ဖာဘင်ညို၊ သီယာဂိုတို့ လာမယ့်အပတ်မှာ ပြန်ကောင်းနိုင်ဖို့ အသင်းဘက်က မျှော်လင့်ထားကြတာဖြစ်ပြီး ဖာဘင်ညိုက အက်ဆာမှာ ပြန်လည်ပူးပေါင်းမှု လုပ်ထားပေမယ့် သီယာဂို သတင်းတွေကတော့ ပျောက်ကွယ်နေဆဲပါ။

ရိုင်းစ် ဝီလီယမ်ဟာ လူငယ်အသင်းပွဲတွေမှာ သွင်းဂိုး ၈ ဂိုးထိ သွင်းထားသလို ဂိုးထောက်ပံ့မှု ၅ ကြိမ်ထိ လုပ်ထားနိုင်သူဖြစ်လို့ ဗန်ဒိုက်ရဲ့ တညန်ကန်ဘော သွင်းဂိုး ရယူပေးမှုတွေကို အစားထိုး လုပ်ပေးနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ခံလာရပါတယ်။

ဂျေမီ ကာရေဂါက လီဗာပူးကို ဒီရာသီ ပရီးမီးယားလိဂ်ဖလား ထိန်းသိမ်းနိုင်စေဖို့ ထောက်ခံအားပေးခဲ့ပေမယ့် အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ လိုမယ်လို့ အကြံပေးခဲ့ပါတယ်။

ဘရာဇီးနဲ့ ဗင်နီဇွဲလားတို့ရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာတော့ ဖာမင်နိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးက ဘရာဇီးအသင်းကို နိုင်ပွဲဆက်စေခဲ့ပါတယ်။ ဖာမင်နိုက မိနစ် ၉၀ အပြည့် ကစားခဲ့ပေမယ့် အယ်လီဆန်က အရန်ခုံမှာပဲ ရှိနေခဲ့ပါတယ်။

လီဗာပူးခံစစ်သမား ဂိုးမက်စ်က အင်္ဂလန်အသင်းနဲ့ ပူးပေါင်းစဉ်မှာ ရခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှု အောင်မြင်ခဲ့ပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးကိစ္စတွေ လုပ်နေကြောင်းနဲ့ အကြံ့ခိုင်ဆုံး ပုံစံဖြင့် ပြန်လာပါမယ်လို့ ကတိပေးစကား ပြောဆိုပါတယ်။

ဆာလက်က အီဂျစ်မှာ ၂ ပတ်ခန့် အနည်းဆုံးနေရမယ်လို့ သိရပြီး သူဟာ လက်စတာနဲ့ပွဲတင် မကဘဲ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။ ဆာလက် လီဗာပူးနဲ့ အစောဆုံး ပြန်ပူးပေါင်းနိုင်မယ့်ပွဲက ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ဖြစ်ပါတယ်။

လီဗာပူးခံစစ်သမားဟောင်းနဲ့ စလိုဗက်ကီးယား ခံစစ်သမား စကာတယ်က လီဗာပူး အပါအဝင် အင်္ဂလန်ကလပ်တွေနဲ့ သတင်းထွက်နေတဲ့ လက်ရွေးစင် အသင်းဖော် စကရီနီရာကို အနာဂတ်အတွက် အလောတကြီး မဆုံးဖြတ်ဖို့ သတိပေးလိုက်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းရဲ့ ပွဲတွေမှာတော့ လူငယ်လေး ဂျုံးနဲ့ ရိုင်းစ်တို့ ပါဝင်ခဲ့ကြတာဖြစ်ပြီး ဂျုံးက အဖွင့် ၂၇ မိနစ်မှာတင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်တယ်။ ဂျုံးက ပွဲချိန် ၇၂ မိနစ်ထိ ကစားခွင့်ရခဲ့ပြီး ဝီလီယမ်က တစ်ပွဲလုံး ပါဝင်ကစားခဲ့တယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂျုံးက ရရှိခဲ့ပါတယ်။

ဂျပန်အသင်းက ပနားမားအသင်းကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာတော့ တိုက်စစ်သမား မီနာမီနိုက ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူကလည်း ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲခဲ့ကာ လာမယ့် မက်ဆီကို ပွဲအတွက် အနားပေးခံခဲ့ရတယ်။

ZAwGYI

ဖာဘင္ညိဳ၊ သီယာဂိုတို႔ လာမယ့္အပတ္မွာ ျပန္ေကာင္းႏုိင္ဖို႔ အသင္းဘက္က ေမွ်ာ္လင့္ထားၾကတာျဖစ္ျပီး ဖာဘင္ညိဳက အက္ဆာမွာ ျပန္လည္ပူးေပါင္းမႈ လုပ္ထားေပမယ့္ သီယာဂို သတင္းေတြကေတာ့ ေပ်ာက္ကြယ္ေနဆဲပါ။

ရိုင္းစ္ ဝီလီယမ္ဟာ လူငယ္အသင္းပြဲေတြမွာ သြင္းဂိုး ၈ ဂိုးထိ သြင္းထားသလို ဂိုးေထာက္ပံ့မႈ ၅ ၾကိမ္ထိ လုပ္ထားႏုိင္သူျဖစ္လို႔ ဗန္ဒိုက္ရဲ႕ တညန္ကန္ေဘာ သြင္းဂိုး ရယူေပးမႈေတြကို အစားထိုး လုပ္ေပးနုိင္ဖြယ္ရွိတယ္လို႔ ေမွ်ာ္လင့္ခံလာရပါတယ္။

ေဂ်မီ ကာေရဂါက လီဗာပူးကို ဒီရာသီ ပရီးမီးယားလိဂ္ဖလား ထိန္းသိမ္းႏိုင္ေစဖို႔ ေထာက္ခံအားေပးခဲ့ေပမယ့္ အသင္းက ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဗဟိုေနာက္ခံလူ တစ္ေယာက္ ေခၚယူဖို႔ လိုမယ္လို႔ အႀကံေပးခဲ့ပါတယ္။

ဘရာဇီးနဲ႔ ဗင္နီဇြဲလားတို႔ရဲ႕ ကမၻာဖလား ေျခစစ္ပြဲမွာေတာ့ ဖာမင္ႏိုရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးက ဘရာဇီးအသင္းကို ႏုိင္ပြဲဆက္ေစခဲ့ပါတယ္။ ဖာမင္ႏိုက မိနစ္ ၉၀ အျပည့္ ကစားခဲ့ေပမယ့္ အယ္လီဆန္က အရန္ခံုမွာပဲ ရွိေနခဲ့ပါတယ္။

လီဗာပူးခံစစ္သမား ဂိုးမက္စ္က အဂၤလန္အသင္းနဲ႔ ပူးေပါင္းစဥ္မွာ ရခဲ့တဲ့ ဒူးဒဏ္ရာကို ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ျပီျဖစ္ျပီး ျပန္လည္ ထူေထာင္ေရးကိစၥေတြ လုပ္ေနေၾကာင္းနဲ႔ အၾကံ႕ခိုင္ဆံုး ပံုစံျဖင့္ ျပန္လာပါမယ္လို႔ ကတိေပးစကား ေျပာဆိုပါတယ္။

ဆာလက္က အီဂ်စ္မွာ ၂ ပတ္ခန္႔ အနည္းဆံုးေနရမယ္လို႔ သိရျပီး သူဟာ လက္စတာနဲ႔ပြဲတင္ မကဘဲ အတၱလန္တာနဲ႔ ခ်န္ပီယံလိဂ္ပြဲကိုပါ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ဆာလက္ လီဗာပူးနဲ႔ အေစာဆံုး ျပန္ပူးေပါင္းႏုိင္မယ့္ပြဲက ဘရိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲ ျဖစ္ပါတယ္။

လီဗာပူးခံစစ္သမားေဟာင္းနဲ႔ စလိုဗက္ကီးယား ခံစစ္သမား စကာတယ္က လီဗာပူး အပါအဝင္ အဂၤလန္ကလပ္ေတြနဲ႔ သတင္းထြက္ေနတဲ့ လက္ေရြးစင္ အသင္းေဖာ္ စကရီနီရာကို အနာဂတ္အတြက္ အေလာတၾကီး မဆံုးျဖတ္ဖို႔ သတိေပးလိုက္ပါတယ္။

အဂၤလန္ ယူ-၂၁ အသင္းရဲ႕ ပြဲေတြမွာေတာ့ လူငယ္ေလး ဂ်ံဳးနဲ႔ ရိုင္းစ္တို႔ ပါဝင္ခဲ့ၾကတာျဖစ္ျပီး ဂ်ံဳးက အဖြင့္ ၂၇ မိနစ္မွာတင္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္တယ္။ ဂ်ံဳးက ပြဲခ်ိန္ ၇၂ မိနစ္ထိ ကစားခြင့္ရခဲ့ျပီး ဝီလီယမ္က တစ္ပြဲလံုး ပါဝင္ကစားခဲ့တယ္။ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ဂ်ံဳးက ရရွိခဲ့ပါတယ္။

ဂ်ပန္အသင္းက ပနားမားအသင္းကို ၁-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာေတာ့ တိုက္စစ္သမား မီနာမီႏိုက ပင္နယ္တီကေန ဂိုးသြင္းယူေပးခဲ့ပါတယ္။ သူကလည္း ပြဲခ်ိန္ ၇၂ မိနစ္မွာ လူစားလဲခဲ့ကာ လာမယ့္ မက္ဆီကို ပြဲအတြက္ အနားေပးခံခဲ့ရတယ္။