ္မႈေတြ လုပ္ထားျပီး ဆန္ကာတင္စာရင္း တစ္ခုကို ျပဳလုပ္ထားေၾကာင္းကို The Athletic က ေဖာ္ျပပါတယ္။ အူပါမီကာႏို၊ ဂါဘက္၊ ဘမ္ဝိုက္၊ ဘရီမာတို႔ ပါဝင္ေနတယ္လို႔ သိရတယ္။

အယ္လီဆန္က ” ကလပ္အတြက္ေကာ လက္ေရြးစင္အတြက္ပါ ဖာဘင္ညိဳက အေရးပါဆံုး ကစားသမားတစ္ေယာက္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။ ဘယ္ေနရာမွာပဲ ရွိေနပါေစ သူက အေရးၾကီးဆံုး ကစားသမားပါ။ ကြင္းထဲမွာ သူ႔ရဲ႕ တန္ေၾကးကို အျမဲတမ္း ျပသေနသူျဖစ္ပါတယ္။ ” လို႔ တစ္ႏုိင္ငံတည္းသား အသင္းေဖာ္ကို ခ်ီးက်ဴးလိုက္ပါတယ္။

ရိန္းဂ်ားအသင္းနဲ႔အတူ စေကာ့လိဂ္မွာ ထိပ္ဆံုးကို ရပ္တည္ျပေနတဲ့ စတီဗင္ဂ်ရတ္ရဲ႕ ဂုဏ္သတင္းက ပိုမိုၾကီးမားလာျပီး ဥေရာပမွာလည္း ေစာင့္ၾကည့္ရတဲ့ လူငယ္မန္ေနဂ်ာအျဖစ္ နာမည္ထြက္လာေနျပီျဖစ္ပါတယ္။