နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် ဘရာဇီး၊ အင်္ဂလန်ယူ-၂၁ နဲ့ ဂျပန်အသင်းတို့ရဲ့ ပွဲတွေဟာ ယှဉ်ပြိုင်ကစားခဲ့ကြပြီဖြစ်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းရဲ့ ပွဲတွေမှာတော့ လူငယ်လေး ဂျုံးနဲ့ ရိုင်းစ်တို့ ပါဝင်ခဲ့ကြတာဖြစ်ပြီး ဂျုံးက အဖွင့် ၂၇ မိနစ်မှာတင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်တယ်။ သူက ပွဲချိန် ၇၂ မိနစ်ထိ ကစားခွင့်ရခဲ့ပြီး ဝီလီယမ်က တစ်ပွဲလုံး ပါဝင်ကစားခဲ့တယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂျုံးက ရရှိခဲ့ပါတယ်။

ဂျပန်အသင်းက ပနားမားအသင်းကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာတော့ တိုက်စစ်သမား မီနာမီနိုက ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူကလည်း ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲခဲ့ကာ လာမယ့် မက်ဆီကို ပွဲအတွက် အနားပေးခံခဲ့ရတယ်။

ဘရာဇီးနဲ့ ဗင်နီဇွဲလားတို့ရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာတော့ ဖာမင်နိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးက ဘရာဇီးအသင်းကို နိုင်ပွဲဆက်စေခဲ့တယ်။ ဖာမင်နိုဟာ တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်သမား မဟုတ်တဲ့ နေရာက ကစားခဲ့ကာ ဘယ်ခြမ်းကို ပိုမို အားပြုခဲ့ပြီး အခွင့်အရေး ဖန်တီးမှုတွေ အတော်လေး လုပ်ပေးနိုင်ခဲ့တယ်။

ပြိုင်ဘက် ဧရိယာထဲကို အတော်လေး ဝင်ကစားရတဲ့ သူက ဧရိယာထဲမှာ ပြန်ကျလာတဲ့ ဘောလုံးကို ပိတ်သွင်းပြီး ဂိုးရယူပေးခဲ့ပါတယ်။ ဂိုးသမား အယ်လီဆန်ကတော့ ပွဲထွက်ခဲ့ခြင်း မရှိဘဲ အရန်ခုံမှာပဲ ရှိနေခဲ့တယ်။

သူတို့ ၅ ဦးလုံး အခြေအနေ ကောင်းခဲ့ပြီး ဒဏ်ရာ ပြဿနာ မရှိခဲ့ကြသလို စိုးရိမ်လောက်တဲ့ အနေအထားတွေလည်း မရှိခဲ့ကြဘူးလို့ သိရပါတယ်။

ZAWGYI

ႏိုဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္အတြက္ ဘရာဇီး၊ အဂၤလန္ယူ-၂၁ နဲ႔ ဂ်ပန္အသင္းတို႔ရဲ႕ ပြဲေတြဟာ ယွဥ္ျပိဳင္ကစားခဲ့ၾကျပီျဖစ္ပါတယ္။

အဂၤလန္ ယူ-၂၁ အသင္းရဲ႕ ပြဲေတြမွာေတာ့ လူငယ္ေလး ဂ်ံဳးနဲ႔ ရိုင္းစ္တို႔ ပါဝင္ခဲ့ၾကတာျဖစ္ျပီး ဂ်ံဳးက အဖြင့္ ၂၇ မိနစ္မွာတင္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္တယ္။ သူက ပြဲခ်ိန္ ၇၂ မိနစ္ထိ ကစားခြင့္ရခဲ့ျပီး ဝီလီယမ္က တစ္ပြဲလံုး ပါဝင္ကစားခဲ့တယ္။ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ဂ်ံဳးက ရရွိခဲ့ပါတယ္။

ဂ်ပန္အသင္းက ပနားမားအသင္းကို ၁-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာေတာ့ တိုက္စစ္သမား မီနာမီႏိုက ပင္နယ္တီကေန ဂိုးသြင္းယူေပးခဲ့ပါတယ္။ သူကလည္း ပြဲခ်ိန္ ၇၂ မိနစ္မွာ လူစားလဲခဲ့ကာ လာမယ့္ မက္ဆီကို ပြဲအတြက္ အနားေပးခံခဲ့ရတယ္။

ဘရာဇီးနဲ႔ ဗင္နီဇြဲလားတို႔ရဲ႕ ကမၻာဖလား ေျခစစ္ပြဲမွာေတာ့ ဖာမင္ႏိုရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးက ဘရာဇီးအသင္းကို ႏုိင္ပြဲဆက္ေစခဲ့တယ္။ ဖာမင္ႏိုဟာ တိုက္စစ္ပိုင္းမွာ အေထာင္တိုက္စစ္သမား မဟုတ္တဲ့ ေနရာက ကစားခဲ့ကာ ဘယ္ျခမ္းကို ပိုမို အားျပဳခဲ့ျပီး အခြင့္အေရး ဖန္တီးမႈေတြ အေတာ္ေလး လုပ္ေပးႏုိင္ခဲ့တယ္။

ျပိဳင္ဘက္ ဧရိယာထဲကို အေတာ္ေလး ဝင္ကစားရတဲ့ သူက ဧရိယာထဲမွာ ျပန္က်လာတဲ့ ေဘာလံုးကို ပိတ္သြင္းျပီး ဂိုးရယူေပးခဲ့ပါတယ္။ ဂိုးသမား အယ္လီဆန္ကေတာ့ ပြဲထြက္ခဲ့ျခင္း မရွိဘဲ အရန္ခံုမွာပဲ ရွိေနခဲ့တယ္။

သူတို႔ ၅ ဦးလံုး အေျခအေန ေကာင္းခဲ့ျပီး ဒဏ္ရာ ျပႆနာ မရွိခဲ့ၾကသလို စိုးရိမ္ေလာက္တဲ့ အေနအထားေတြလည္း မရွိခဲ့ၾကဘူးလို႔ သိရပါတယ္။