လီဗာပူး ညာအစွန်လူ ထရန့်က ကလပ်ရဲ့ အကြံ့ခိုင်ဆုံး ကစားသမားတွေနဲ့ ပက်သက်ပြီး အမှတ်တရ ပြောဆိုမှုတစ်ခု ပြုလုပ်သွားပါတယ်။

လီဗာပူးကစားသမား အများအပြားဟာ ဖိအားပေး ကစားဟန်ကို အံဝင်ဖို့ရာ ကြံ့ခိုင်စွာ ကစားနိုင်ကြသူတွေဖြစ်တယ်။ ထရန့်ကတော့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ ရော်ဘတ်ဆန်နဲ့ မီလ်နာတို့ဟာ အသင်းရဲ့ အကြံ့ခိုင်ဆုံး ကစားသမားတွေအဖြစ် ဖွင့်ဟမှု လုပ်ခဲ့တယ်။

ရာသီကြိုမှာ လီဗာပူးအသင်းဟာ သွေးထဲမှာ လက်တစ်အက်ဆစ် ဘယ်လောက်ရှိသလဲနဲ့တကွ ပြေးနှုန်းတွေ၊ ကွင်းပတ်ပြေးနိုင်မှုတွေ စသဖြင့် စီးရီးတွဲလိုက် လေ့ကျင့်ရေးတွေကို အကောင်းဆုံး လုပ်ရသူဖြစ်တယ်။ အဲ့လို ကိစ္စတိုင်းမှာ လီဗာပူးရဲ့ ပြီးပြည့်စုံတဲ့ ကစားသမားဟာ မီလ်နာပါလို့ ထရန့်က ပြောပါတယ်။

ဒါ့အပြင် ထရန့်က ဆက်ပြောရာမှာ နွေရာသီကြို တစ်ခုမှာဆိုရင် ကွင်းလယ်လူ မီလ်နာနဲ့ လူငယ်ကွင်းလယ်လူ ကီဗင် စတီးဝပ်တို့ ယှဉ်ပြေးမှု လုပ်ရာမှာ စတီးဝပ်က အရေးနိမ့်ခဲ့တယ်လို့ ဖြစ်ပါတယ်။

ထရန့်က “ ကျနေ်ာတို့က သိပ်ကို ကြံ့ခိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဟန်ဒို၊ ဂီနီ၊ ရိုဘိုလို ကြံ့ခိုင်မှု သိပ်ကောင်းတဲ့ အင်ဂျင်တွေလည်း ရှိပါတယ်။ ဒါပေမယ့်လို့ မီလ်နာလောက် ကြံ့ခိုင်တဲ့သူမျိုးကို တစ်ခါမှ မမြင်ဖူးသေးပါဘူး။

အရင် နှစ်အနည်းငယ် ရာသီကြို အပြေးပြိုင်ပွဲတစ်ခုမှာ မီလ်နာကို အရေးနိမ့်ခဲ့တာကြောင့် ကီဗစ် စတီးဝပ်က ပိုက်ဆံပေးခဲ့ရတာကို မှတ်မိပါသေးတယ်။ မီလ်နာဟာ သူ့အသက်အရွယ်နဲ့ သူရဲ့ ကာလရှည် ကစားလာမှုတွေကို အသုံးချပြီး ကမ္ဘာပေါ်မှာ အကြံ့ခိုင်ဆုံး အသင်းတစ်သင်းမှာ အကြံ့ခိုင်ဆုံး ကစားသမား ဖြစ်နေဆဲပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မီလ်နာဟာ အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် ကြံ့ခိုင်မှု ကောင်းနေဆဲဖြစ်ပြီး သူဟာ နိုင်ငံတကာ သီတင်းပတ်အလွန်မှာ ထရန့်ရဲ့ ညာအစွန်ကို အင်အားဖြည့် ကစားနိုင်ဖွယ်ရှိသူတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ညာအစြန္လူ ထရန္႔က ကလပ္ရဲ႕ အၾကံ႕ခိုင္ဆံုး ကစားသမားေတြနဲ႔ ပက္သက္ျပီး အမွတ္တရ ေျပာဆိုမႈတစ္ခု ျပဳလုပ္သြားပါတယ္။

လီဗာပူးကစားသမား အမ်ားအျပားဟာ ဖိအားေပး ကစားဟန္ကို အံဝင္ဖို႔ရာ ၾကံ႕ခိုင္စြာ ကစားႏုိင္ၾကသူေတြျဖစ္တယ္။ ထရန္႔ကေတာ့ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္၊ ေရာ္ဘတ္ဆန္နဲ႔ မီလ္နာတို႔ဟာ အသင္းရဲ႕ အၾကံ႕ခိုင္ဆံုး ကစားသမားေတြအျဖစ္ ဖြင့္ဟမႈ လုပ္ခဲ့တယ္။

ရာသီၾကိဳမွာ လီဗာပူးအသင္းဟာ ေသြးထဲမွာ လက္တစ္အက္ဆစ္ ဘယ္ေလာက္ရွိသလဲနဲ႔တကြ ေျပးႏႈန္းေတြ၊ ကြင္းပတ္ေျပးႏုိင္မႈေတြ စသျဖင့္ စီးရီးတြဲလိုက္ ေလ့က်င့္ေရးေတြကို အေကာင္းဆံုး လုပ္ရသူျဖစ္တယ္။ အဲ့လို ကိစၥတိုင္းမွာ လီဗာပူးရဲ႕ ျပီးျပည့္စံုတဲ့ ကစားသမားဟာ မီလ္နာပါလို႔ ထရန္႔က ေျပာပါတယ္။

ဒါ့အျပင္ ထရန္႔က ဆက္ေျပာရာမွာ ေႏြရာသီၾကိဳ တစ္ခုမွာဆိုရင္ ကြင္းလယ္လူ မီလ္နာနဲ႔ လူငယ္ကြင္းလယ္လူ ကီဗင္ စတီးဝပ္တို႔ ယွဥ္ေျပးမႈ လုပ္ရာမွာ စတီးဝပ္က အေရးနိမ့္ခဲ့တယ္လို႔ ျဖစ္ပါတယ္။

ထရန္႔က “ က်ေန္ာတို႔က သိပ္ကို ၾကံ႕ခိုင္တဲ့ အသင္းျဖစ္ပါတယ္။ ဟန္ဒို၊ ဂီနီ၊ ရိုဘိုလို ၾကံ႕ခိုင္မႈ သိပ္ေကာင္းတဲ့ အင္ဂ်င္ေတြလည္း ရွိပါတယ္။ ဒါေပမယ့္လို႔ မီလ္နာေလာက္ ၾကံ႕ခိုင္တဲ့သူမ်ိဳးကို တစ္ခါမွ မျမင္ဖူးေသးပါဘူး။

အရင္ ႏွစ္အနည္းငယ္ ရာသီၾကိဳ အေျပးျပိဳင္ပြဲတစ္ခုမွာ မီလ္နာကို အေရးနိမ့္ခဲ့တာေၾကာင့္ ကီဗစ္ စတီးဝပ္က ပိုက္ဆံေပးခဲ့ရတာကို မွတ္မိပါေသးတယ္။ မီလ္နာဟာ သူ႔အသက္အရြယ္နဲ႔ သူရဲ႕ ကာလရွည္ ကစားလာမႈေတြကို အသံုးခ်ျပီး ကမၻာေပၚမွာ အၾကံ႕ခိုင္ဆံုး အသင္းတစ္သင္းမွာ အၾကံ႕ခိုင္ဆံုး ကစားသမား ျဖစ္ေနဆဲပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မီလ္နာဟာ အသက္ ၃၄ ႏွစ္အရြယ္ ရွိေနျပီျဖစ္ေပမယ့္ ၾကံ႕ခိုင္မႈ ေကာင္းေနဆဲျဖစ္ျပီး သူဟာ ႏုိင္ငံတကာ သီတင္းပတ္အလြန္မွာ ထရန္႔ရဲ႕ ညာအစြန္ကို အင္အားျဖည့္ ကစားႏုိင္ဖြယ္ရွိသူေတြထဲက တစ္ဦးပဲ ျဖစ္ပါတယ္။