လီဗာပူးခံစစ်သမား ဂိုးမက်စ်ဟာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းစဉ်မှာ ရခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှု အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

ဒဏ်ရာက ပြင်းထန်ပေမယ့်လည်း ဒီရာသီမှာ ပွဲလုံးဝ မကစားနိုင်မယ့် အခြေအနေ မဟုတ်ဘဲ ဒုတိယရာသီဝက်မှာတော့ ဘောလုံးပြန်ကစားနိုင်ဦးမယ့် အခြေအနေဖြစ်တယ်။ ဂိုးမက်စ် ဒဏ်ရာရအပြီးမှာ မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာဆောက်ဂိတ်တို့ နာရီအတန်ကြာ ဖုန်းပြောခဲ့ကြပါသေးတယ်။

ဂိုးမက်စ်ဟာ ပွဲဆက် သိပ်များခြင်းကြောင့် ဒဏ်ရာရခြင်းဖြစ်တယ်လို့ ဆောက်ဂိတ်က ထုတ်ပြောခဲ့တယ်။ ဘယ်ဘက်ဒူးမှာ ဒဏ်ရာရခြင်းဖြစ်ပြီး ခွဲစိတ်မှုနဲ့အတူ ထိခိုက်သွားတဲ့ အရွတ်ကို ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဂိုးမက်စ်ရဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေအတွက် အစီအစဉ်တွေကို ပြန်လည် စတင်ထားစေပြီဖြစ်တယ်။

ဂိုးမက်စ်ဟာ အင်္ဂလန်လက်ရွေးစင် အသင်းကနေ နုတ်ထွက်ထားခဲ့ပြီး လအတန်ကြာ ဘောလုံးကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ လီဗာပူးပရိသတ်တွေက သူ့ကို ကံကောင်းပါစေကြောင်းနဲ့ အမြန် ကျန်းမာလာဖို့ မျှော်လင့်ကြောင်း ဆုတောင်းတွေ ပေးပို့ခဲ့ကြပြီး ဂိုးမက်စ်ကလည်း တုန့်ပြန်မှု ပြုလုပ်သွားပါတယ်။

အသက် ၂၃ နှစ်အရွယ် ခံစစ်သမားက “ ပြန်လည် ထူထောင်ရေး ကိစ္စတွေက စတင်ထားပါပြီ။ ဒိမတိုင်ခင်ကလည်း ဒဏ်ရာရဖူးတာကြောင့် ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ ကျနော် ပိုကောင်းစွာ၊ ပိုသန်မာစွာ ပြန်လာပါမယ်။ ဒဏ်ရာကို စိတ်ပျက်ရပေမယ့် ဒါက ဘုရားသခင်ရဲ့ အစီအစဉ်တွေထဲက တစ်ခုပါပဲ။ ကိစ္စတွေ ဖြစ်လာရခြင်းမှာ အကြောင်းရင်းရှိတယ်ဆိုတာကို ကျနော် ယုံကြည်ပါတယ်။

ပြန်သက်သာစေဖို့ အားပေးမှုနဲ့ ထောက်ပံ့မှုတွေ လုပ်ပေးကြသူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်ရဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို အာရုံစိုက်နေမှာဖြစ်ပြိး အသင်းဖော်တွေကိုလည်း တတ်နိုင်တဲ့နည်းလမ်းနဲ့ အားပေးနေမှာ ဖြစ်ပါတယ်။ မကြာခင် ပြန်တွေ့ကြတာပေါ့ ” လို့ ကျေးဇူးတင်စကား ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္သမား ဂိုးမက္စ္ဟာ အဂၤလန္အသင္းနဲ႔ ပူးေပါင္းစဥ္မွာ ရခဲ့တဲ့ ဒူးဒဏ္ရာကို ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ျပီျဖစ္ပါတယ္။

ဒဏ္ရာက ျပင္းထန္ေပမယ့္လည္း ဒီရာသီမွာ ပြဲလံုးဝ မကစားႏုိင္မယ့္ အေျခအေန မဟုတ္ဘဲ ဒုတိယရာသီဝက္မွာေတာ့ ေဘာလံုးျပန္ကစားႏုိင္ဦးမယ့္ အေျခအေနျဖစ္တယ္။ ဂိုးမက္စ္ ဒဏ္ရာရအျပီးမွာ မန္ေနဂ်ာကေလာ့ပ္နဲ႔ မန္ေနဂ်ာေဆာက္ဂိတ္တို႔ နာရီအတန္ၾကာ ဖုန္းေျပာခဲ့ၾကပါေသးတယ္။

ဂိုးမက္စ္ဟာ ပြဲဆက္ သိပ္မ်ားျခင္းေၾကာင့္ ဒဏ္ရာရျခင္းျဖစ္တယ္လို႔ ေဆာက္ဂိတ္က ထုတ္ေျပာခဲ့တယ္။ ဘယ္ဘက္ဒူးမွာ ဒဏ္ရာရျခင္းျဖစ္ျပီး ခြဲစိတ္မႈနဲ႔အတူ ထိခိုက္သြားတဲ့ အရြတ္ကို ျပင္ဆင္ခဲ့ရတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္မွာေတာ့ ဂိုးမက္စ္ရဲ႕ ျပန္လည္ ထူေထာင္ေရး ကိစၥေတြအတြက္ အစီအစဥ္ေတြကို ျပန္လည္ စတင္ထားေစျပီျဖစ္တယ္။

ဂိုးမက္စ္ဟာ အဂၤလန္လက္ေရြးစင္ အသင္းကေန ႏုတ္ထြက္ထားခဲ့ျပီး လအတန္ၾကာ ေဘာလံုးကစားႏုိင္ဦးမွာ မဟုတ္ပါဘူး။ လီဗာပူးပရိသတ္ေတြက သူ႔ကို ကံေကာင္းပါေစေၾကာင္းနဲ႔ အျမန္ က်န္းမာလာဖို႔ ေမွ်ာ္လင့္ေၾကာင္း ဆုေတာင္းေတြ ေပးပို႔ခဲ့ၾကျပီး ဂိုးမက္စ္ကလည္း တုန္႔ျပန္မႈ ျပဳလုပ္သြားပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ခံစစ္သမားက “ ျပန္လည္ ထူေထာင္ေရး ကိစၥေတြက စတင္ထားပါျပီ။ ဒိမတိုင္ခင္ကလည္း ဒဏ္ရာရဖူးတာေၾကာင့္ ဘာလုပ္ရမယ္ဆိုတာကို သိပါတယ္။ က်ေနာ္ ပိုေကာင္းစြာ၊ ပိုသန္မာစြာ ျပန္လာပါမယ္။ ဒဏ္ရာကို စိတ္ပ်က္ရေပမယ့္ ဒါက ဘုရားသခင္ရဲ႕ အစီအစဥ္ေတြထဲက တစ္ခုပါပဲ။ ကိစၥေတြ ျဖစ္လာရျခင္းမွာ အေၾကာင္းရင္းရွိတယ္ဆိုတာကို က်ေနာ္ ယံုၾကည္ပါတယ္။

ျပန္သက္သာေစဖို႔ အားေပးမႈနဲ႔ ေထာက္ပံ့မႈေတြ လုပ္ေပးၾကသူတိုင္းကိုလည္း ေက်းဇူးတင္ပါတယ္။ က်ေနာ္ရဲ႕ ျပန္လည္ ထူေထာင္ေရး ကိစၥေတြကို အာရံုစိုက္ေနမွာျဖစ္ျပိး အသင္းေဖာ္ေတြကိုလည္း တတ္ႏုိင္တဲ့နည္းလမ္းနဲ႔ အားေပးေနမွာ ျဖစ္ပါတယ္။ မၾကာခင္ ျပန္ေတြ႔ၾကတာေပါ့ ” လို႔ ေက်းဇူးတင္စကား ဆိုသြားခဲ့တာျဖစ္ပါတယ္။