ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာတော့ အီဂျစ်တိုက်စစ်သမား ဆာလက်ဟာ လက်ရွေးစင်ပွဲတွေကို ပါဝင်သွားနိုင်မှာ မဟုတ်ပါဘူး။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဘက်ရဲ့ အတည်ပြုပေးမှုကို အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာရာမှာတော့ ဆာလက်ရဲ့ ကိုဗစ်စစ်ဆေးမှုဟာ positive ထွက်ခဲ့ပြီး နောက်ထပ် တစ်ကြိမ် စစ်ဆေးမှုကလည်း positive ဖြစ်ပါတယ်။ နှစ်ကြိမ်လုံး ပိုးတွေ့ခြင်းကြောင့် သူဟာ သီးသန့်နေမှုနဲ့အတူ ကုသမှု ခံယူရမှာဖြစ်တယ်။

လောလောဆယ်မှာတော့ ဆာလက်ကို အထူး အစီအစဉ်တွေနဲ့ စောင့်ရှောက်ပေးထားပြီး မာဆေးဆိုဒ်ကို ပြန်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဆာလက်က အီဂျစ်မှာ ၂ ပတ်ခန့် အနည်းဆုံးနေရမယ်လို့ သိရပြီး သူဟာ လက်စတာနဲ့ပွဲတင် မကဘဲ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။

ဆာလက် လီဗာပူးနဲ့ အစောဆုံး ပြန်ပူးပေါင်းနိုင်မယ့်ပွဲက ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ဖြစ်တယ်။ ဒီအတွက်လည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်နေမှာ ဖြစ်ပါတယ်။ ဆာလက်ဟာ ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲ ၈ ပွဲ ကစားထားသလို ဒီရာသီ သွင်ဂိုး ၁၀ ဂိုးထိ ရထားသူဖြစ်ပါတယ်။

အီဂျစ်အက်ဖ်အေက ” ဆာလက်က စိတ်ဓါတ်ပိုင်းကို အမြင့်ဆုံးမှာ ဆက်လက် ထိန်းသိမ်းထားတယ်။ သူ့မှာ ကိုဗစ်ကူးစက်ခံရမှုရဲ့ ရောဂါ လက္ခဏာလည်း မပြသထားပါဘူး ” ဆိုပြီးလည်း တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရာသီမှာ လီဗာပူးကစားသမားတွေထဲက ကိုစတက်၊ ရှာကွီရီ၊ သီယာဂို၊ မာနေးတို့ဟာ ကိုဗစ် ကူးစက်ခံထားရပြီဖြစ်တယ်။ ဆာလက်က ၅ ဦးမြောက် ကူးစက်ခံရခြင်းဖြစ်ကာ လက်စတာပွဲမှာတော့ ဂျိုတာ၊ မာနေး၊ ဖာမင်နို တိုက်စစ်ကို ထုတ်သုံးသွားဖို့ အခွင့်အလမ်း များနေပါတယ်။

ZAWGYI

ဒီအပတ္ ႏုိင္ငံတကာသီတင္းပတ္မွာေတာ့ အီဂ်စ္တိုက္စစ္သမား ဆာလက္ဟာ လက္ေရြးစင္ပြဲေတြကို ပါဝင္သြားႏုိင္မွာ မဟုတ္ပါဘူး။

အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဘက္ရဲ႕ အတည္ျပဳေပးမႈကို အဂၤလန္သတင္းဌာနေတြက ေဖာ္ျပလာရာမွာေတာ့ ဆာလက္ရဲ႕ ကိုဗစ္စစ္ေဆးမႈဟာ positive ထြက္ခဲ့ျပီး ေနာက္ထပ္ တစ္ၾကိမ္ စစ္ေဆးမႈကလည္း positive ျဖစ္ပါတယ္။ ႏွစ္ၾကိမ္လံုး ပိုးေတြ႔ျခင္းေၾကာင့္ သူဟာ သီးသန္႔ေနမႈနဲ႔အတူ ကုသမႈ ခံယူရမွာျဖစ္တယ္။

ေလာေလာဆယ္မွာေတာ့ ဆာလက္ကို အထူး အစီအစဥ္ေတြနဲ႔ ေစာင့္ေရွာက္ေပးထားျပီး မာေဆးဆိုဒ္ကို ျပန္ခြင့္ျပဳမွာ မဟုတ္ပါဘူး။ ဆာလက္က အီဂ်စ္မွာ ၂ ပတ္ခန္႔ အနည္းဆံုးေနရမယ္လို႔ သိရျပီး သူဟာ လက္စတာနဲ႔ပြဲတင္ မကဘဲ အတၱလန္တာနဲ႔ ခ်န္ပီယံလိဂ္ပြဲကိုပါ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ဆာလက္ လီဗာပူးနဲ႔ အေစာဆံုး ျပန္ပူးေပါင္းႏုိင္မယ့္ပြဲက ဘရိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲ ျဖစ္တယ္။ ဒီအတြက္လည္း သူ႔ရဲ႕ က်န္းမာေရး အေျခအေနေပၚ မူတည္ေနမွာ ျဖစ္ပါတယ္။ ဆာလက္ဟာ ဒီရာသီ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ပြဲ ၈ ပြဲ ကစားထားသလို ဒီရာသီ သြင္ဂိုး ၁၀ ဂိုးထိ ရထားသူျဖစ္ပါတယ္။

အီဂ်စ္အက္ဖ္ေအက ” ဆာလက္က စိတ္ဓါတ္ပိုင္းကို အျမင့္ဆံုးမွာ ဆက္လက္ ထိန္းသိမ္းထားတယ္။ သူ႔မွာ ကိုဗစ္ကူးစက္ခံရမႈရဲ႕ ေရာဂါ လကၡဏာလည္း မျပသထားပါဘူး ” ဆိုျပီးလည္း တရားဝင္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီရာသီမွာ လီဗာပူးကစားသမားေတြထဲက ကိုစတက္၊ ရွာကီြရီ၊ သီယာဂို၊ မာေနးတို႔ဟာ ကိုဗစ္ ကူးစက္ခံထားရျပီျဖစ္တယ္။ ဆာလက္က ၅ ဦးေျမာက္ ကူးစက္ခံရျခင္းျဖစ္ကာ လက္စတာပြဲမွာေတာ့ ဂ်ိဳတာ၊ မာေနး၊ ဖာမင္ႏို တိုက္စစ္ကို ထုတ္သံုးသြားဖို႔ အခြင့္အလမ္း မ်ားေနပါတယ္။