ဂျေမီ ကာရေဂါက လီဗာပူးကို ဒီရာသီ ပရီးမီးယားလိဂ်ဖလား ထိန်းသိမ်းနိုင်စေဖို့ ထောက်ခံအားပေးခဲ့ပေမယ့် အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ လိုမယ်လို့ အကြံပေးခဲ့ပါတယ်။

လက်ရှိချန်ပီယံတွေနဲ့ မန်စီးတီးကြား သိပ်ကိုပြင်းထန်မယ့် ဖလားပြိုင်ဆိုင်မှုမှာ သူ့အသင်းဟောင်းက အသာရနိုင်တယ်လို့ ကာရေဂါက ထင်မြင်နေပေမယ့် ဒါက လီဗာပူးအသင်း ဗဟိုခံစစ် ဟာကွက်ကို ဖြည့်ဆည်းနိုင် မနိုင် ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်လို့ ခံစစ်သမားဟောင်းကြီးက မှတ်ချက်ပေးပါသေးတယ်။

ကာရေဂါရဲ့ အဆိုအရ အဲ့ဒီ့ ဟာကွက်ဟာ မေလမှာ ဘယ်သူက ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

“ လီဗာပူးက ဇန်နဝါရီမှာ ဗဟိုနောက်ခံလူတစ်ယောက် ကောင်းကောင်းဝယ်နိုင်ရင် သူတို့အတွက် အခွင့်အရေး ပိုသာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ ခံစစ်ပိုင်းမှာ အထူးသဖြင့် ဗဟိုခံစစ်က ဒဏ်ရာပြဿနာတွေ များနေတယ်၊ ဒါကို ဇန်နဝါရီမှာ အားဖြည့်နိုင်ရင် လီဗာပူးက ဖလားအောင်မြင်ဖို့ ရေပန်းစားသွားပါလိမ့်မယ်။

ဒါပေမယ့် အခုတော့ သူတို့နဲ့ မန်စီးတီးကြား ၅၀-၅၀ ပါပဲ၊ ဘာကြောင့်လဲဆိုတော့ လီဗာပူးက ဗန်ဒိုက်မရှိတဲ့အပြင် ဒဏ်ရာတွေ ပိုတိုးနေတာပါ”လို့ ကာရေဂါကဆိုပါတယ်။

အဓိက နောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့လက အဲဗာတန်နဲ့ပွဲမှာ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကြောင့် ထိခိုက်ခဲ့တဲ့နောက် ACL ဒဏ်ရာရခဲ့တာဖြစ်ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပေမယ့် လီဗာပူးရဲ့ လက်ကျန်ရာသီကို လွဲချော်ရမှာပါ။ ထပ်မံပြီးတော့ ဂိုးမက်က ဒူးဒဏ်ရာရခဲ့ပြီးတော့ ရာသီနှောင်းပိုင်းလောက်မှ ပြန်လာနိုင်မယ့် အလားအလာရှိနေပါတယ်။

လီဗာပူးရဲ့ ခံစစ်အတွက် နောက်ထပ် စိတ်ပျက်စရာကတော့ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အလက်ဇန်းဒါး အာနိုး ခြေသလုံးကြွက်သား ဒဏ်ရာရခဲ့တာဖြစ်ပြီး သူကတော့ လေးပတ်လောက် ကစားနိုင်မှာမဟုတ်ပါဘူး။

ဒီနှစ် လိဂ်မှာ လီဗာပူးနဲ့ မန်စီးတီးဟာ အတောင့်တင်းဆုံး အသင်း၂သင်းအဖြစ် သက်သေပြဖို့ ကာရေဂါက မျှော်လင့်နေပေမယ့် ကျန်တဲ့အသင်းတွေနဲ့ ကွာဟချက်ကလည်း သိပ်များမနေတော့ဘူးလို့ ကာရေဂါက ပြောပါတယ်။

“ လီဗာပူး၊ မန်စီးတီးနဲ့ ကျန်တဲ့အသင်းတွေကြား ကွာဟချက်က ဟိုယခင်နှစ်တွေကလောက် အများကြီး ဖြစ်တော့မယ် မထင်ဘူး။ ဒါက လိဂ်အတွက် ကောင်းပါတယ်၊ လူတော်တော်များများ သဘောကျနိုင်ပါတယ်၊ ဒါက ကျွန်တော်ဖြစ်စေချင်တဲ့ ပရီးမီးယားလိဂ် ပုံစံပါပဲ။

ထိပ်သီး ၆သင်းနဲ့ ကျန်တဲ့အသင်းတွေက အရင်လို သပ်သပ်ကွဲမနေပဲ ဟိုရောက် ဒီရောက်နဲ့ ဇယားထဲမှာ ရောထွေးနေတယ်၊ အဆင့်တိုင်းအတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုရှိနေတယ်၊ ဒါက တကယ်ကြည့်လို့ကောင်းတဲ့ အနေအထားပါပဲ” လို့ ကာရေဂါက ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

ေဂ်မီ ကာေရဂါက လီဗာပူးကို ဒီရာသီ ပရီးမီးယားလိဂ္ဖလား ထိန္းသိမ္းႏိုင္ေစဖို႔ ေထာက္ခံအားေပးခဲ့ေပမယ့္ အသင္းက ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဗဟိုေနာက္ခံလူ တစ္ေယာက္ ေခၚယူဖို႔ လိုမယ္လို႔ အႀကံေပးခဲ့ပါတယ္။

လက္ရွိခ်န္ပီယံေတြနဲ႔ မန္စီးတီးၾကား သိပ္ကိုျပင္းထန္မယ့္ ဖလားၿပိဳင္ဆိုင္မႈမွာ သူ႔အသင္းေဟာင္းက အသာရႏိုင္တယ္လို႔ ကာေရဂါက ထင္ျမင္ေနေပမယ့္ ဒါက လီဗာပူးအသင္း ဗဟိုခံစစ္ ဟာကြက္ကို ျဖည့္ဆည္းႏိုင္ မႏိုင္ ဆိုတဲ့အေပၚမွာလည္း မူတည္တယ္လို႔ ခံစစ္သမားေဟာင္းၾကီးက မွတ္ခ်က္ေပးပါေသးတယ္။

ကာေရဂါရဲ႕ အဆိုအရ အဲ့ဒီ့ ဟာကြက္ဟာ ေမလမွာ ဘယ္သူက ပရီးမီးယားလိဂ္ဖလား ကိုင္ေျမႇာက္ႏိုင္မလဲဆိုတာကို အဆုံးအျဖတ္ေပးမွာျဖစ္ပါတယ္။

“ လီဗာပူးက ဇန္နဝါရီမွာ ဗဟိုေနာက္ခံလူတစ္ေယာက္ ေကာင္းေကာင္းဝယ္ႏိုင္ရင္ သူတို႔အတြက္ အခြင့္အေရး ပိုသာလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္၊ ခံစစ္ပိုင္းမွာ အထူးသျဖင့္ ဗဟိုခံစစ္က ဒဏ္ရာျပႆနာေတြ မ်ားေနတယ္၊ ဒါကို ဇန္နဝါရီမွာ အားျဖည့္ႏိုင္ရင္ လီဗာပူးက ဖလားေအာင္ျမင္ဖို႔ ေရပန္းစားသြားပါလိမ့္မယ္။

ဒါေပမယ့္ အခုေတာ့ သူတို႔နဲ႔ မန္စီးတီးၾကား ၅၀-၅၀ ပါပဲ၊ ဘာေၾကာင့္လဲဆိုေတာ့ လီဗာပူးက ဗန္ဒိုက္မရွိတဲ့အျပင္ ဒဏ္ရာေတြ ပိုတိုးေနတာပါ”လို႔ ကာေရဂါကဆိုပါတယ္။

အဓိက ေနာက္ခံလူ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့လက အဲဗာတန္နဲ႔ပြဲမွာ ဂိုးသမား ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ေၾကာင့္ ထိခိုက္ခဲ့တဲ့ေနာက္ ACL ဒဏ္ရာရခဲ့တာျဖစ္ၿပီး ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ေပမယ့္ လီဗာပူးရဲ႕ လက္က်န္ရာသီကို လြဲေခ်ာ္ရမွာပါ။ ထပ္မံၿပီးေတာ့ ဂိုးမက္က ဒူးဒဏ္ရာရခဲ့ၿပီးေတာ့ ရာသီေႏွာင္းပိုင္းေလာက္မွ ျပန္လာႏိုင္မယ့္ အလားအလာရွိေနပါတယ္။

လီဗာပူးရဲ႕ ခံစစ္အတြက္ ေနာက္ထပ္ စိတ္ပ်က္စရာကေတာ့ ၿပီးခဲ့တဲ့အပတ္က မန္စီးတီးနဲ႔ ၁ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ အလက္ဇန္းဒါး အာႏိုး ေျခသလုံးႂကြက္သား ဒဏ္ရာရခဲ့တာျဖစ္ၿပီး သူကေတာ့ ေလးပတ္ေလာက္ ကစားႏိုင္မွာမဟုတ္ပါဘူး။

ဒီႏွစ္ လိဂ္မွာ လီဗာပူးနဲ႔ မန္စီးတီးဟာ အေတာင့္တင္းဆုံး အသင္း၂သင္းအျဖစ္ သက္ေသျပဖို႔ ကာေရဂါက ေမွ်ာ္လင့္ေနေပမယ့္ က်န္တဲ့အသင္းေတြနဲ႔ ကြာဟခ်က္ကလည္း သိပ္မ်ားမေနေတာ့ဘူးလိုုုုုုုု႔ ကာေရဂါက ေျပာပါတယ္။

“ လီဗာပူး၊ မန္စီးတီးနဲ႔ က်န္တဲ့အသင္းေတြၾကား ကြာဟခ်က္က ဟိုယခင္ႏွစ္ေတြကေလာက္ အမ်ားႀကီး ျဖစ္ေတာ့မယ္ မထင္ဘူး။ ဒါက လိဂ္အတြက္ ေကာင္းပါတယ္၊ လူေတာ္ေတာ္မ်ားမ်ား သေဘာက်ႏိုင္ပါတယ္၊ ဒါက ကြၽန္ေတာ္ျဖစ္ေစခ်င္တဲ့ ပရီးမီးယားလိဂ္ ပုံစံပါပဲ။

ထိပ္သီး ၆သင္းနဲ႔ က်န္တဲ့အသင္းေတြက အရင္လို သပ္သပ္ကြဲမေနပဲ ဟိုေရာက္ ဒီေရာက္နဲ႔ ဇယားထဲမွာ ေရာေထြးေနတယ္၊ အဆင့္တိုင္းအတြက္ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈရွိေနတယ္၊ ဒါက တကယ္ၾကည့္လို႔ေကာင္းတဲ့ အေနအထားပါပဲ” လို႔ ကာေရဂါက ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။