လီဗာပူးခံစစ်သမား ဗန်ဒိုက်ဟာ အသင်းရဲ့ အမြင့်ဘော ကာကွယ်သူတစ်ဦး ဖြစ်သလို တည်ကန်ဘောတွေကနေ ဂိုးရယူပေးနိုင်စွမ်း မြင့်မားသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးကစားသမားဘဝ ပွဲပေါင်း ၁၃၀ ကစားထားချိန်မှာ သွင်းဂိုး ၁၃ ဂိုး ရယူထားသလို ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ထားနိုင်တယ်။ အများစုက သူ့ရဲ့ မြင့်မားတဲ့ အရပ်အမောင်းကို အားပြုပြီး သွင်းယူပေးတဲ့ ပြင်းထန်တဲ့ ခေါင်းတိုက် သွင်းဂိုးတွေ ဖြစ်ပါတယ်။ သူမရှိတဲ့နောက် လီဗာပူးရဲ့ ခေါင်းတိုက်သွင်းဂိုးတွေက အားနည်းလာခဲ့တယ်။

ဒါပေမယ့်လို့ လီဗာပူးအသင်းမှာ ဗန်ဒိုက်လို ခေါင်းတိုက်ဂိုးတွေ သွင်းယူနိုင်တဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ သူကတော့ အရပ် ၆ ပေ ၅ လက်မထိ မြင့်မားတဲ့ ရိုင်းစ် ဝီလီယမ်ဖြစ်ပါတယ်။ သူဟာ လူငယ်အသင်းပွဲတွေမှာတော့ သွင်းဂိုး ၈ ဂိုးထိ သွင်းထားသလို ဂိုးထောက်ပံ့မှု ၅ ကြိမ်ထိ လုပ်ထားနိုင်သူဖြစ်တယ်။

သူနဲ့ ပက်သက်ပြီး ယူ-၂၃ နည်းပြ ဘယ်ရီ လွီတက်စ်က ပြောရာမှာ ရိုင်းစ်ဟာ ခေါင်းတိုက်ကောင်တဲ့ ခံစစ်သမားဖြစ်ကာ သူ့ရဲ့ အမြင့်ဘော အားသန်မှုကို ပိုမို ထူးချွန်လာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေသူလို့ ဆိုပါတယ်။

လွီတက်ကပဲ ” အမြင့်ဘောတွေက ရိုင်းစ်ရဲ့ အားသာမှုပါ။ သူနဲ့အတူ တွဲလုပ်လာတဲ့ ဒီနှစ်တွေမှာ သူ့ရဲ့ ခေါင်းတိုက်မှု၊ အမြင့်ခုန်နိုင်မှုနဲ့ အဆုံးသတ်မှုတွေကို အများကြီး ကြိုးစားထားပါတယ်။ ဒါက ခံစစ်သမားတစ်ဦးအဖြစ် တကယ်ကို လက်နက်ကောင်းဖြစ်ပြီး ဂိုးတွေကို ရယူပေးနိုင်စေပါတယ် ” လို့ ဆိုထားတာဖြစ်တယ်။

လီဗာပူးခံစစ်မှာတော့ မာတစ်၊ ဖာဘင်ညိုတို့ နှစ်ဦးပဲ ရှိတာဖြစ်လို့ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ဟာ ပွဲထွက်ခွင့်တွေ ပိုရလာဦးမှာပါ။ မန်နေဂျာကလော့ပ်က ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်နဲ့ မီလ်နာတို့ကို ခံစစ်သမားတွေနေရာမှာ ထုတ်သုံးနိုင်တယ်လို့ ပြောထားပေမယ့် ရုပ်ပိုင်းဆိုင်ရာ အားပြုတဲ့ အင်္ဂလန်လိဂ်မှာတော့ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ကို နေရာပေးမှုတွေ ထပ်ရှိလာမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္သမား ဗန္ဒိုက္ဟာ အသင္းရဲ႕ အျမင့္ေဘာ ကာကြယ္သူတစ္ဦး ျဖစ္သလို တည္ကန္ေဘာေတြကေန ဂိုးရယူေပးႏုိင္စြမ္း ျမင့္မားသူတစ္ဦးလည္း ျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ လီဗာပူးကစားသမားဘဝ ပြဲေပါင္း ၁၃၀ ကစားထားခ်ိန္မွာ သြင္းဂိုး ၁၃ ဂိုး ရယူထားသလို ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ လုပ္ထားႏုိင္တယ္။ အမ်ားစုက သူ႔ရဲ႕ ျမင့္မားတဲ့ အရပ္အေမာင္းကို အားျပဳျပီး သြင္းယူေပးတဲ့ ျပင္းထန္တဲ့ ေခါင္းတိုက္ သြင္းဂိုးေတြ ျဖစ္ပါတယ္။ သူမရွိတဲ့ေနာက္ လီဗာပူးရဲ႕ ေခါင္းတိုက္သြင္းဂိုးေတြက အားနည္းလာခဲ့တယ္။

ဒါေပမယ့္လို႔ လီဗာပူးအသင္းမွာ ဗန္ဒိုက္လို ေခါင္းတိုက္ဂိုးေတြ သြင္းယူႏုိင္တဲ့ ကစားသမားတစ္ဦး ရွိပါတယ္။ သူကေတာ့ အရပ္ ၆ ေပ ၅ လက္မထိ ျမင့္မားတဲ့ ရိုင္းစ္ ဝီလီယမ္ျဖစ္ပါတယ္။ သူဟာ လူငယ္အသင္းပြဲေတြမွာေတာ့ သြင္းဂိုး ၈ ဂိုးထိ သြင္းထားသလို ဂိုးေထာက္ပံ့မႈ ၅ ၾကိမ္ထိ လုပ္ထားႏုိင္သူျဖစ္တယ္။

သူနဲ႔ ပက္သက္ျပီး ယူ-၂၃ နည္းျပ ဘယ္ရီ လီြတက္စ္က ေျပာရာမွာ ရိုင္းစ္ဟာ ေခါင္းတိုက္ေကာင္တဲ့ ခံစစ္သမားျဖစ္ကာ သူ႔ရဲ႕ အျမင့္ေဘာ အားသန္မႈကို ပိုမို ထူးခၽြန္လာဖို႔ ျပင္းျပင္းထန္ထန္ ၾကိဳးစားေနသူလို႔ ဆိုပါတယ္။

လီြတက္ကပဲ ” အျမင့္ေဘာေတြက ရိုင္းစ္ရဲ႕ အားသာမႈပါ။ သူနဲ႔အတူ တြဲလုပ္လာတဲ့ ဒီႏွစ္ေတြမွာ သူ႔ရဲ႕ ေခါင္းတိုက္မႈ၊ အျမင့္ခုန္ႏိုင္မႈနဲ႔ အဆံုးသတ္မႈေတြကို အမ်ားၾကီး ၾကိဳးစားထားပါတယ္။ ဒါက ခံစစ္သမားတစ္ဦးအျဖစ္ တကယ္ကို လက္နက္ေကာင္းျဖစ္ျပီး ဂိုးေတြကို ရယူေပးႏုိင္ေစပါတယ္ ” လို႔ ဆိုထားတာျဖစ္တယ္။

လီဗာပူးခံစစ္မွာေတာ့ မာတစ္၊ ဖာဘင္ညိဳတို႔ ႏွစ္ဦးပဲ ရွိတာျဖစ္လို႔ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ဟာ ပြဲထြက္ခြင့္ေတြ ပိုရလာဦးမွာပါ။ မန္ေနဂ်ာကေလာ့ပ္က ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္၊ ေရာ္ဘတ္ဆန္နဲ႔ မီလ္နာတို႔ကို ခံစစ္သမားေတြေနရာမွာ ထုတ္သံုးႏုိင္တယ္လို႔ ေျပာထားေပမယ့္ ရုပ္ပိုင္းဆုိင္ရာ အားျပဳတဲ့ အဂၤလန္လိဂ္မွာေတာ့ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ကို ေနရာေပးမႈေတြ ထပ္ရွိလာမွာ ျဖစ္ပါတယ္။