လီဗာပူးခံစစ်သမားဟောင်းနဲ့ စလိုဗက်ကီးယား ခံစစ်သမား စကာတယ်က လက်ရွေးစင် အသင်းဖော် စကရီနီရာကို အလောတကြီး မဆုံးဖြတ်ဖို့ သတိပေးလိုက်ပါတယ်။

စကရီနီရာကို လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ လာလီဂါကလပ်တွေက စိတ်ဝင်စားနေတာပါ။ ဥရောပရဲ့ အလားအလာ အရှိဆုံး ခံစစ်သမားတွေထဲက တစ်ဦးဖြစ်တဲ့ စကရီနီရာဟာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပုံမှန် ပွဲထွက်ခွင့်အတွက် ကြိုးစားနေရသူဖြစ်တယ်။ စကာတယ်ဟာ အပြောင်းအရွှေ့မှာ အသင်းပြောင်းခြင်းထက် ပွဲထွက်ခွင့်ကိုပဲ ဦးတည် ကြိုးစားဖို့ အကြံပေးပါတယ်။

စကာတယ်က ပြောရာမှာ “ ကစားသမားတွေတိုင်းရဲ့ ဘဝမှာ အဆင်ပြေပြေ ဖြစ်နေတဲ့ အရာတွေရှိတယ်။ ဒါပေမယ့်လို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

ကိစ္စတွေဖြစ်လာပြီဆိုရင် ကစားသမားတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာက အရေးကြီးပါတယ်။ စကရီနီရာက အင်တာမှာ ဒီလို အခြေအနေတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လက်တလောပွဲတွေမှာ သူက ပွဲထွက်ခွင့် ဆုံးရံှူးနေတယ်။ ဒီနေရာမှာ စကားပြောစရာတွေ ဖြစ်လာတာက သူက အင်တာကနေ ထွက်ခွာသွားသင့်တယ်ဆိုတဲ့ သတင်းစကားတွေပါပဲ။ ဒါပေမယ့် သူက ငယ်ရွယ်ပါသေးတယ်။ ဆက်လက် ကြံ့ခိုင်နေသင့်ပြီး သူ့ရဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေအတွက် တိုက်ခိုက်သင့်ပါတယ်။

အင်္ဂလန်နဲ့ စပိန်က ကလပ်တွေက သူ့ကို စိတ်ဝင်စားနေပေမယ့် ဒီအခြေအနေမှာ အကောင်းဆုံး ဖြေရှင်းနည်းက သူ အင်တာမီလန်မှာ ဆက်နေဖို့ပါပဲ။ အဲ့မှာပဲနေပြီး သူ့ရဲ့ နာမည်ကို ထွန်းတောက်လာအောင် လုပ်ဆောင်ဖို့ လိုပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂိုးမက်စ်၊ ဗန်ဒိုက်တို့ကို ကာလရှည် လက်လွတ်ရမယ့် အနေအထားကြောင့် ဗဟိုခံစစ်သမားသစ် ရှာဖွေနေတာဖြစ်တယ်။ အူပါမီကာနို၊ ဂါဘက်တို့အပြင် စကရီနီရာကိုလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပါတယ်။

ZAWGYI

လီဗာပူးခံစစ္သမားေဟာင္းနဲ႔ စလိုဗက္ကီးယား ခံစစ္သမား စကာတယ္က လက္ေရြးစင္ အသင္းေဖာ္ စကရီနီရာကို အေလာတၾကီး မဆံုးျဖတ္ဖို႔ သတိေပးလိုက္ပါတယ္။

စကရီနီရာကို လီဗာပူး အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ လာလီဂါကလပ္ေတြက စိတ္ဝင္စားေနတာပါ။ ဥေရာပရဲ႕ အလားအလာ အရွိဆံုး ခံစစ္သမားေတြထဲက တစ္ဦးျဖစ္တဲ့ စကရီနီရာဟာ ဒဏ္ရာက ျပန္သက္သာလာျပီးေနာက္ ပံုမွန္ ပြဲထြက္ခြင့္အတြက္ ၾကိဳးစားေနရသူျဖစ္တယ္။ စကာတယ္ဟာ အေျပာင္းအေရႊ႔မွာ အသင္းေျပာင္းျခင္းထက္ ပြဲထြက္ခြင့္ကိုပဲ ဦးတည္ ၾကိဳးစားဖို႔ အၾကံေပးပါတယ္။

စကာတယ္က ေျပာရာမွာ “ ကစားသမားေတြတိုင္းရဲ႕ ဘဝမွာ အဆင္ေျပေျပ ျဖစ္ေနတဲ့ အရာေတြရွိတယ္။ ဒါေပမယ့္လို႔ စီစဥ္ထားတဲ့အတိုင္း ျဖစ္မလာတဲ့ အေျခအေနေတြလည္း ရွိပါတယ္။

ကိစၥေတြျဖစ္လာျပီဆိုရင္ ကစားသမားတစ္ေယာက္အေနနဲ႔ ဘယ္လို တုန္႔ျပန္မလဲဆိုတာက အေရးၾကီးပါတယ္။ စကရီနီရာက အင္တာမွာ ဒီလို အေျခအေနတစ္ခုကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

လက္တေလာပြဲေတြမွာ သူက ပြဲထြက္ခြင့္ ဆံုးရံွဴးေနတယ္။ ဒီေနရာမွာ စကားေျပာစရာေတြ ျဖစ္လာတာက သူက အင္တာကေန ထြက္ခြာသြားသင့္တယ္ဆိုတဲ့ သတင္းစကားေတြပါပဲ။ ဒါေပမယ့္ သူက ငယ္ရြယ္ပါေသးတယ္။ ဆက္လက္ ၾကံ႕ခိုင္ေနသင့္ျပီး သူ႔ရဲ႕ ျပန္လည္ ထူေထာင္ေရး ကိစၥေတြအတြက္ တိုက္ခိုက္သင့္ပါတယ္။

အဂၤလန္နဲ႔ စပိန္က ကလပ္ေတြက သူ႔ကို စိတ္ဝင္စားေနေပမယ့္ ဒီအေျခအေနမွာ အေကာင္းဆံုး ေျဖရွင္းနည္းက သူ အင္တာမီလန္မွာ ဆက္ေနဖို႔ပါပဲ။ အဲ့မွာပဲေနျပီး သူ႔ရဲ႕ နာမည္ကို ထြန္းေတာက္လာေအာင္ လုပ္ေဆာင္ဖို႔ လိုပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဂိုးမက္စ္၊ ဗန္ဒိုက္တို႔ကို ကာလရွည္ လက္လြတ္ရမယ့္ အေနအထားေၾကာင့္ ဗဟိုခံစစ္သမားသစ္ ရွာေဖြေနတာျဖစ္တယ္။ အူပါမီကာႏို၊ ဂါဘက္တို႔အျပင္ စကရီနီရာကိုလည္း စိတ္ဝင္စားေနေၾကာင္း သတင္းေတြ ထြက္ေနပါတယ္။