လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ်မှာပဲ ကိုဗစ်ပိုး တွေ့ရှိကြောင်းကို လက်ရွေးစင်ဘက်က တရားဝင် သတင်းထုတ်ပြန်ပေးခဲ့ပါပြီ။

ဆာလက်ဟာ နိုင်ငံတကာ သီတင်းပတ် နှစ်ခုကြားအတွင်းမှာ ကိုဗစ်နဲ့ ဒဏ်ရာ နှစ်ခုကြောင့် အနားယူရတဲ့ ၁၄ ဦးမြောက် လီဗာပူးအသင်းသားလည်း ဖြစ်လာစေခဲ့တယ်။ ဒါ့အပြင် နိုင်ငံတကာသီတင်းပတ်အပြီး ပြန်လည် စတင်မယ့် လက်စတာနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာမယ့် ၇ ဦးမြောက် ကစားသမားလည်း ဖြစ်ပါတယ်။

အီဂျစ်ဘက်ကတော့ ဆာလက်ရဲ့ အခြေအနေ ပြန်မသက်သာသ၍ သီးသန့်ထား စောင့်ကြည့်သွားမှာဖြစ်တယ်။ သူဟာ လီဗာပူးကို ပြန်လာခွင့်ရမှာ မဟုတ်ဘဲ ပိုးမတွေ့တဲ့ ကာလအထိ အီဂျစ်မှာပဲ သီတင်းပတ် နှစ်ပတ်လောက်ထိ ကုသမှု ခံယူရမယ်လို့ သိရတယ်။

ဒီရာသီမှာတော့ လီဗာပူးအသင်းမှာ ဂိုးသမား အယ်လီဆန်၊ ခံစစ်သမားတွေဖြစ်တဲ့ ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်၊ မာတစ်၊ ကိုစတက် ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ဖာဘင်ညို၊ ကိတ်တာ၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်တို့နဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ရှာကွီရီ၊ မာနေး၊ ဆာလက်တို့ဟာ ဒဏ်ရာတွေ ကိုဗစ်ကူးစက်မှုတွေကို ရင်ဆိုင်ထားခဲ့ရပြီဖြစ်တယ်။

အထက်ပါ ကစားသမားတွေထဲမှာတော့ အယ်လီဆန်၊ မာတစ်၊ ကိုစတက်၊ ကိတ်တာ၊ ဟန်ဒါဆန်၊ ရှာကွီရီ၊ မာနေးတို့ ဒဏ်ရာက ပြန်သက်သာလာကာ ဖာဘင်ညို၊ သီယာဂိုတို့ လာမယ့်အပတ်မှာ ပြန်ကောင်းနိုင်ဖို့ မျှော်လင့်ထားကြတာဖြစ်တယ်။

စကော်တလန်အသင်းနဲ့ ပူးပေါင်းနေတဲ့ ရော်ဘတ်ဆန် အသေးစား ဒဏ်ရာရှိနေပြီး မစိုးရိမ်ရဘဲ ဘရာဇီးအသင်းနဲ့ ပူးပေါင်းထားတဲ့ ဖာမင်နို၊ အယ်လီဆန်တို့ နှစ်ဦး အခြေအနေ ကောင်းနေဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နိုဝင်ဘာလအတွက် သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေကို ကစားသမား ၁၇ ဦးထိ လက်လွတ်ပေးထားရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလက္ဟာ အီဂ်စ္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းစဥ္မွာပဲ ကိုဗစ္ပိုး ေတြ႔ရွိေၾကာင္းကို လက္ေရြးစင္ဘက္က တရားဝင္ သတင္းထုတ္ျပန္ေပးခဲ့ပါျပီ။

ဆာလက္ဟာ ႏုိင္ငံတကာ သီတင္းပတ္ ႏွစ္ခုၾကားအတြင္းမွာ ကိုဗစ္နဲ႔ ဒဏ္ရာ ႏွစ္ခုေၾကာင့္ အနားယူရတဲ့ ၁၄ ဦးေျမာက္ လီဗာပူးအသင္းသားလည္း ျဖစ္လာေစခဲ့တယ္။ ဒါ့အျပင္ ႏုိင္ငံတကာသီတင္းပတ္အျပီး ျပန္လည္ စတင္မယ့္ လက္စတာနဲ႔ပြဲမွာ ပါဝင္ဖို႔ မေသခ်ာမယ့္ ၇ ဦးေျမာက္ ကစားသမားလည္း ျဖစ္ပါတယ္။

အီဂ်စ္ဘက္ကေတာ့ ဆာလက္ရဲ႕ အေျခအေန ျပန္မသက္သာသ၍ သီးသန္႔ထား ေစာင့္ၾကည့္သြားမွာျဖစ္တယ္။ သူဟာ လီဗာပူးကို ျပန္လာခြင့္ရမွာ မဟုတ္ဘဲ ပိုးမေတြ႔တဲ့ ကာလအထိ အီဂ်စ္မွာပဲ သီတင္းပတ္ ႏွစ္ပတ္ေလာက္ထိ ကုသမႈ ခံယူရမယ္လို႔ သိရတယ္။

ဒီရာသီမွာေတာ့ လီဗာပူးအသင္းမွာ ဂိုးသမား အယ္လီဆန္၊ ခံစစ္သမားေတြျဖစ္တဲ့ ထရန္႔၊ ဂိုးမက္စ္၊ ဗန္ဒိုက္၊ မာတစ္၊ ကိုစတက္ ကြင္းလယ္လူေတြျဖစ္တဲ့ သီယာဂို၊ ဖာဘင္ညိဳ၊ ကိတ္တာ၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္တို႔နဲ႔ တိုက္စစ္သမားေတြျဖစ္တဲ့ ရွာကီြရီ၊ မာေနး၊ ဆာလက္တို႔ဟာ ဒဏ္ရာေတြ ကိုဗစ္ကူးစက္မႈေတြကို ရင္ဆိုင္ထားခဲ့ရျပီျဖစ္တယ္။

အထက္ပါ ကစားသမားေတြထဲမွာေတာ့ အယ္လီဆန္၊ မာတစ္၊ ကိုစတက္၊ ကိတ္တာ၊ ဟန္ဒါဆန္၊ ရွာကီြရီ၊ မာေနးတို႔ ဒဏ္ရာက ျပန္သက္သာလာကာ ဖာဘင္ညိဳ၊ သီယာဂိုတို႔ လာမယ့္အပတ္မွာ ျပန္ေကာင္းႏုိင္ဖို႔ ေမွ်ာ္လင့္ထားၾကတာျဖစ္တယ္။

စေကာ္တလန္အသင္းနဲ႔ ပူးေပါင္းေနတဲ့ ေရာ္ဘတ္ဆန္ အေသးစား ဒဏ္ရာရွိေနျပီး မစိုးရိမ္ရဘဲ ဘရာဇီးအသင္းနဲ႔ ပူးေပါင္းထားတဲ့ ဖာမင္ႏို၊ အယ္လီဆန္တို႔ ႏွစ္ဦး အေျခအေန ေကာင္းေနဆဲျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ႏိုဝင္ဘာလအတြက္ သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြကို ကစားသမား ၁၇ ဦးထိ လက္လြတ္ေပးထားရတာ ျဖစ္ပါတယ္။